ကယားပြည်နယ်အတွင်း မြန်မာ - ထိုင်းနယ်စပ် မယ်စဲ့မြို့ရှိ နန့်ပိန်းလိန်ကြိုးပြင်ကာကွယ်တောအတွင်း၌ကျွန်းသစ် (၁၇၉) လုံးအား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

ကယားပြည်နယ်အတွင်း မြန်မာ - ထိုင်းနယ်စပ် မယ်စဲ့မြို့ရှိ နန့်ပိန်းလိန်ကြိုးပြင်ကာကွယ်တောအတွင်း၌ကျွန်းသစ် (၁၇၉) လုံးအား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
အောက်တိုဘာ 29, 2019
By Tachileik News Agency
ကယားပြည်နယ်အတွင်း မြန်မာ - ထိုင်းနယ်စပ် မယ်စဲ့မြို့ရှိ နန့်ပိန်းလိန်ကြိုးပြင်ကာကွယ်တောအတွင်း၌ကျွန်းသစ် (၁၇၉) လုံးအား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နန့်ပိန်းလိန်ကြိုးပြင် ကာကွယ်တောအတွင်းမှ ကျွန်းသစ်လုံး (၁၇၉)လုံးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် ပိုင်ရှင်မဲ့ဖမ်းဆီးရမိထားကြောင်း သိရသည်။

“ဒီတိုင်းတောထဲမှာ သစ်တောနဲ့ ပူးပေါင်းအဖွဲ့တွေ သွားရင်းဖမ်းမိတာပါ။ သစ်တွေပဲ ဖမ်းမိတယ်။ ပိုင်ရှင်မတွေ့တော့ ပိုင်ရှင်မဲ့အနေနဲ့ပဲ ဖမ်းမိတယ် ̎ဟု ကယားပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နန့်ပိန်းလိန်ကြိုးပြင်ကာကွယ်တော အကွက် (၆၅) ရှိ ဟိုဖကျေးရွာ အရှေ့ဖက် လယ်တောသွားသည့် လမ်းဘေးဝဲယာနေရာတွင် ကျွန်းသစ်လုံး(၁၇၉)လုံး (၇၀.၁၈) တန်အား စုပုံထားသည်ကို သစ်တောဦးစီးဌာနနှင့် နယ်မြေခံတပ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

သိမ်းဆည်းရမိထားသည့် ကျွန်းသစ်များကို သက်သေများနှင့်အတူ သိမ်းဆည်းထားပြီး ပိုင်ရှင်ဖော်ထုတ် အရေးယူနိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။

ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေ၍ နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေသည့် မယ်စဲ့မြို့နယ် အတွင်း နန့်ပိန်းလိန်နှင့် အရှေ့သံလွင်(၂) ကြိုးပြင်ကာကွယ်နှစ်ခုရှိနပြေီး နန့်ပိန်းလိန်ကြိုးပြင် ကာကွယ်တောမှာ ဧရိယာဧက (၈၃၂၀၀)နှင့် အရှေ့သံလွင် (၂)ကြိုးပြင်ကာကွယ်တောမှာ ဧရိယာဧက (၅၁၄,၃၀၄)ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - သစ်တော


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ကယားျပည္နယ္အတြင္း ျမန္မာ - ထိုင္းနယ္စပ္ မယ္စဲ့ၿမိဳ႕ရွိ နန္႕ပိန္းလိန္ႀကိဳးျပင္ကာကြယ္ေတာအတြင္း၌
ကၽြန္းသစ္ (၁၇၉) လုံးအား ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ

ကယားျပည္နယ္၊ ေဘာ္လခဲခရိုင္၊ မယ္စဲ့ၿမိဳ႕နယ္၊ နန္႔ပိန္းလိန္ႀကိဳးျပင္ ကာကြယ္ေတာအတြင္းမွ ကၽြန္းသစ္လံုး (၁၇၉)လံုးကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၈) ရက္ေန႔တြင္ ပိုင္ရွင္မဲ့ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

“ဒီတိုင္းေတာထဲမွာ သစ္ေတာနဲ႔ ပူးေပါင္းအဖြဲ႕ေတြ သြားရင္းဖမ္းမိတာပါ။ သစ္ေတြပဲ ဖမ္းမိတယ္။ ပိုင္ရွင္မေတြ႕ေတာ့ ပိုင္ရွင္မဲ့အေနနဲ႔ပဲ ဖမ္းမိတယ္ ̎ဟု ကယားျပည္နယ္ အစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ဦးတီရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နန္႔ပိန္းလိန္ႀကိဳးျပင္ကာကြယ္ေတာ အကြက္ (၆၅) ရွိ ဟိုဖေက်းရြာ အေရွ႕ဖက္ လယ္ေတာသြားသည့္ လမ္းေဘးဝဲယာေနရာတြင္ ကၽြန္းသစ္လုံး(၁၇၉)လုံး (၇၀.၁၈) တန္အား စုပံုထားသည္ကို သစ္ေတာဦးစီးဌာနႏွင့္ နယ္ေျမခံတပ္တို႔ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႕က ေတြ႔ရိွခဲ့ရျခင္းျဖစ္သည္ဟု သိရသည္။

သိမ္းဆည္းရမိထားသည့္ ကၽြန္းသစ္မ်ားကို သက္ေသမ်ားႏွင့္အတူ သိမ္းဆည္းထားၿပီး ပိုင္ရွင္ေဖၚထုတ္ အေရးယူႏိုင္ရန္ ႀကိဳးစားေနသည္ဟု သိရသည္။

ထုိင္းနိုင္ငံႏွင့္ နယ္နမိတ္ထိစပ္ေန၍ နယ္စပ္ကုန္သြယ္ေရးစခန္းဖြင့္လွစ္ႏိုင္ေရး ႀကိဳးပမ္းေနသည့္ မယ္စဲ့ၿမိဳ႕နယ္ အတြင္း နန့္ပိန္းလိန္ႏွင့္ အေရွ႕သံလြင္(၂) ႀကိဳးျပင္ကာကြယ္ႏွစ္ခုရိွေနၿပီး နန့္ပိန္းလိန္ႀကိဳးျပင္ ကာကြယ္ေတာမွာ ဧရိယာဧက (၈၃၂၀၀)ႏွင့္ အေရွ႕သံလြင္ (၂)ႀကိုးျပင္ကာကြယ္ေတာမွာ ဧရိယာဧက (၅၁၄,၃၀၄)ျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - သစ္ေတာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net