မင္းလွၿမိဳ႕ ေက်ာက္မီးေသြးတြင္း၌ ပိတ္မိေသဆံုးသူ(၂)ဦးႏွင့္ ေပ်ာက္ဆံုးေနသူ (၂)ဦးတို႔အတြက္ ကရုဏာေၾကး က်ပ္သိန္း (၇၀) စီ ေပးအပ္

မင္းလွၿမိဳ႕ ေက်ာက္မီးေသြးတြင္း၌ ပိတ္မိေသဆံုးသူ(၂)ဦးႏွင့္ ေပ်ာက္ဆံုးေနသူ (၂)ဦးတို႔အတြက္ ကရုဏာေၾကး က်ပ္သိန္း (၇၀) စီ ေပးအပ္
စက်တင်ဘာ 2, 2019
By 🌸
မေကြးတိုင္း၊ မင္းလွၿမိဳ႕နယ္တြင္ အင္ၾကင္းေတာင္ ေက်ာက္မီးေသြးတူးေဖာ္ေရးကုမၸဏီ လိမီတက္၏ ေက်ာက္မီးေသြးလုပ္ကြက္အတြင္း ေသဆံုးသြားသူ (၂)ဦးႏွင့္ ေပ်ာက္ဆံုးသူ (၂)ဦးတုိ႔အတြက္ ကရုဏာေၾကး တစ္ဦးလွ်င္ က်ပ္သိန္း (၇၀)ႏႈန္းျဖင့္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂) ရက္ေန႔တြင္ က်န္ရစ္သူမိသားစုမ်ားထံ ေပးအပ္သည္။

 “မင္းလွေထြအုပ္ရံုးမွာ ေသဆံုးသူ (၂)ဦးနဲ႔ ေပ်ာက္ဆံုးေနသူ(၂)ဦးတို႔ရဲ႕ မိသားစုေတြကို ေခၚယူေတြ႔ဆံုညိွႏိွဳင္းၿပီး ကုမၸဏီက တစ္ဦးစီအတြက္ က်ပ္ သိန္း(၇၀)စီ ကရုဏာေၾကး ေပးအပ္ခဲ့တာပါ။ မင္းဘူးခရိုင္အလုပ္သမားဦးစီးဌာနကို ေပးသြင္းရမယ့္ က်ပ္(၄)သိန္းခဲြစီ ကိုလည္း ကုမၸဏီက ေပးသြင္းခဲ့တာေၾကာင့္ အဲဒီ က်ပ္(၄)သိန္းခဲြစီကို နစ္နာသူ ကာယကံရွင္မ်ားက အလုပ္သမားဌာနကို သြားေရာက္ထုတ္ယူရမွာျဖစ္ပါတယ္။ လူကယ္ျပန္က ေထာက္ပံ့ေပးခဲ့တဲ့ က်ပ္(၃)သိန္းရယ္နဲ႔ဆို တစ္ဦးကို အားလံုးေပါင္း က်ပ္(၇၇)သိန္းခဲြစီ ရသြားၾကတယ္လို႔ ဆိုရမွာေပါ့” ဟု  မင္းလွ မဲဆႏၵနယ္အမွတ္(၂)မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မင္းလွၿမိဳ႕နယ္ ဆပ္ျပာေက်းရြာအေရွ႕ေတာင္ဘက္ (၅)မိုင္ခန္႔အကြာရိွ အင္ၾကင္းေတာင္ ေက်ာက္မီးေသြးတူးေဖာ္ေရး ကုမၸဏီလီမိတက္၏ ေက်ာက္မီးေသြးတြင္း၌ ၾသဂုတ္လ(၂၅)ရက္ ညေနပိုင္းက မိုးသည္းထန္စြာရြာၿပီးေနာက္ ေက်ာက္မီးေသြးတြင္းထဲသို႔ ေတာင္က်ေရမ်ား စီးဝင္ကာ တြင္းအနက္ ေပ(၂၈၀)ခန္႔တြင္ ပိတ္မိေနသည့္ လုပ္သား(၄)ဦးအနက္ (၂)ဦး၏ အေလာင္းကိုသာ ရွာေဖြေတြ႔ရိွခဲ့ၿပီး က်န္(၂)ဦးမွာမူ စက္တင္ဘာလ (၂) ရက္ေန႔အထိ ရွာေဖြေတြ႔ရိွျခင္းမရိွေသးဟု သိရသည္။

 “ကာယကံရွင္မိသားစုေတြ သြား၊ လာ၊ စားေသာက္စရိတ္ စုစုေပါင္း (၁၅)သိန္းေလာက္နဲ႔ ဘုန္းေတာ္ႀကီးေတြ ပင့္ဖိတ္ၿပီး ေသဆံုးသူေတြအတြက္ အလွဴဒါနျပဳခဲ့တဲ့ကုန္က်စရိတ္ စတာေတြကို ထုတ္ႏွဳတ္ျခင္းမျပဳဘဲ သိန္း(၇၀) စီ ကရုဏာေၾကးေပးခဲ့တာျဖစ္လို႔ ကာယကံရွင္ေတြ အေနနဲ႔လည္း ေက်နပ္ၾကပါတယ္”ဟု အင္ၾကင္းေတာင္ကုမၸဏီ ရံုပိုင္းဆိုင္ရာမန္ေနဂ်ာ ကိုသဲသဲဇံျမတ္ကိုက ေျပာသည္။

