သီတင္းကြ်တ္ကာလအထိမ္းအမွတ္ က်ပ္(၂၀၀)တန္ အထူးထုတ္တံဆိပ္ေခါင္းကို စက္တင္ဘာလ(၂၉)ရက္ေန႔တြင္ စာတိုက္အသီးသီး၌ စတင္ေရာင္းခ်ေပးမည္

သီတင္းကြ်တ္ကာလအထိမ္းအမွတ္ က်ပ္(၂၀၀)တန္ အထူးထုတ္တံဆိပ္ေခါင္းကို စက္တင္ဘာလ(၂၉)ရက္ေန႔တြင္ စာတိုက္အသီးသီး၌ စတင္ေရာင္းခ်ေပးမည္
စက်တင်ဘာ 25, 2019
By Tachileik News Agency

သီတင္းကြ်တ္ကာလအထိမ္းအမွတ္အျဖစ္  က်ပ္(၂၀၀)တန္ အထူးထုတ္တံဆိပ္ေခါင္းကို ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၂၉)ရက္ေန႔က စ၍ တိုင္းႏွင့္ျပည္နယ္မ်ားရွိ စာတိုက္အသီးသီးတြင္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာ့စာတိုက္လုပ္ငန္းက အသိေပးေၾကညာထားရွိသည္။

အဆိုပါ တံဆိပ္ေခါင္းအား  ေနျပည္ေတာ္ဗဟိုစာတိုက္ႀကီး၊ ရန္ကုန္စာတိုက္ႀကီးႏွင့္ မႏၱေလးစာတိုက္ႀကီးတို႔၌ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၂၉)ရက္ေန႔တြင္ ၀ယ္ယူပါက စာပို႔တံဆိပ္ေခါင္းမ်ားႏွင့္ ပထမေန႔စာအိတ္(Firstday Cover)မ်ားေပးတြင္ ေန႔စြဲအမွတ္အသား တံဆိပ္ရိုက္ႏွိပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့စာတိုက္လုပ္ငန္းမွ ဆယ့္ႏွစ္လရာသီ ပြဲေတာ္မ်ားႏွင့္ ပန္းမ်ားအထိမ္းအမွတ္အျဖစ္ အထူးထုတ္တံဆိပ္ေခါင္းမ်ားအား ဖန္တီးျပဳလုပ္ေရာင္းခ်ေပးေနလ်က္ရွိရာ ၂၀၁၉ခုႏွစ္ သီတင္းကြ်တ္ကာလအထိမ္းအမွတ္ အတြက္ ၾကာပန္း ႏွင့္ မီးထြန္းပြဲ ပံုပါသည့္ တံဆိပ္ေခါင္းအား စက္တင္ဘာလ(၂၉)ရက္ေန႔ နံနက္(၉)နာရီခြဲက စတင္၀ယ္ယူႏိုင္ရန္ စီစဥ္ထားေၾကာင္း သိရွိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

သီတင်းကျွတ်ကာလအထိမ်းအမှတ်အဖြစ် ကျပ်(၂၀၀)တန် အထူးထုတ်တံဆိပ်ခေါင်းကို ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့က စ၍ တိုင်းနှင့်ပြည်နယ်များရှိ စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းက အသိပေးကြေညာထားရှိသည်။

အဆိုပါ တံဆိပ်ခေါင်းအား နပြေည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့တွင် ဝယ်ယူပါက စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ်(Firstday Cover)များပေးတွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စာတိုက်လုပ်ငန်းမှ ဆယ့်နှစ်လရာသီ ပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်အဖြစ် အထူးထုတ်တံဆိပ်ခေါင်းများအား ဖန်တီးပြုလုပ်ရောင်းချပေးနေလျက်ရှိရာ ၂၀၁၉ခုနှစ် သီတင်းကျွတ်ကာလအထိမ်းအမှတ် အတွက် ကြာပန်း နှင့် မီးထွန်းပွဲ ပုံပါသည့် တံဆိပ်ခေါင်းအား စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၉)နာရီခွဲက စတင်ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net