ၾသဂုတ္လ(၃၁)ရက္ေန႔က လႈပ္ခတ္သြားသည့္ ငလ်င္ေၾကာင့္ ေရႊဘို၊ ခင္ဦး ႏွင့္ ေရဦးၿမိဳ႕မ်ားတြင္ ေစတီပုထိုး ထိခိုက္မႈမ်ားျပားခဲ့ၿပီး အမ်ဳိးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရ

ၾသဂုတ္လ(၃၁)ရက္ေန႔က လႈပ္ခတ္သြားသည့္ ငလ်င္ေၾကာင့္ ေရႊဘို၊ ခင္ဦး ႏွင့္ ေရဦးၿမိဳ႕မ်ားတြင္ ေစတီပုထိုး ထိခိုက္မႈမ်ားျပားခဲ့ၿပီး အမ်ဳိးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရ
စက်တင်ဘာ 1, 2019
By Tachileik News Agency

စစ္ကိုင္းတုိင္းေဒသႀကီး၊ ေရႊဘိုခရိုင္အတြင္း  ခင္ဦး ႏွင့္ ေရဦးအၾကား ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၃၁)ရက္ေန႔ ည(၉)နာရီ (၃၉)မိနစ္အခ်ိန္က လႈပ္ခတ္ခဲ့သည့္ အဆင့္(၆.၀) ငလ်င္ေၾကာင့္ ေရႊဘိုၿမိဳ႕ အပါအ၀င္ ခင္ဦး ႏွင့္ ေရဦးၿမိဳ႕နယ္မ်ားအတြင္း ေစတီပုထိုးထိခိုက္မႈ မ်ားျပားခဲ့ၿပီး အမ်ဳိးသမီးတစ္ဦး ထိခိုက္ဒဏ္ရရွိခဲ့ေၾကာင္း ေရႊဘိုခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနထံက သိရသည္။

အဆိုပါ ငလ်င္လႈပ္ခတ္မႈေၾကာင့္ ေရႊဘိုၿမိဳ႕နယ္အတြင္းျဖစ္သည့္ အမွတ္(၆)ရပ္ကြက္အတြင္း ခ်မ္းသာႀကီးျမတ္စြာဘုရားထီးေတာ္ယိုင္ၿပီး အရန္ေစတီတစ္ဆူ စိန္ဖူးေတာ္ေျမခခဲ့ေၾကာင္း၊ ပိေတၱာေက်းရြာတြင္ အစိုးရနည္းပညာေကာလိပ္(ေရႊဘို)အစည္းအေ၀းခန္းမ မ်က္ႏွာက်က္ႏွင့္ေလွကားခြင္ မ်က္ႏွာက်က္ၿပိဳက်ၿပီး က်ားေက်းရြာတြင္ ေသာေဇတ၀န္ေက်ာင္းေစတီထီးေတာ္ ေျမခခဲ့ကာ ေက်ာင္းအတြင္းရွိ ေက်ာင္းမ႑ာပ္မ်ားမွာလည္း တိုင္ႏွင့္ ပန္းဆြဲမ်ား အက္ကြဲခဲ့ေၾကာင္းႏွင့္ ျမင္းစီးေက်းရြာတြင္ ေစာင္တမိုးဘုရား ထီးေတာ္ေစာင္းျခင္းႏွင့္ အလိုေတာ္ျပည့္ေစတီအက္ကြဲကာ ေစာင္းတန္းႏွင့္ ျပႆဒ္ပ်က္စီးေၾကာင္း သိရသည္။

ခင္ဦးၿမိဳ႕နယ္အတြင္း သာ၀တၳိရြာ၊ ဗအိုးရြာ၊ ေလာင္းရွည္ရြာ၊ ကံသာယာရြာ၊ အင္ၾကင္းပင္ရြာ၊ ေပါင္းလလဲကုန္းရြာ၊ ကင္းျပစ္ရြာ၊ ဆီဆံုေလးရြာ၊ ရြာသန္းရြာ၊ သာဂရရြာ ႏွင့္ တယ္ဘိုပင္ရြာ ေစတီေတာ္ႏွင့္အရံေစတီ(၁၀)ဆူ စိန္ဖူးေတာ္ေျမခၿပီး၊ ေစတီႏွင့္ေက်ာင္းေဆာင္မ်ား ထိခိုက္မႈ(၁၄)ခုအထိရွိခဲ့ၿပီး  စာသင္ေက်ာင္း(၄)ေက်ာင္း ပ်က္စီးသည့္အျပင္ လူေနအိမ္(၂)လံုး ထိခိုက္ပ်က္စီးမႈႏွင့္ ဗလီမ်က္ႏွာက်က္ ပ်က္စီးမႈရွိခဲ့ေၾကာင္း သိရသည္။

ေရဦးၿမိဳ႕နယ္အတြင္း ေအာင္မဂၤလာရပ္ကြက္၊ ဗိုလ္ေအာင္ေဇယ်ရပ္ကြက္၊ မဲအိုးေက်းရြာ၊ အုတ္ဖိုေက်းရြာ၊ ျမင္းေပါက္ေက်းရြာ ႏွင့္ စည္သာေက်းရြာတို႔တြင္ ေစတီပုထိုး၊ မုဒ္ဦး၊ ထီးေတာ္ယိမ္းယိုင္ပ်က္စီးမႈအျဖစ္ (၆)ခုအထိရွိၿပီး ေဖာင္ေတာ္ဦးဘုရားစိန္ဖူးေတာ္ ႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္း မုခ္ဦးရွိ ေစတီတို႔မွ ေျမခခဲ့ေၾကာင္း သိရသည္။

