အင်းလေးကန် ရေဝေရေလဲဒေသမှ တောင်ကတုံးများတွင် ရဟတ်ယာဉ်ဖြင့် သစ်ပင်မျိုးစေ့များကြဲချခြင်း စတင်လုပ်ဆောင်

အင်းလေးကန် ရေဝေရေလဲဒေသမှ တောင်ကတုံးများတွင် ရဟတ်ယာဉ်ဖြင့် သစ်ပင်မျိုးစေ့များကြဲချခြင်း စတင်လုပ်ဆောင်
စကျတငျဘာ 14, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် ရေဝေရေလဲဒေသမှ တောင်ကတုံးများတွင် ရဟတ်ယာဉ်ဖြင့် သစ်ပင်မျိုးစေ့များကြဲချခြင်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့တွင် လုပ်ဆောင်နေပြီဖြစ်သည်။

အင်းလေးကန်ရေဝေရေလဲဒေသတွင် သစ်မျိုးပေါင်း (၂၀) ၏ သစ်စေ့တစ်စေ့ဆီကို ရွှံ့စေးနှင့်မြေဆွေးရော၍ လုံးထားသည့် သစ်စေ့မြေလုံးပေါင်း တစ်သိန်းခွဲနီးပါးကို ကွင်းဆင်းစစ်ဆေးထားပြီးဖြစ်သည့် အင်းလေးကန် ရေဝေရေလဲဒေသမှ တောင်ကတုံး (၃)နေရာတွင် ထူးကုမ္ပဏီများအုပ်စု၏ ရဟတ်ယာဉ်ဖြင့် ကြဲချနေခြင်းဖြစ်သည်။

သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်း ဖြစ်ပေါ်နေသော သစ်တောမြေများကို သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးဌာနသည် မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းကို ၂၀၁၇ -၂၀၁၈ ခုနှစ်မှ ၂၀၂၆ -၂၀၂၇ ခုနှစ်အထိ (၁၀) နှစ်စီမံကိန်း ရေးဆွဲ၍  ဆောင်ရွက်နေကြောင်း သိရပြီး ရဟတ်ယာဉ်ဖြင့် မျိုးစေ့ကြဲချခြင်း Pilot Project ကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်ရွက်ခဲ့ပြီးနောက် ရှမ်းပြည်နယ် အင်းလေးဒေသတွင် ဒုတိယမြောက်အဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ညောင်ရွှမြေို့နယ်ရှိ အင်းလေးကန် ရေဝေရေလဲဒေသမှ တောင်ကတုံးများတွင် ရဟတ်ယာဉ်ဖြင့် သစ်ပင်မျိုးစေ့များကြဲချခြင်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့တွင် လုပ်ဆောင်နပြေီဖြစ်သည်။

အင်းလေးကန်ရေဝေရေလဲဒေသတွင် သစ်မျိုးပေါင်း (၂၀)၏ သစ်စေ့တစ်စေ့ဆီကို ရွှံ့စေးနှင့်မြေဆွေးရော၍ လုံးထားသည့် သစ်စေ့မြေလုံးပေါင်း တစ်သိန်းခွဲနီးပါးကို ကွင်းဆင်းစစ်ဆေးထားပြီးဖြစ်သည့် အင်းလေးကန် ရေဝေရေလဲဒေသမှ တောင်ကတုံး (၃)နေရာတွင် ထူးကုမ္ပဏီများအုပ်စု၏ ရဟတ်ယာဉ်ဖြင့် ကြဲချနခြေင်းဖြစ်သည်။

သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်း ဖြစ်ပေါ်နေသော သစ်တောမြေများကို သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးဌာနသည် မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းကို ၂၀၁၇ -၂၀၁၈ ခုနှစ်မှ ၂၀၂၆ -၂၀၂၇ ခုနှစ်အထိ (၁၀) နှစ်စီမံကိန်း ရေးဆွဲ၍ ဆောင်ရွက်နေကြောင်း သိရပြီး ရဟတ်ယာဉ်ဖြင့် မျိုးစေ့ကြဲချခြင်း Pilot Project ကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်ရွက်ခဲ့ပြီးနောက် ရှမ်းပြည်နယ် အင်းလေးဒေသတွင် ဒုတိယမြောက်အဖြစ် ဆောင်ရွက်နခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဒေါက်တာညီညီအောင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net