ဂျပန်နိုင်ငံတွင် တိုင်ဖွန်း ဟာဂီဘီအတွင်း ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့သည့် အသက်(၇၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ရ၍ တိုကျိုမီးသတ်တပ်ဖွဲ့ တောင်းပန်

ဂျပန်နိုင်ငံတွင် တိုင်ဖွန်း ဟာဂီဘီအတွင်း ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့သည့် အသက်(၇၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ရ၍ တိုကျိုမီးသတ်တပ်ဖွဲ့ တောင်းပန်
အောက်တိုဘာ 14, 2019
By Tachileik News Agency
ဂျပန်နိုင်ငံတွင် တိုင်ဖွန်း ဟာဂီဘီအတွင်း ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့သည့် 
အသက်(၇၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ရ၍ တိုကျိုမီးသတ်တပ်ဖွဲ့ တောင်းပန်

ဂျပန်နိုင်ငံတွင် တိုင်ဖွန်း ဟာဂီဘီတိုက်ခတ်စဉ်က ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်အတွင်း ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်ခဲ့ရသည့် အသက် (၇၇)အရွယ် အမျိုးသမီးတစ်ဦးမှာ ရဟတ်ယာဉ်မှ ပြုတ်ကျသေဆုံးသွားရသဖြင့် တိုကျိုမီးသတ်တပ်ဖွဲ့က တောင်းပန်လိုက်သည်။

အိုင်ဝါကီမြို့မှ အသက် (၇၇)နှစ်အရွယ် အမျိုးသမီးကြီးအား ကယ်ဆယ်ရေးလုပ်ဆောင်စဉ် လုံခြုံရေးကြိုးဖြင့်မချိတ်မိသဖြင့် (၄၀)မီတာအမြင့်မှ ပြုတ်ကျသေဆုံးခဲ့ရခြင်းဖြစ်ကြော်ငးိသရသည်။

ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် ကယ်ဆယ်ရေးသမားတစ်ဦးက လုံခြုံရေးကြိုးကို ချိတ်ပေးရပြီး တခြားတစ်ဦးက လုံခြုံကြောင်းစစ်ဆေးအတည်ပြုရသည့် လုပ်ငန်းစဉ်ကို ကယ်ဆယ်ရေးအတွင်း လိုက်နာခဲ့ခြင်း မရှိကြောင်း မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။

ဟာဂီဘီမုန်တိုင်းတိုက်ခတ်မှုအပြီးတွင် တိုကျိုမီးသတ်တပ်ဖွဲ့က ဖူကူရှီးမားနှင့် နာဂါနို်ဒေသများမှ ရေလွှမ်းနေသည့်နေရာများတွင် ကယ်ဆယ်ရေးလုပ်ဆောင်ပေးနခြေင်းဖြစ်သည်။

Tachileik News Agency
Source: NHK
Photo Credit: AP၊ Youtube



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~



အိုင်ဝါကီမြို့မှ အသက် (၇၇)နှစ်အရွယ် အမျိုးသမီးကြီးအား ကယ်ဆယ်ရေးလုပ်ဆောင်စဉ် လုံခြုံရေးကြိုးဖြင့်မချိတ်မိသဖြင့် (၄၀)မီတာအမြင့်မှ ပြုတ်ကျသေဆုံးခဲ့ရခြင်းဖြစ်ကြော်ငိးသရသည်။


ဟာဂီဘီမုန်တိုင်းတိုက်ခတ်မှုအပြီးတွင် တိုကျိုမီးသတ်တပ်ဖွဲ့က ဖူကူရှီးမားနှင့် နာဂါနိုဒေသများမှ ရေလွှမ်းနေသည့်နေရာများတွင် ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

Tachileik News Agency
Source: NHK

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net