တာခ်ီလိတ္တြင္ က်င္းပသည့္ ျမန္မာႏုိင္ငံလူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔အထိမ္းအမွတ္ အခမ္းအနားသို႔ ထုိင္းနိုင္ငံမွလည္း တက္ေရာက္

တာခ်ီလိတ္တြင္ က်င္းပသည့္ ျမန္မာႏုိင္ငံလူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔အထိမ္းအမွတ္ အခမ္းအနားသို႔ ထုိင္းနိုင္ငံမွလည္း တက္ေရာက္
စက်တင်ဘာ 13, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရွိ ဟုတ္တက္မဂၤလာခန္းမတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၃)ရက္ေန႔ နံနက္က က်င္းပသည့္  ျမန္မာႏုိင္ငံ လူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔အထိမ္းအမွတ္ အခမ္းအနားသို႔ တာခ်ီလိတ္ခရိုင္အတြင္းမွ ေဒသအုပ္ခ်ဳပ္ေရးဆိုင္ရာ အႀကီးအကဲမ်ား ႏွင့္ ဌာနဆိုင္ရာတာဝန္ရိွသူမ်ား အပါအ၀င္ ထုိင္းနိုင္ငံ၊ မယ္ဆိုင္မွ ဖိတ္ၾကားထားသူမ်ားလည္း  တက္ေရာက္သည္ကို ေတြ႔ရသည္။

ျမန္မာႏိုင္ငံတြင္ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥေပဒကို ၂၀၀၅ ခုႏွစ္၊ စက္တင္ဘာလ (၁၃)ရက္ေန႔တြင္ ျပဌာန္းခဲ့ၿပီး ဥပေဒျပဌာန္းခဲ့သည့္ေန႔ကို ျမန္မာႏုိင္ငံလူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔အျဖစ္ ၂၀၁၃ ခုႏွစ္ ကတည္းက သတ္မွတ္က်င္းပလာျခင္းျဖစ္သည္။

လူကုန္ကူးခံရသူမ်ားအား စာနာနားလည္ျခင္းျဖင့္ ကာကြယ္ေစာင့္ေရွာက္ႏုိင္ရန္ႏွင့္ လူကုန္ကူးမႈဆုိင္ရာ အသိပညာမ်ား ျပည္သူလူထုအတြင္း စိမ့္ဝင္ပ်ံ႕ႏွံ႔ေစရန္အပါအဝင္ ၂၀၁၉ ခုႏွစ္ လူကုန္ကူးမႈ တုိက္ဖ်က္ေရးေန႔ ရည္ရြယ္ခ်က္ (၄)ရပ္ ခ်မွတ္ထားျခင္းျဖစ္သည္။

အခမ္းအနားတြင္ ခရိုင္လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥကၠဌ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္က အဖြင့္မိန္႔ခြန္း ေျပာၾကားၿပီး ဒု ဥကၠဌ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္းက လူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔သို႔ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူေျပာၾကားသည့္ မိန္႔ခြန္းကို ဖတ္ၾကားသည္။

သတၱမအႀကိမ္ေျမာက္ ျမန္မာႏုိင္ငံ လူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔အထိမ္းအမွတ္ ေတးသီခ်င္းေရးဆိုၿပိဳင္ပြဲႏွင့္ တစ္ခန္းရပ္ျပဇာတ္တြင္ ပထမဆုရရိွထားသည့္ နားအြန္ အထက္တန္းေက်ာင္းခြဲ၊ ေတးသရုပ္ေဖၚ ပထမရသည့္ အ.မ.က ရန္ကင္းေက်ာင္း ႏွင့္  ပန္းခ်ီ၊ကာတြန္း၊ ပိုစတာၿပိဳင္ပြဲမ်ား၌ ဆုရ ေက်ာင္းသားေက်ာင္းသူမ်ားလည္း အခမ္းအနား တက္ေရာက္ၾကသည္ကို ေတြ႔ရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဟုတ်တက်မင်္ဂလာခန်းမတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်က ကျင်းပသည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တာချီလိတ်ခရိုင်အတွင်းမှ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အပါအဝင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မှ ဖိတ်ကြားထားသူများလည်း တက်ရောက်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပေဒကို ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ဥပဒပြေဌာန်းခဲ့သည့်နေ့ကို မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ် ကတည်းက သတ်မှတ်ကျင်းပလာခြင်းဖြစ်သည်။

လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်အပါအဝင် ၂၀၁၉ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက် (၄)ရပ် ချမှတ်ထားခြင်းဖြစ်သည်။

အခမ်းအနားတွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်မိန့်ခွန်း ပြောကြားပြီး ဒု ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်းက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူပြောကြားသည့် မိန့်ခွန်းကို ဖတ်ကြားသည်။

သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တေးသီချင်းရေးဆိုပြိုင်ပွဲနှင့် တစ်ခန်းရပ်ပြဇာတ်တွင် ပထမဆုရရှိထားသည့် နားအွန် အထက်တန်းကျောင်းခွဲ၊ တေးသရုပ်ဖော် ပထမရသည့် အ.မ.က ရန်ကင်းကျောင်း နှင့် ပန်းချီ၊ကာတွန်း၊ ပိုစတာပြိုင်ပွဲများ၌ ဆုရ ကျောင်းသားကျောင်းသူများလည်း အခမ်းအနား တက်ရောက်ကြသည်ကို တွေ့ရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net