တာခ်ီလိတ္တြင္ FDA ေထာက္ခံခ်က္ေလွ်ာက္ထားဆဲ ေရသန္႔စက္ရံု (၉) ခုရိွေန

တာခ်ီလိတ္တြင္ FDA ေထာက္ခံခ်က္ေလွ်ာက္ထားဆဲ ေရသန္႔စက္ရံု (၉) ခုရိွေန
စက်တင်ဘာ 12, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေရသန္႔ထုတ္လုပ္ငန္း (၄၀) ရိွသည့္အနက္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၂) ရက္ေန႔အထိ FDA ေထာက္ခံခ်က္ ေလွ်ာက္ထားဆဲ ေရသန္႔စက္ရံု (၉) ခုရိွေနေၾကာင္း တာခ်ီလိတ္ ေရသန္႔လုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။

 “ အခုက FDA ေလွ်ာက္ထားဆဲ ေရသန္႔စက္ရံုက (၉)ခုေလာက္ပဲ ရိွေတာ့တယ္။ အားလံုးက ေလွ်ာက္ေတာ့ ေလွ်ာက္ထားၿပီးၾကပါၿပီ။ ေရသန္႔လုပ္ငန္းရွင္မ်ားအသင္း CEC အဖြဲ႕ကို စက္တင္ဘာ (၂၀)ရက္ေန႔မွာ အသစ္ဖြဲ႕မယ္။ ၿပီးရင္ စည္းမ်ဥ္းစည္းကမ္းေတြထုတ္ၿပီးေတာ့ FDA နဲ႔ ေနာက္လ (၁၀)ရက္ေန႔မွာ ေတြ႔ဖုိ႔ရိွတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ေရသန္ ့လုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ေရသန္႔လုပ္ငန္းရွင္မ်ား အသင္း၏ လုပ္ငန္းညိႇႏိႈင္း အစည္းအေဝးကို လစဥ္ (၁၀)ရက္ေန႔တုိင္း က်င္းပၿပီး ေရသန္႔လုပ္ငန္းမ်ား အေနျဖင့္ စားသံုးကုန္ထုတ္လုပ္မႈဆိုင္ရာ ဥပေဒ စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္ အညီ ျဖစ္ေစေရးႏွင့္ လုပ္ငန္းမ်ား၏ အခက္အခဲမ်ားကို ပူးေပါင္းေျဖရွင္းရန္ ညိႇႏိႈင္း ေဆြးေႏြးၾကရာ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၀)ရက္ေန႔ အစည္းအေဝးတြင္ CEC ျပန္လည္ဖြဲ႕စည္းရန္ႏွင့္ မဟာျမတ္မုနိဆရာေတာ္ႀကီး၏ အႏၱိမအဂၢိစ်ာပန၌ ေရသန္႔ဗူး (၅၀၀)လွဴဒါန္းရန္ ဆံုးျဖတ္ခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္မွ ေရသန္႔လုပ္ငန္းရွင္မ်ားက ၂၀၁၇ ခုနွစ္၊ စက္တင္ဘာလ (၁၅) ရက္ေန႔တြင္  တာခ်ီလိတ္ၿမိဳ႕နယ္ ေရသန္႔လုပ္ငန္းရွင္မ်ားအသင္းကို အသစ္ျပန္လည္ဖြဲ႕စည္းလုိက္ၿပီးေနာက္ FDA ေထာက္ခံခ်က္မရိွသည့္ ေရသန္႔လုပ္ငန္း (၁၄)ခုကို FDA ေထာက္ခံခ်က္ရရိွေရး (၆)လအတြင္း ေဆာင္ရြက္ၾကရန္အတြက္ ေအာက္တိုဘာလ (၃)ရက္ေန႔အစည္းအေဝး၌ အတည္ျပဳခဲ့ၾကျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္က ေရသန္႔လုပ္ငန္းစက္ရံု (၄၂)ခုရိွသည့္အနက္ FDA ေထာက္ခံခ်က္ မရေသးသည့္ စက္ရံုေပါင္း (၁၄)ခုရိွခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ စက္ရံု (၄၀)သာရိွေတာ့ကာ FDA ေထာက္ခံခ်က္ မရေသးသည့္ စက္ရံု (၉)ခုရိွေနျခင္းျဖစ္သည္။