ထိခိုက္မႈမ်ားအျဖစ္ ေရဦးၿမိဳ႕နယ္ ေအာင္ဆန္းရပ္ကြက္ေန ေဒၚခင္ေလးစီ၏ ေနအိမ္ နံကပ္(၂)ထပ္တိုက္မွာ အုတ္နံရံ(၁)ခန္း ၿပိဳက်မႈေၾကာင့္ ေဒၚခင္ေလးစီသည္ ေပါင္ႏွင့္ေက်ာကုန္းတို႔မွ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ေရႊဘိုခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးမႈ စာရင္းမ်ားကို လိုက္လံေကာက္ခံေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Soe Wai Aung ၊ ခင္ဦးေထြအုပ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း ခင်ဦး နှင့် ရေဦးအကြား ၂၀၁၉ခုနှစ် သြဂုတ်လ(၃၁)ရက်နေ့ ည(၉)နာရီ (၃၉)မိနစ်အချိန်က လှုပ်ခတ်ခဲ့သည့် အဆင့်(၆.ဝ) ငလျင်ကြောင့် ရွှေဘိုမြို့ အပါအဝင် ခင်ဦး နှင့် ရေဦးမြို့နယ်များအတွင်း စေတီပုထိုးထိခိုက်မှု များပြားခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း ရွှေဘိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံက သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ရွှေဘိုမြို့နယ်အတွင်းဖြစ်သည့် အမှတ်(၆)ရပ်ကွက်အတွင်း ချမ်းသာကြီးမြတ်စွာဘုရားထီးတော်ယိုင်ပြီး အရန်စေတီတစ်ဆူ စိန်ဖူးတော်မြေခခဲ့ကြောင်း၊ ပိတ္တောကျေးရွာတွင် အစိုးရနည်းပညာကောလိပ်(ရွှေဘို)အစည်းအေဝးခန်းမ မျက်နှာကျက်နှင့်လှေကားခွင် မျက်နှာကျက်ပြိုကျပြီး ကျားကျေးရွာတွင် သောဇေတဝန်ကျောင်းစေတီထီးတော် မြေခခဲ့ကာ ကျောင်းအတွင်းရှိ ကျောင်းမဏ္ဍာပ်များမှာလည်း တိုင်နှင့် ပန်းဆွဲများ အက်ကွဲခဲ့ကြောင်းနှင့် မြင်းစီးကျေးရွာတွင် စောင်တမိုးဘုရား ထီးတော်စောင်းခြင်းနှင့် အလိုတော်ပြည့်စေတီအက်ကွဲကာ စောင်းတန်းနှင့် ပြဿဒ်ပျက်စီးကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်း သာဝတ္ထိရွာ၊ ဗအိုးရွာ၊ လောင်းရှည်ရွာ၊ ကံသာယာရွာ၊ အင်ကြင်းပင်ရွာ၊ ပေါင်းလလဲကုန်းရွာ၊ ကင်းပြစ်ရွာ၊ ဆီဆုံလေးရွာ၊ ရွာသန်းရွာ၊ သာဂရရွာ နှင့် တယ်ဘိုပင်ရွာ စေတီတော်နှင့်အရံစေတီ(၁၀)ဆူ စိန်ဖူးတော်မြေခပြီး၊ စေတီနှင့်ကျောင်းဆောင်များ ထိခိုက်မှု(၁၄)ခုအထိရှိခဲ့ပြီး စာသင်ကျောင်း(၄)ကျောင်း ပျက်စီးသည့်အပြင် လူနေအိမ်(၂)လုံး ထိခိုက်ပျက်စီးမှုနှင့် ဗလီမျက်နှာကျက် ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

ရေဦးမြို့နယ်အတွင်း အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ မဲအိုးကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ မြင်းပေါက်ကျေးရွာ နှင့် စည်သာကျေးရွာတို့တွင် စေတီပုထိုး၊ မုဒ်ဦး၊ ထီးတော်ယိမ်းယိုင်ပျက်စီးမှုအဖြစ် (၆)ခုအထိရှိပြီး ဖောင်တော်ဦးဘုရားစိန်ဖူးတော် နှင့် ဘုန်းတော်ကြီးကျောင်း မုခ်ဦးရှိ စေတီတို့မှ မြေခခဲ့ကြောင်း သိရသည်။

ထိခိုက်မှုများအဖြစ် ရေဦးမြို့နယ် အောင်ဆန်းရပ်ကွက်နေ ဒေါ်ခင်လေးစီ၏ နေအိမ် နံကပ်(၂)ထပ်တိုက်မှာ အုတ်နံရံ(၁)ခန်း ပြိုကျမှုကြောင့် ဒေါ်ခင်လေးစီသည် ပေါင်နှင့်ကျောကုန်းတို့မှ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု စာရင်းများကို လိုက်လံကောက်ခံနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Soe Wai Aung၊ ခင်ဦးထွေအုပ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net