ကျောက်မဲမြို့အဝင်လမ်းမကြီးတလျှောက်တွင် မြို့လူထုလှူဒါန်းသည့် အလှပန်းပင်များကို ဌာနဆိုင်ရာများနှင့် လူထုပူးပေါင်းစိုက်ပျိုး

ကျောက်မဲမြို့အဝင်လမ်းမကြီးတလျှောက်တွင် မြို့လူထုလှူဒါန်းသည့် အလှပန်းပင်များကို ဌာနဆိုင်ရာများနှင့် လူထုပူးပေါင်းစိုက်ပျိုး
အောက်တိုဘာ 21, 2019
By 🌸
ကျောက်မဲမြို့အဝင်လမ်းမကြီးတလျှောက်တွင် မြို့လူထုလှူဒါန်းသည့် အလှပန်းပင်များကို ဌာနဆိုင်ရာများနှင့် လူထုပူးပေါင်းစိုက်ပျိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့အဝင်မုခ်ဦးအနီး ပြည်ထောင်စုလမ်းမကြီးဘေးတွင် မြို့လူထု လှူဒါန်းသည့် အလှပန်းပင်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့၌ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏စီစဉ်မှုဖြင့် လူထုနှင့် ဌာနဆိုင်ရာပူးပေါင်းစိုက်ပျိုးကြပြီး စည်ပင်သာယာရေးဌာနက ဆက်လက်တာဝန်ယူစောင့်ရှောက်မည်ဖြစ်ကြောင်း သိရသည်။

"ပန်းပင်တွေက ကြီးလာတဲ့အခါ အရမ်းလှတယ်။ ရှမ်းမြောက်မှာဆိုရင် တန့်ယန်းမြို့အနီးမှာ အတန်းလိုက် စိုက်ထားတာရှိတယ်။ ကျောက်မဲမှာကတော့ ဒုတိယနေရာဖြစ်လာဖို့အတွက် ရည်ရွယ်စိုက်ပျိုးတာ ဖြစ်ပါတယ်။ အစီအစဉ်ကတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ အကြံဉာဏ်နဲ့ အဆင့်မြင့် သက်ကြီးစင်တာ (ကျောက်မဲ ဘိုးဘွားရိပ်သာ)က တာဝန်ရှိသူတွေရယ်၊ မြို့မိမြို့ဖ အလှူရှင်တွေရယ် စုပေါင်းပြီး စိုက်ပျိုးဖို့လုပ်တာ ဖြစ်ပါတယ်" ဟု ပန်းပင်စိုက်ပျိုးပွဲတွင်ပါဝင်သည့် ကိုသားဇော်(မေတ္တာအိုးဝေ) က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အပင်ကြီးမျိုးဖြစ်သည့် သပြေဘူတပန်းပင်များကို မြို့အဝင်မုခ်ဦးအနီးတွင် (၃၂)ပင် စိုက်ပျိုးထားပြီး ယခုသစ်ပင်စိုက်ပွဲတော်တွင် နောက်ထပ် (၅၁)ပင်ကို ထပ်မံစိုက်ပျိုးခြင်းဖြစ်သည်ဟု သိရသည်။

ပြည်ထောင်စုလမ်းမကြီးနံဘေးတွင် စိုက်ပျိုးရသည့်အတွက် လမ်းနယ်နိမိတ်နှင့် ရေနှုတ်မြောင်းတူးဖေါ်မည့် ဧရိယာများနှင့် လွတ်ကင်းစေရန် တိုင်းတာပြီးမှ စိုက်ပျိုးခြင်းဖြစ်ပြီး မြို့အဝင် ပန်းအလှပင်စိုက်ပျိုးပွဲသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ စုစုပေါင်း လူဦးရေ (၃၀၀)ခန့် တက်ရောက်ကြသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေက်ာက္မဲၿမိဳ႕အဝင္လမ္းမႀကီးတေလွ်ာက္တြင္ ၿမိဳ႕လူထုလွဴဒါန္းသည့္ အလွပန္းပင္မ်ားကို ဌာနဆုိင္ရာမ်ားႏွင့္ လူထုပူးေပါင္းစိုက္ပ်ိဳး

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕အဝင္မုခ္ဦးအနီး ျပည္ေထာင္စုလမ္းမႀကီးေဘးတြင္ ၿမိဳ႕လူထု လွဴဒါန္းသည့္ အလွပန္းပင္မ်ားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္ေန႔၌ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၏စီစဥ္မႈျဖင့္ လူထုႏွင့္ ဌာနဆုိင္ရာပူးေပါင္းစိုက္ပ်ိဳးၾကၿပီး စည္ပင္သာယာေရးဌာနက ဆက္လက္တာဝန္ယူေစာင့္ေရွာက္မည္ျဖစ္ေၾကာင္း သိရသည္။

"ပန္းပင္ေတြက ႀကီးလာတဲ့အခါ အရမ္းလွတယ္။ ရွမ္းေျမာက္မွာဆိုရင္ တန္႔ယန္းၿမိဳ႕အနီးမွာ အတန္းလိုက္ စိုက္ထားတာရွိတယ္။ ေက်ာက္မဲမွာကေတာ့ ဒုတိယေနရာျဖစ္လာဖို႔အတြက္ ရည္ရြယ္စိုက္ပ်ိဳးတာ ျဖစ္ပါတယ္။ အစီအစဥ္ကေတာ့ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရဲ့ အႀကံဥာဏ္နဲ႔ အဆင့္ျမင့္ သက္ႀကီးစင္တာ (ေက်ာက္မဲ ဘိုးဘြားရိပ္သာ)က တာဝန္ရွိသူေတြရယ္၊ ၿမိဳ႕မိၿမိဳ႕ဖ အလွဴရွင္ေတြရယ္ စုေပါင္းၿပီး စိုက္ပ်ိဳးဖို႔လုပ္တာ ျဖစ္ပါတယ္" ဟု ပန္းပင္စိုက္ပ်ိဳးပြဲတြင္ပါဝင္သည့္ ကိုသားေဇာ္(ေမတၱာအိုးေဝ) က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အပင္ႀကီးမ်ိဳးျဖစ္သည့္ သေျပဘူတပန္းပင္မ်ားကို ၿမိဳ႕အဝင္မုခ္ဦးအနီးတြင္ (၃၂)ပင္ စိုက္ပ်ိဳးထားၿပီး ယခုသစ္ပင္စိုက္ပြဲေတာ္တြင္ ေနာက္ထပ္ (၅၁)ပင္ကို ထပ္မံစိုက္ပ်ိဳးျခင္းျဖစ္သည္ဟု သိရသည္။

ျပည္ေထာင္စုလမ္းမႀကီးနံေဘးတြင္ စိုက္ပ်ိဳးရသည့္အတြက္ လမ္းနယ္နိမိတ္ႏွင့္ ေရႏႈတ္ေျမာင္းတူးေဖၚမည့္ ဧရိယာမ်ားႏွင့္ လြတ္ကင္းေစရန္ တိုင္းတာၿပီးမွ စိုက္ပ်ိဳးျခင္းျဖစ္ၿပီး ၿမိဳ႕အဝင္ ပန္းအလွပင္စိုက္ပ်ိဳးပြဲသို႔ ခရိုင္ႏွင့္ ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား စုစုေပါင္း လူဦးေရ (၃၀၀)ခန္႔ တက္ေရာက္ၾကသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net