မေကြးႏွင့္ မင္းလွမွ လႊတ္ေတာ္အမတ္မ်ား၊ သယံဇာတ၊ သစ္ေတာ၊ ေျမစာရင္းႏွင့္ ေထြအုပ္မွ တာဝန္ရိွသူမ်ား ေဆြးေႏြးညိွႏိွဳင္း၍ ေက်ာက္မီးေသြးတြင္း၏အေျခအေနအရ ရွာေဖြေရးအဖဲြ႔အတြက္ပါ အႏၱရာယ္ရိွေနသျဖင့္  ကာယကံရွင္မ်ားကို အသိေပးကာ တြင္းထဲ၌ က်န္ရိွေနသူ(၂)ဦးကို ဆက္လက္ရွာေဖြျခင္း မျပဳဘဲ ရပ္နားထားရန္ ၾသဂုတ္လ (၃၀)ရက္ေန႔က ဆံုးျဖတ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု-မ်ိဳးလိႈင္ဝင္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မင်းလှမြို့ ကျောက်မီးသွေးတွင်း၌ ပိတ်မိသေဆုံးသူ(၂)ဦးနှင့် ပျောက်ဆုံးနေသူ (၂)ဦးတို့အတွက် ကရုဏာကြေး ကျပ်သိန်း (၇၀) စီ ပေးအပ်
*********
မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် အင်ကြင်းတောင် ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီ လိမီတက်၏ ကျောက်မီးသွေးလုပ်ကွက်အတွင်း သေဆုံးသွားသူ (၂)ဦးနှင့် ပျောက်ဆုံးသူ (၂)ဦးတို့အတွက် ကရုဏာကြေး တစ်ဦးလျှင် ကျပ်သိန်း (၇၀)နှုန်းဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင် ကျန်ရစ်သူမိသားစုများထံ ပေးအပ်သည်။

 “မင်းလှထွေအုပ်ရုံးမှာ သေဆုံးသူ (၂)ဦးနဲ့ ပျောက်ဆုံးနေသူ(၂)ဦးတို့ရဲ့ မိသားစုတွေကို ခေါ်ယူတွေ့ဆုံညှိနှိုင်းပြီး ကုမ္ပဏီက တစ်ဦးစီအတွက် ကျပ် သိန်း(၇၀)စီ ကရုဏာကြေး ပေးအပ်ခဲ့တာပါ။ မင်းဘူးခရိုင်အလုပ်သမားဦးစီးဌာနကို ပေးသွင်းရမယ့် ကျပ်(၄)သိန်းခွဲစီ ကိုလည်း ကုမ္ပဏီက ပေးသွင်းခဲ့တာကြောင့် အဲဒီ ကျပ်(၄)သိန်းခွဲစီကို နစ်နာသူ ကာယကံရှင်များက အလုပ်သမားဌာနကို သွားရောက်ထုတ်ယူရမှာဖြစ်ပါတယ်။ လူကယ်ပြန်က ထောက်ပံ့ပေးခဲ့တဲ့ ကျပ်(၃)သိန်းရယ်နဲ့ဆို တစ်ဦးကို အားလုံးပေါင်း ကျပ်(၇၇)သိန်းခွဲစီ ရသွားကြတယ်လို့ ဆိုရမှာပေါ့” ဟု  မင်းလှ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မင်းလှမြို့နယ် ဆပ်ပြာကျေးရွာအရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာရှိ အင်ကြင်းတောင် ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေးတွင်း၌ သြဂုတ်လ(၂၅)ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာပြီးနောက် ကျောက်မီးသွေးတွင်းထဲသို့ တောင်ကျရေများ စီးဝင်ကာ တွင်းအနက် ပေ(၂၈၀)ခန့်တွင် ပိတ်မိနေသည့် လုပ်သား(၄)ဦးအနက် (၂)ဦး၏ အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်(၂)ဦးမှာမူ စက်တင်ဘာလ (၂) ရက်နေ့အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးဟု သိရသည်။

 “ကာယကံရှင်မိသားစုတွေ သွား၊ လာ၊ စားသောက်စရိတ် စုစုပေါင်း (၁၅)သိန်းလောက်နဲ့ ဘုန်းတော်ကြီးတွေ ပင့်ဖိတ်ပြီး သေဆုံးသူတွေအတွက် အလှူဒါနပြုခဲ့တဲ့ကုန်ကျစရိတ် စတာတွေကို ထုတ်နှုတ်ခြင်းမပြုဘဲ သိန်း(၇၀) စီ ကရုဏာကြေးပေးခဲ့တာဖြစ်လို့ ကာယကံရှင်တွေ အနေနဲ့လည်း ကျေနပ်ကြပါတယ်”ဟု အင်ကြင်းတောင်ကုမ္ပဏီ ရုံပိုင်းဆိုင်ရာမန်နေဂျာ ကိုသဲသဲဇံမြတ်ကိုက ပြောသည်။

မကွေးနှင့် မင်းလှမှ လွှတ်တော်အမတ်များ၊ သယံဇာတ၊ သစ်တော၊ မြေစာရင်းနှင့် ထွေအုပ်မှ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်း၍ ကျောက်မီးသွေးတွင်း၏အခြေအနေအရ ရှာဖွေရေးအဖွဲ့အတွက်ပါ အန္တရာယ်ရှိနေသဖြင့်  ကာယကံရှင်များကို အသိပေးကာ တွင်းထဲ၌ ကျန်ရှိနေသူ(၂)ဦးကို ဆက်လက်ရှာဖွေခြင်း မပြုဘဲ ရပ်နားထားရန် သြဂုတ်လ (၃၀)ရက်နေ့က ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ-မျိုးလှိုင်ဝင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net