ကမ္ဘာတလွှား အင်တာနက်အသုံးပြုသူများအကြား Tetris Challenge ရေပန်းစားနေ

ကမ္ဘာတလွှား အင်တာနက်အသုံးပြုသူများအကြား Tetris Challenge ရေပန်းစားနေ
အောက်တိုဘာ 14, 2019
By Tachileik News Agency
ကမ္ဘာတလွှား အင်တာနက်အသုံးပြုသူများအကြား Tetris Challenge ရေပန်းစားနေ

ကမ္ဘာတလွှား အင်တာနက်အသုံးပြုသူများအကြား ရေပန်းစားနေသည့် Tetris Challenge တွင် ထိုင်းနိုင်ငံမြောက်ပိုင်းမှ အမှတ် (၅) ရဲတပ်ဖွဲ့က ပါဝင်လုပ်ဆောင်လာရာ ထိုင်းလူထုအကြား စိတ်ဝင်တစားစွာ ပြန်လည်မျှဝေနေသူ များပြားနပြေီဖြစ်သည်။

အမှတ် (၅) ရဲတပ်ဖွဲ့မှ လှည့်ကင်းအဖွဲ့တစ်ဖွဲ့က လူသွားလမ်းပလက်ဖောင်းပေါ်တွင် လှဲလျောင်းပြီး လှည့်ကင်းရဲတပ်ဖွဲ့၏ အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဆိုင်ကယ်များ၊ လှည့်ကင်းကား၊ စစ်ဆေးရေးဂိတ် အမှတ်အသားစသည်တို့ကို ဖြန့်ခင်းပြီး ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်တွင် တင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့က ရိုက်ကူးထားသည့် ဓာတ်ပုံတွင် ပါဝင်သည့်ပစ္စည်းများမှာ လှည့်ကင်းရဲတပ်ဖွဲ့၏ကားတွင် ပါဝင်လေ့ရှိသည့် ပစ္စည်းများဖြစ်သည်ဟု သိရသည်။

အဆိုပါ ဓာတ်ပုံကို ရဲတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာတွင် တင်ပြီးနောက် လူအများက စိတ်ဝင်တစားဖြစ်ခဲ့ကြပြီး ထပ်ဖြည့်ရန်ကျန်သည့်ပစ္စည်းများကို အကြံပြုထားသည်များကိုလည်း တွေ့ရသည်။

Tachileik News Agency
Photo: #TetrisChallenge ( twitter )




~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ကမၻာတလႊား အင္တာနက္အသံုးျပဳသူမ်ားအၾကား Tetris Challenge ေရပန္းစားေန

ကမၻာတလႊား အင္တာနက္အသံုးျပဳသူမ်ားအၾကား ေရပန္းစားေနသည့္ Tetris Challenge တြင္ ထုိင္းႏုိင္ငံေျမာက္ပိုင္းမွ အမွတ္ (၅) ရဲတပ္ဖြဲ႕က ပါဝင္လုပ္ေဆာင္လာရာ ထုိင္းလူထုအၾကား စိတ္ဝင္တစားစြာ ျပန္လည္မွ်ေဝေနသူ မ်ားျပားေနၿပီျဖစ္သည္။

အမွတ္ (၅) ရဲတပ္ဖြဲ႕မွ လွည့္ကင္းအဖြဲ႕တစ္ဖြဲ႕က လူသြားလမ္းပလက္ေဖာင္းေပၚတြင္ လဲွေလ်ာင္းၿပီး လွည့္ကင္းရဲတပ္ဖြဲ႕၏ အသံုးအေဆာင္ပစၥည္းမ်ားျဖစ္သည့္ ဆုိင္ကယ္မ်ား၊ လွည့္ကင္းကား၊ စစ္ေဆးေရးဂိတ္ အမွတ္အသားစသည္တုိ႔ကို ျဖန္႔ခင္းၿပီး ဓါတ္ပံုရိုက္ကာ လူမႈကြန္ယက္တြင္ တင္ခဲ့ျခင္းျဖစ္သည္။

ထုိင္းရဲတပ္ဖြဲ႕က ရိုက္ကူးထားသည့္ ဓါတ္ပံုတြင္ ပါဝင္သည့္ပစၥည္းမ်ားမွာ လွည့္ကင္းရဲတပ္ဖြဲ႕၏ကားတြင္ ပါဝင္ေလ့ရိွသည့္ ပစၥည္းမ်ားျဖစ္သည္ဟု သိရသည္။

အဆုိပါ ဓါတ္ပံုကို ရဲတပ္ဖြဲ႕၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ တင္ၿပီးေနာက္ လူအမ်ားက စိတ္ဝင္တစားျဖစ္ခဲ့ၾကၿပီး ထပ္ျဖည့္ရန္က်န္သည့္ပစၥည္းမ်ားကို အႀကံျပဳထားသည္မ်ားကိုလည္း ေတြ႔ရသည္။

Tachileik News Agency
Photo: #TetrisChallenge ( twitter )

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net