တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းကိုးေက်းရြာအတြင္း တရားမဝင္ သတၱဳတူးေဖၚေနသည္ကို စစ္ေဆးေတြ႔ရိွ၍ တားျမစ္ထားၿပီး ဆက္လက္အေရးယူမည္

တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းကိုးေက်းရြာအတြင္း တရားမဝင္ သတၱဳတူးေဖၚေနသည္ကို စစ္ေဆးေတြ႔ရိွ၍ တားျမစ္ထားၿပီး ဆက္လက္အေရးယူမည္
စက်တင်ဘာ 11, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စုအတြင္း လယ္ေျမေပၚတြင္ သတၱဳတူးေဖၚထုတ္လုပ္ခြင့္မရိွေသးဘဲ လုပ္ငန္းေဆာင္ရြက္ေနသူအား ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕က ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ (၁၁) ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးၿပီး တားျမစ္လုိက္သည္။

"မိုင္းကိုးေက်းရြာထဲမွာရိွတဲ့ မက္မံုတာ (၂) ရြာနားမွာရိွတဲ့ လယ္ယာေျမထဲမွာ သတၱဳသန္႔စင္တဲ့လုပ္ငန္းေတြ တရားမ၀င္ လုပ္ကိုင္ေနတယ္လို႔ ရပ္ေက်းကေန သတင္းပို႔လာတယ္။ ဌာနေပါင္းစံုနဲ႔ သြားစစ္တာပါ။ ကုမၸဏီနာမည္လည္း မရိွဘူး။ တရားဝင္ခြင့္ျပဳခ်က္၊ ေျမအသံုးခ်ခြင့္ေတြေရာ၊ စက္မႈႀကီးၾကပ္က ခြင့္ျပဳတာေတြေရာ မရေသးဘဲ လုပ္ကိုင္ေနတာ တစ္ခုေတြ႔တယ္။ လုပ္ကိုင္ခြင့္ေတြ တင္ထားဆဲလုိ႔ သိရတယ္။ ဆက္မလုပ္ဖုိ႔ တားျမစ္ထားတယ္။ အခုတူးေဖၚေနတာေတြအတြက္ ဒဏ္ေၾကးရိုက္တာေတြ ဆက္လုပ္ရမွာပါ "ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ေမာတြီေခ်ာင္းအနီးတြင္ သတၱဳသန္႔စင္စက္ရံု တည္ေဆာက္ထားၿပီး လက္ရိွလယ္ယာစိုက္ပ်ိဳးေနသည့္ ေျမေနရာမ်ားတြင္ ခြင့္ျပဳခ်က္မဲ့ လုပ္ေဆာင္ေနေၾကာင္း ေက်းရြာေဒသခံမ်ားက တာဝန္ရိွသူမ်ားထံ တင္ျပလာသျဖင့္ ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ ဦးခ်မ္းေျမ႕ေစာႏွင့္ တာဝန္ရိွသူမ်ားက သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း လယ်မြေပေါ်တွင် သတ္တုတူးဖော်ထုတ်လုပ်ခွင့်မရှိသေးဘဲ လုပ်ငန်းဆောင်ရွက်နေသူအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီး တားမြစ်လိုက်သည်။

"မိုင်းကိုးကျေးရွာထဲမှာရှိတဲ့ မက်မုံတာ (၂) ရွာနားမှာရှိတဲ့ လယ်ယာမြေထဲမှာ သတ္တုသန့်စင်တဲ့လုပ်ငန်းတွေ တရားမဝင် လုပ်ကိုင်နေတယ်လို့ ရပ်ကျေးကနေ သတင်းပို့လာတယ်။ ဌာနပေါင်းစုံနဲ့ သွားစစ်တာပါ။ ကုမ္ပဏီနာမည်လည်း မရှိဘူး။ တရားဝင်ခွင့်ပြုချက်၊ မြေအသုံးချခွင့်တွေရော၊ စက်မှုကြီးကြပ်က ခွင့်ပြုတာတွေရော မရသေးဘဲ လုပ်ကိုင်နေတာ တစ်ခုတွေ့တယ်။ လုပ်ကိုင်ခွင့်တွေ တင်ထားဆဲလို့ သိရတယ်။ ဆက်မလုပ်ဖို့ တားမြစ်ထားတယ်။ အခုတူးဖော်နေတာတွေအတွက် ဒဏ်ကြေးရိုက်တာတွေ ဆက်လုပ်ရမှာပါ "ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မောတွီချောင်းအနီးတွင် သတ္တုသန့်စင်စက်ရုံ တည်ဆောက်ထားပြီး လက်ရှိလယ်ယာစိုက်ပျိုးနေသည့် မြေနေရာများတွင် ခွင့်ပြုချက်မဲ့ လုပ်ဆောင်နေကြောင်း ကျေးရွာဒေသခံများက တာဝန်ရှိသူများထံ တင်ပြလာသဖြင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးချမ်းမြေ့စောနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net