မကွေးတွင် (၆၀)အရွယ် မသန်စွမ်းအမျိုးသားက (၁၀)နှစ်အရွယ် မိန်းကလေးကို လက်ဖက်ရည်ဝယ်ပေးရန် အကူအညီတောင်းပြီး အဓမ္မကျင့်မှုဖြစ်ပွား

မကွေးတွင် (၆၀)အရွယ် မသန်စွမ်းအမျိုးသားက (၁၀)နှစ်အရွယ် မိန်းကလေးကို လက်ဖက်ရည်ဝယ်ပေးရန် အကူအညီတောင်းပြီး အဓမ္မကျင့်မှုဖြစ်ပွား
အောက်တိုဘာ 23, 2019
By 🌸
မကွေးတွင် (၆၀)အရွယ် မသန်စွမ်းအမျိုးသားက (၁၀)နှစ်အရွယ် မိန်းကလေးကို လက်ဖက်ရည်ဝယ်ပေးရန် အကူအညီတောင်းပြီး အဓမ္မကျင့်မှုဖြစ်ပွား

မကွေးမြို့တွင် အသက် (၆၀)အရွယ် မသန်စွမ်းအမျိုးသားတစ်ဦးက(၁၀)နှစ်အရွယ် အိမ်နီးချင်း မိန်းကလေးကို လက်ဖက်ရည်ဝယ်ပေးရန် အကူအညီတောင်းပြီး အဓမ္မပြုကျင့်ကြောင်း အမှုဖွင့်တိုင်ကြား၍ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

အဖွားဖြစ်သူက ညီမဖြစ်သူ၏နေအိမ်တွင် ဗီဒီယိုသွားကြည့်နေ၍ နေအိမ်၌ အဆိုပါ မိန်းကလေးကျန်နေခဲ့စဉ် အိမ်နီးချင်းဖြစ်သည့် အဖိုးအရွယ်အမျိုးသားက လက်ဖက်ရည်ဝယ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ဖက်ရည်ဝယ်ပြီး အိမ်သို့သွားပို့ပေးသည့် မိန်းကလေးကို အသက် (၆၀)အရွယ် မသန်စွမ်းအမျိုးသားက အဓမ္မပြုကျင့်နေကြောင်း အိမ်နီးချင်းအမျိုးသမီးက မိန်းကလေး၏အဖွားထံ လာပြောသဖြင့် အဖွားဖြစ်သူက မြေးဖြစ်သူအား သွားခေါ်ကာ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်တန်းခံရသူအိမ်နဲ့ ကလေးမလေးအိမ်နဲ့က ပေ(၁၀၀)လောက်ပဲ ဝေးတယ်။ ကောင်မလေးကို လက်ခုပ်တီးခေါ်ပြီး လဖက်ရည် အဝယ်ခိုင်းလိုက်တယ်။ ပြန်လာတဲ့အခါကျတော့  သူ့ရဲ့အိမ်ခန်းထဲမှာ ကလေးမလေးကိုဆွဲခေါ်ပြီး သားမယားအဖြစ်ပြုကျင့်တယ်လို့ ကလေးမလေးနဲ့ သက်သေက ထွက်ချက်ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆေးစာထင်မြင်ချက် တောင်းခံထားပြီး ရဲလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ကျူးလွန်ကြောင်း အစွပ်စွဲခံရသူကိုဖမ်းဆီးပြီး သက်သေခံပစ္စည်းတွေကို သိမ်းဆည်းတာ၊ အချုပ်ရီမန်ယူတာတွေ ဆောင်ရွက်ထားပါတယ်” ဟု မကွေးနယ်မြေရဲစခန်းမှူး  ရဲအုပ်သူရဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဓမ္မပြုကျင့်သည်ဟု အမှုဖွင့်တိုင်ကြားခံရသည့် လှဝေအား မကွေးမြို့ နယ်မြေရဲစခန်းတွင် (ပ)၆၁၅/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃ တို့ဖြင့် အမှုဖွင့်ထားပြီး သက်သေခံပစ္စည်းများအား ဓာတုဗေဒဝန်ရုံးသို့ ပေးပို့သွားရန်နှင့် အမြန်ဆုံးတရားစွဲဆိုတင်ပို့နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မကွေးမြို့တွင် စက်တင်ဘာလ (၂၁)ရက်နေ့ကလည်း အသက်(၇)နှစ်အရွယ်ရှိ မိန်းကလေးငယ်ကို အသက်(၃၂နှစ်)အရွယ်ရှိ အမျိုးသားက ဓမ္မတာနှင့်ဆန့်ကျင်သော အဓမ္မပြုကျင့်မှုတစ်ရပ် ဖြစ်ပွား၍ နယ်မြေရဲစခန်းက အရေးယူခဲ့ရကြောင်း  သိရသည်။
Tachileik News Agency
သတင်း #ဖီးနစ်
ဓာတ်ပုံ-ရဲစခန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မေကြးတြင္ (၆၀)အရြယ္ မသန္စြမ္းအမ်ိဳးသားက (၁၀)ႏွစ္အရြယ္ မိန္းကေလးကို လက္ဖက္ရည္ဝယ္ေပးရန္ အကူအညီေတာင္းၿပီး အဓမၼက်င့္မႈျဖစ္ပြား

