တာခ်ီလိတ္တြင္ ဝက္သားသတ္လုပ္ငန္းလုိင္စင္မွ ယခုဘ႑ာႏွစ္အတြင္း က်ပ္သိန္း (၃၀၀၀)ေက်ာ္ ေလ်ာ့က်ဖြယ္ရိွ

တာခ်ီလိတ္တြင္ ဝက္သားသတ္လုပ္ငန္းလုိင္စင္မွ ယခုဘ႑ာႏွစ္အတြင္း က်ပ္သိန္း (၃၀၀၀)ေက်ာ္ ေလ်ာ့က်ဖြယ္ရိွ
စက်တင်ဘာ 12, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း ဝက္အားနည္းေရာဂါ ျဖစ္ပြားမႈေၾကာင့္ ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္အတြက္ စည္ပင္သာယာေရးေကာ္မတီ၏ ဝက္သားသတ္လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားသူ နည္းသြားသျဖင့္ အခြန္က်ပ္သိန္း (၃၀၀၀)ေက်ာ္ ေလ်ာ့က်ဖြယ္ရိွေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ယခင္ဘ႑ာႏွစ္က ဝက္သားသတ္လုပ္ငန္းလုိင္စင္ (၁၀)ခုက လစဥ္ (၁၇၂၃) ေကာင္ႏႈန္းျဖင့္ လုိင္စင္ေလွ်ာက္ထား လုပ္ကိုင္ခဲ့ၾကရာမွ ယခုႏွစ္တြင္ လစဥ္ (၂၃၆) ေကာင္သာ ေလွ်ာက္ထားၾကသျဖင့္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၂)ရက္ေန႔တြင္ စည္ပင္သာယာေရးဌာနႏွင့္ ဝက္သားသတ္လုပ္ငန္း လုပ္ကိုင္သူမ်ား ေတြ႔ဆံုညိႇႏိႈင္းခဲ့ၾကျခင္းျဖစ္သည္။

"ေစ်းကြက္ထဲမွာ ပစၥည္းမျပတ္ဖို႔ေပါ့။ သားသတ္လိုင္စင္ေတြ ယူတဲ့သူမရိွရင္ ေစ်းကြက္ထဲမွာ ဝက္သားမရိွဘဲ ျဖစ္သြားမယ္။ လက္ရိွ (၆) လေလာက္ကို သူတို႔အဆိုျပဳတဲ့ အေကာင္ေရနဲ႔ လုပ္ဖို႔ေပါ့။ အခြန္ရရိွဖို႔ အဓိက မဟုတ္ဘူး။ ေစ်းကြက္ထဲ ဝက္သားေပ်ာက္မသြားဖို႔ေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခင္ဘ႑ာႏွစ္က ဝက္သားသတ္လုပ္ငန္းလုိင္စင္ (၁၀)ခုကို လုပ္ငန္းရွင္ (၃၃) ဦးက ေဆာင္ရြက္ခဲ့ ေသာ္လည္း ယခု ဘ႑ာႏွစ္တြင္ လုပ္ငန္းရွင္ (၃၀)ဦးကသာ ဝက္သားသတ္လုပ္ငန္းလုိင္စင္ႏွင့္ ပတ္သက္၍ ညိႇႏိႈင္းေဆြးေႏြးမႈ လာေရာက္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ဝက်သားသတ်လုပ်ငန်းလိုင်စင်မှ ယခုဘဏ္ဍာနှစ်အတွင်း ကျပ်သိန်း (၃၀၀၀)ကျော် လျော့ကျဖွယ်ရှိ
*********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ဝက်အားနည်းရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် စည်ပင်သာယာရေးကော်မတီ၏ ဝက်သားသတ် လုပ်ငန်းလိုင်စင် လျှောက်ထားသူ နည်းသွားသဖြင့် အခွန်ကျပ်သိန်း (၃၀၀၀)ကျော် လျော့ကျဖွယ်ရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ယခင်ဘဏ္ဍာနှစ်က ဝက်သားသတ်လုပ်ငန်းလိုင်စင် (၁၀)ခုက လစဉ် (၁၇၂၃) ကောင်နှုန်းဖြင့် လိုင်စင်လျှောက်ထား လုပ်ကိုင်ခဲ့ကြရာမှ ယခုနှစ်တွင် လစဉ် (၂၃၆) ကောင်သာ လျှောက်ထားကြသဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် စည်ပင်သာယာရေးဌာနနှင့် ဝက်သားသတ်လုပ်ငန်း လုပ်ကိုင်သူများ တွေ့ဆုံညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

"ဈေးကွက်ထဲမှာ ပစ္စည်းမပြတ်ဖို့ပေါ့။ သားသတ်လိုင်စင်တွေ ယူတဲ့သူမရှိရင် ဈေးကွက်ထဲမှာ ဝက်သားမရှိဘဲ ဖြစ်သွားမယ်။ လက်ရှိ (၆) လလောက်ကို သူတို့အဆိုပြုတဲ့ အကောင်ရေနဲ့ လုပ်ဖို့ပေါ့။ အခွန်ရရှိဖို့ အဓိက မဟုတ်ဘူး။ ဈေးကွက်ထဲ ဝက်သားပျောက်မသွားဖို့ပေါ့"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်ဘဏ္ဍာနှစ်က ဝက်သားသတ်လုပ်ငန်းလိုင်စင် (၁၀)ခုကို လုပ်ငန်းရှင် (၃၃) ဦးက ဆောင်ရွက်ခဲ့ သော်လည်း ယခု ဘဏ္ဍာနှစ်တွင် လုပ်ငန်းရှင် (၃၀)ဦးကသာ ဝက်သားသတ်လုပ်ငန်းလိုင်စင်နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှု လာရောက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net