တာချီလိတ် ကြက်ခြေနီအသင်း ကြီးကြပ်မှုကော်မတီ ရွေးချယ်ရေးအတွက် တွေ့ဆုံပွဲပြုလုပ်

တာချီလိတ် ကြက်ခြေနီအသင်း ကြီးကြပ်မှုကော်မတီ ရွေးချယ်ရေးအတွက် တွေ့ဆုံပွဲပြုလုပ်
အောက်တိုဘာ 10, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၂၀ -၂၀၂၂ အတွက် ကြီးကြပ်မှုကော်မတီရွေးချယ်ရေးအတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးကြသည်။

" ကြီးကြပ်မှုကော်မတီက လူကြီးတွေ ဥက္ကဌတွေ ဘာတွေကစ အပြောင်းအလဲဖြစ်သွားမှာပေါ့။ အဲဒီမှာ ရပ်မိရပ်ဖ (၅) ဦး၊ ဌာနဆိုင်ရာက (၅) ဦး၊ ထွေအုပ်ပါမယ်၊ ပညာရေးပါမယ်၊ ကျန်းမာရေးပါမယ်၊ မီးသတ်ပါမယ်၊ ဘေးဒုက္ခစီမံခန့်ခွဲမှု၊ လူမှုဝန်ထမ်းဦးစီးဌာနပါမယ်။ နောက်(၅) ဦးက ကြက်ခြေနီက ခရိုင်တပ်ဖွဲ့မှူး ပါမယ်၊ မြို့နယ်တပ်ဖွဲ့မှူးပါမယ်၊ ဒုခရိုင်တပ်ဖွဲ့မှူးပါမယ်၊ ဒုမြို့နယ်တပ်ဖွဲ့မှူးပါမယ်၊ လူငယ်ကိုယ်စားလှယ်ပါမယ်၊ မြို့ထဲမှာရှိတဲ့ လူမှုကူညီရေးအသင်းက (၂) ဦးပါမယ်"ဟု တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်းမှ ဦးဘမိုးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ရွေးချယ်တင်မြှောက်ရေးကော်မတီ ကော်မတီဝင်အသစ်များ ရွေးချယ်နိုင်ရေးအတွက် ပြည်နယ်ကြက်ခြေနီ ရွေးချယ်တင်မြှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တာချီလိတ်ခရိုင်၊ မြို့နယ် ရွေးချယ်တင်မြှောက်ရေးအဖွဲ့တို့ တွေ့ဆုံပြီး ရွေးချယ် တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ ၾကက္ေျခနီအသင္း ႀကီးၾကပ္မႈေကာ္မတီ ေရြးခ်ယ္ေရးအတြက္ ေတြ႕ဆံုပြဲျပဳလုပ္
****************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း၏ ၂၀၂၀ -၂၀၂၂ အတြက္ ႀကီးၾကပ္မႈေကာ္မတီေရြးခ်ယ္ေရးအတြက္ ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာ (၁၀) ရက္ေန႔ နံနက္ပိုင္းက ေတြ႔ဆံုေဆြးေႏြးၾကသည္။

" ႀကီးၾကပ္မႈေကာ္မတီက လူႀကီးေတြ ဥကၠဌေတြ ဘာေတြကစ အေျပာင္းအလဲျဖစ္သြားမွာေပါ့။ အဲဒီမွာ ရပ္မိရပ္ဖ (၅) ဦး၊ ဌာနဆိုင္ရာက (၅) ဦး၊ ေထြအုပ္ပါမယ္၊ ပညာေရးပါမယ္၊ က်န္းမာေရးပါမယ္၊ မီးသတ္ပါမယ္၊ ေဘးဒုကၡစီမံခန္႔ခြဲမႈ၊ လူမႈ၀န္ထမ္းဦးစီးဌာနပါမယ္။ ေနာက္(၅) ဦးက ၾကက္ေျခနီက ခရိုင္တပ္ဖြဲ႕မွဴး ပါမယ္၊ ၿမို႕နယ္တပ္ဖြဲ႕မွဴးပါမယ္၊ ဒုခရိုင္တပ္ဖြဲ႕မွဴးပါမယ္၊ ဒုၿမို႕နယ္တပ္ဖြဲ႕မွဴးပါမယ္၊ လူငယ္ကိုယ္စားလွယ္ပါမယ္၊ ၿမို႕ထဲမွာရိွတဲ့ လူမႈကူညီေရးအသင္းက (၂) ဦးပါမယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ၾကက္ေျခနီအသင္းမွ ဦးဘမိုးျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း ျပည္နယ္၊ ခရိုင္၊ ၿမို႕နယ္အဆင့္ ေရြးခ်ယ္တင္ေျမႇာက္ေရးေကာ္မတီ ေကာ္မတီဝင္အသစ္မ်ား ေရြးခ်ယ္ႏိုင္ေရးအတြက္ ျပည္နယ္ၾကက္ေျခနီ ေရြးခ်ယ္တင္ေျမႇာက္ေရးအဖြဲ႕မွ တာဝန္ရိွသူမ်ားႏွင့္ တာခ်ီလိတ္ခရိုင္၊ ၿမိဳ႕နယ္ ေရြးခ်ယ္တင္ေျမႇာက္ေရးအဖြဲ႔တို႔ ေတြ႕ဆံုၿပီး ေရြးခ်ယ္ တင္ေျမႇာက္ပြဲဆိုင္ရာ ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net