မေကြးၿမိဳ႕တြင္ အသက္ (၆၀)အရြယ္ မသန္စြမ္းအမ်ိဳးသားတစ္ဦးက(၁၀)ႏွစ္အရြယ္ အိမ္နီးခ်င္း မိန္းကေလးကို လက္ဖက္ရည္ဝယ္ေပးရန္ အကူအညီေတာင္းၿပီး အဓမၼျပဳက်င့္ေၾကာင္း အမႈဖြင့္တုိင္ၾကား၍ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

အဖြားျဖစ္သူက ညီမျဖစ္သူ၏ေနအိမ္တြင္ ဗီဒီယိုသြားၾကည့္ေန၍ ေနအိမ္၌ အဆိုပါ မိန္းကေလးက်န္ေနခဲ့စဥ္ အိမ္နီးခ်င္းျဖစ္သည့္ အဖိုးအရြယ္အမ်ိဳးသားက လက္ဖက္ရည္ဝယ္ခုိင္းခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

လက္ဖက္ရည္ဝယ္ၿပီး အိမ္သို႔သြားပို႔ေပးသည့္ မိန္းကေလးကို အသက္ (၆၀)အရြယ္ မသန္စြမ္းအမ်ိဳးသားက အဓမၼျပဳက်င့္ေနေၾကာင္း အိမ္နီးခ်င္းအမ်ိဳးသမီးက မိန္းကေလး၏အဖြားထံ လာေျပာသျဖင့္ အဖြားျဖစ္သူက ေျမးျဖစ္သူအား သြားေခၚကာ အမႈဖြင့္တုိင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“တိုင္တန္းခံရသူအိမ္နဲ႔ ကေလးမေလးအိမ္နဲ႔က ေပ(၁၀၀)ေလာက္ပဲ ေဝးတယ္။ ေကာင္မေလးကို လက္ခုပ္တီးေခၚၿပီး လဖက္ရည္ အဝယ္ခိုင္းလိုက္တယ္။ ျပန္လာတဲ့အခါက်ေတာ့  သူ႔ရဲ႕အိမ္ခန္းထဲမွာ ကေလးမေလးကိုဆဲြေခၚၿပီး သားမယားအျဖစ္ျပဳက်င့္တယ္လို႔ ကေလးမေလးနဲ႔ သက္ေသက ထြက္ခ်က္ေပးပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ေဆးစာထင္ျမင္ခ်က္ ေတာင္းခံထားၿပီး ရဲလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္။ က်ဴးလြန္ေၾကာင္း အစြပ္စဲြခံရသူကိုဖမ္းဆီးၿပီး သက္ေသခံပစၥည္းေတြကို သိမ္းဆည္းတာ၊ အခ်ဳပ္ရီမန္ယူတာေတြ ေဆာင္ရြက္ထားပါတယ္” ဟု မေကြးနယ္ေျမရဲစခန္းမွဴး  ရဲအုပ္သူရေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဓမၼျပဳက်င့္သည္ဟု အမႈဖြင့္တုိင္ၾကားခံရသည့္ လွေဝအား မေကြးၿမိဳ႕ နယ္ေျမရဲစခန္းတြင္ (ပ)၆၁၅/၂၀၁၉၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆/၃၆၃ တို႔ျဖင့္ အမႈဖြင့္ထားၿပီး သက္ေသခံပစၥည္းမ်ားအား ဓာတုေဗဒဝန္ရံုးသို႔ ေပးပို႔သြားရန္ႏွင့္ အျမန္ဆံုးတရားစဲြဆိုတင္ပို႔ႏိုင္ရန္ ေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

မေကြးၿမိဳ႕တြင္ စက္တင္ဘာလ (၂၁)ရက္ေန႔ကလည္း အသက္(၇)ႏွစ္အရြယ္ရိွ မိန္းကေလးငယ္ကို အသက္(၃၂ႏွစ္)အရြယ္ရိွ အမ်ိဳးသားက ဓမၼတာႏွင့္ဆန္႔က်င္ေသာ အဓမၼျပဳက်င့္မႈတစ္ရပ္ ျဖစ္ပြား၍ နယ္ေျမရဲစခန္းက အေရးယူခဲ့ရေၾကာင္း  သိရသည္။
Tachileik News Agency
သတင္း #ဖီးနစ္
ဓာတ္ပံု-ရဲစခန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net