တာချီလိတ်မြို့ မြသဟာဆေးရုံတွင် နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲဝေဒနာရှင်များအား အခမဲ့ ကုသပေးမည့်အစီအစဉ် ဝေဒနာရှင်များထံ သတင်းစကားရောက်ရှိစေရေး ဆွေးနွေး

တာချီလိတ်မြို့ မြသဟာဆေးရုံတွင် နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲဝေဒနာရှင်များအား အခမဲ့ ကုသပေးမည့်အစီအစဉ် ဝေဒနာရှင်များထံ သတင်းစကားရောက်ရှိစေရေး ဆွေးနွေး
စကျတငျဘာ 16, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်းမှ အသက် (၆)လနှင့်အထက် မွေးရာပါ နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲဝေဒနာရှင်များအား တာချီလိတ်မြို့ရှိ  မြသဟာဆေးရုံတွင် Smile Train Myanmar၊ Newlook New Life နှင့်  မြသဟာဆေးရုံတို့ ပူးပေါင်းကာ အခမဲ့ ကုသပေးမည်ဖြစ်သည့်အတွက် ဝေဒနာရှင်များထံ သတင်းစကားရောက်ရှိရေး နှင့် စာရင်းကောက်ခံရရှိရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲအား မြသဟာဆေးရုံရှိ အစည်းအဝေးခန်းမတွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ရာ အခမဲ့ကုသပေးမည့် အကြောင်းအရင်းနှင့် မြသဟာဆေးရုံမှ ပြည်သူအကျိုးပြုအနေဖြင့်  ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ မြသဟာဆေးရုံ၏ Operation Manager ဒေါက်တာလှိုင်ဦးလေး က ရှင်းလင်း ပြောကြားပြီးနောက် မွေးရာပါ နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွဲဝေဒနာများနှင့် ပတ်သက်၍ ကုသနိုင်မှုအခြေအနေ နှင့် လုပ်ငန်းစဉ်များအား သွား/ခံတွင်းဆရာဝန် ဒေါက်တာအေးမြတ်မွန်က ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် လူမှုရေးအသင်းအဖွဲ့များမှ အကြံပြုဆွေးနွေးခဲ့ကြသည်။


ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်းမှ ကုသမှုခံယူလိုသည့် ဝေဒနာရှင်များအနေဖြင့် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်းရှိ မြသဟာ(အဆွေတော်မိသားစု)ဆေးရုံသို့ လာရောက်၍ ဖြစ်စေ၊ ဖုန်း 08453436 နှင့် 09267833380 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းကာ မေးမြန်းနိုင်ကြောင်း သိရသည်။


တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် မိုင်းဖြတ်မြို့နယ်မှ ဝေဒနာရှင်များအနေဖြင့် မိုင်းဖြတ်မြို့ရှိ သင်္ဂဟလူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှမောင်သာ ဖုန်း - 09250475508 သို့လည်း ဆက်သွယ်နိုင်မည်ဖြစ်သည်။

တာလေမြို့မှ ဝေဒနာရှင်များအနေဖြင့် တာလေမြို့ ဆေးရုံလမ်းထိပ်ရှိ "ကောင်း"(၂၄)နာရီ အထူးကုဆေးခန်း ၊ ဒေါက်တာအေးမြင့်ဦး ဖုန်း 09422994187 နှင့် 09262442718 သို့ ဆက်သွယ်စုံစမ်းကာ စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်းမှ အသက် (၆)လနှင့်အထက် မွေးရာပါ နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွေဲဝဒနာရှင်များအား တာချီလိတ်မြို့ရှိ မြသဟာဆေးရုံတွင် Smile Train Myanmar၊ Newlook New Life နှင့် မြသဟာဆေးရုံတို့ ပူးပေါင်းကာ အခမဲ့ ကုသပေးမည်ဖြစ်သည့်အတွက်ေဝဒနာရှင်များထံ သတင်းစကားရောက်ရှိရေး နှင့် စာရင်းကောက်ခံရရှိရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲအား မြသဟာဆေးရုံရှိ အစည်းအေဝးခန်းမတွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ရာ အခမဲ့ကုသပေးမည့် အကြောင်းအရင်းနှင့် မြသဟာဆေးရုံမှ ပြည်သူအကျိုးပြုအနဖြေင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ မြသဟာဆေးရုံ၏ Operation Manager ဒေါက်တာလှိုင်ဦးလေး က ရှင်းလင်း ပြောကြားပြီးနောက် မွေးရာပါ နှုတ်ခမ်းကွဲ နှင့် အာခေါင်ကွေဲဝဒနာများနှင့် ပတ်သက်၍ ကုသနိုင်မှုအခြေအနေ နှင့် လုပ်ငန်းစဉ်များအား သွား/ခံတွင်းဆရာဝန် ဒေါက်တာအေးမြတ်မွန်က ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် လူမှုရေးအသင်းအဖွဲ့များမှ အကြံပြုဆွေးနွေးခဲ့ကြသည်။

အခမဲ့ ကုသပေးမည့် အစီအစဉ်အား ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဆောင်ရွက်မည်ပေးမည်ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက်ကုသနိုင်မည်ဖြစ်ပြီး စာရင်းပေးသွင်းမှုနှင့် ဆက်သွယ်စုံစမ်းရမည့် နောက်ဆုံးရက်အား အောက်တိုဘာလ(၁၀)ရက်ကို သတ်မှတ်ထားရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရို်င်အတွင်းမှ ကုသမှုခံယူလိုသည့်ေဝဒနာရှင်များအနဖြေင့် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ မြသဟာ(အဆွေတော်မိသားစု)ဆေးရုံသို့ လာရောက်၍ ဖြစ်စေ၊ ဖုန်း 08453436 နှင့် 09267833380 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းကာ မေးမြန်းနိုင်ကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့ရှိ စေတနာ ဆေးခန်း၊ သွား နှင့်ခံတွင်းဆရာဝန် ဒေါက်တာအေးမြတ်မွန် ဖုန်း 095069676 သို့လည်း ဆက်သွယ်နိုင်မည်ဖြစ်သည်။

တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် မိုင်းဖြတ်မြို့နယ်မှေဝဒနာရှင်များအနဖြေင့် မိုင်းဖြတ်မြို့ရှိ သဂငှ်လူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှမောင်သာ ဖုန်း - 09250475508 သို့လည်း ဆက်သွယ်နိုင်မည်ဖြစ်သည်။

တာလမြေို့မှေဝဒနာရှင်များအနဖြေင့် တာလမြေို့ ဆေးရုံလမ်းထိပ်ရှိ "ကောင်း"(၂၄)နာရီ အထူးကုဆေးခန်း၊ ဒေါက်တာအေးမြင့်ဦး ဖုန်း 09422994187 နှင့် 09262442718 သို့ ဆက်သွယ်စုံစမ်းကာ စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net