၂၀၁၇ ခုႏွစ္က ဖြဲ႕စည္းခဲ့သည့္ ေရသန္႔လုပ္ငန္းရွင္မ်ားအသင္းအဖြဲ႔တြင္ ဥကၠဌအျဖစ္ ဦးၾကည္ျမင့္၊ ဒုဥကၠဌ(၁)အျဖစ္ ေဒၚမားမား၊ ဒုဥကၠဌ(၂)အျဖစ္ ဦးတင့္ေဆြ၊ အတြင္းေရးမွဴးအျဖစ္ ဦးျမင့္ေဇာ္၊ ဘ႑ာေရးမွဴးအျဖစ္ ဦးအားလို၊ စာရင္းစစ္အျဖစ္ ဦးစိုင္းခမ္ရွမ္၊ ျပန္ၾကားေရးအျဖစ္ ေဒၚမားမားႏွင့္အဖြဲ႕၊ အမႈေဆာင္မ်ားအျဖစ္ ဦးဝင္းျမင့္၊ ဦးဇာနည္၊ ေဒၚနန္းေအာင္ႏွင့္ ဦးညြန္႔ေဆြတို႔က တာဝန္ယူခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေရသန္႔လုပ္ငန္းရွင္မ်ားအသင္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် FDA ထောက်ခံချက်လျှောက်ထားဆဲ ရေသန့်စက်ရုံ (၉) ခုရှိနေ
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရေသန့်ထုတ်လုပ်ငန်း (၄၀) ရှိသည့်အနက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့အထိ FDA ထောက်ခံချက် လျှောက်ထားဆဲ ရေသန့်စက်ရုံ (၉) ခုရှိနေကြောင်း တာချီလိတ် ရေသန့်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 “ အခုက FDA လျှောက်ထားဆဲ ရေသန့်စက်ရုံက (၉)ခုလောက်ပဲ ရှိတော့တယ်။ အားလုံးက လျှောက်တော့ လျှောက်ထားပြီးကြပါပြီ။ ရေသန့်လုပ်ငန်းရှင်များအသင်း CEC အဖွဲ့ကို စက်တင်ဘာ (၂၀)ရက်နေ့မှာ အသစ်ဖွဲ့မယ်။ ပြီးရင် စည်းမျဉ်းစည်းကမ်းတွေထုတ်ပြီးတော့ FDA နဲ့ နောက်လ (၁၀)ရက်နေ့မှာ တွေ့ဖို့ရှိတယ်”ဟု တာချီလိတ်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ရေသန့်လုပ်ငန်းရှင်များ အသင်း၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လစဉ် (၁၀)ရက်နေ့တိုင်း ကျင်းပပြီး ရေသန့်လုပ်ငန်းများ အနေဖြင့် စားသုံးကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဖြစ်စေရေးနှင့် လုပ်ငန်းများ၏ အခက်အခဲများကို ပူးပေါင်းဖြေရှင်းရန် ညှိနှိုင်း ဆွေးနွေးကြရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့ အစည်းအဝေးတွင် CEC ပြန်လည်ဖွဲ့စည်းရန်နှင့် မဟာမြတ်မုနိဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန၌ ရေသန့်ဗူး (၅၀၀)လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မှ ရေသန့်လုပ်ငန်းရှင်များက ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင်  တာချီလိတ်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပြီးနောက် FDA ထောက်ခံချက်မရှိသည့် ရေသန့်လုပ်ငန်း (၁၄)ခုကို FDA ထောက်ခံချက်ရရှိရေး (၆)လအတွင်း ဆောင်ရွက်ကြရန်အတွက် အောက်တိုဘာလ (၃)ရက်နေ့အစည်းအဝေး၌ အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ၂၀၁၇ ခုနှစ်က ရေသန့်လုပ်ငန်းစက်ရုံ (၄၂)ခုရှိသည့်အနက် FDA ထောက်ခံချက် မရသေးသည့် စက်ရုံပေါင်း (၁၄)ခုရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စက်ရုံ (၄၀)သာရှိတော့ကာ FDA ထောက်ခံချက် မရသေးသည့် စက်ရုံ (၉)ခုရှိနေခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ရေသန့်လုပ်ငန်းရှင်များအသင်းအဖွဲ့တွင် ဥက္ကဌအဖြစ် ဦးကြည်မြင့်၊ ဒုဥက္ကဌ(၁)အဖြစ် ဒေါ်မားမား၊ ဒုဥက္ကဌ(၂)အဖြစ် ဦးတင့်ဆွေ၊ အတွင်းရေးမှူးအဖြစ် ဦးမြင့်ဇော်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးအားလို၊ စာရင်းစစ်အဖြစ် ဦးစိုင်းခမ်ရှမ်၊ ပြန်ကြားရေးအဖြစ် ဒေါ်မားမားနှင့်အဖွဲ့၊ အမှုဆောင်များအဖြစ် ဦးဝင်းမြင့်၊ ဦးဇာနည်၊ ဒေါ်နန်းအောင်နှင့် ဦးညွန့်ဆွေတို့က တာဝန်ယူခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ရေသန့်လုပ်ငန်းရှင်များအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net