BM ေမထန္ခ်ိတ္ သြပ္အမိုးျပားႏွင့္ လိတ္တံခါးစက္ရံု ဖူဆယ္ဖလားတြင္ အသင္း (၁၈) သင္း ယွဥ္ၿပိဳင္မည္

BM ေမထန္ခ်ိတ္ သြပ္အမိုးျပားႏွင့္ လိတ္တံခါးစက္ရံု ဖူဆယ္ဖလားတြင္ အသင္း (၁၈) သင္း ယွဥ္ၿပိဳင္မည္
စက်တင်ဘာ 9, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ Futsal Tachileik ကြင္းတြင္ က်င္းပမည့္ BM ေမထန္ခ်ိတ္ သြပ္အမိုးျပားႏွင့္ လိတ္တံခါးစက္ရံု ဖူဆယ္ဖလားတြင္ ဖူဆယ္အသင္း (၁၈)သင္းက အုပ္စု (၆)ခုျဖင့္၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၉)ရက္ေန႔မွစ၍ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ အသင္း (၁၈)သင္းကို အုပ္စု (၆)ခု ခြဲလုိက္ပါတယ္။ အုပ္စုအလုိက္ အသင္းေတြက မနက္ျဖန္ ညေန (၅)နာရီကေနစၿပီး ကစားၾကမယ္။ အုပ္စုအလုိက္ တက္လာတဲ့အသင္းေတြနဲ႔ ေန႔တုိင္း ညေန (၅)နာရီကေန စၿပီး ကစားၾကမယ္”ဟု Futsal Tachileik ေဘာလံုးကြင္းပိုင္ရွင္ ဦးထြန္းထြန္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပိဳင္ပြဲဝင္အသင္းမ်ားကို စက္တင္ဘာလ (၈)ရက္ေန႔က မဲႏိႈက္၍ အုပ္စုခြဲခဲ့ျခင္းျဖစ္ၿပီး ဆုရအသင္းမ်ားကို ခ်ီးျမႇင့္ရန္ BM ေမထန္ခ်ိတ္သြပ္အမိုးျပားစက္ရံုက ပံ့ပိုးေပးထားေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ Football Lover၊ Special One ႏွင့္ ဂ်က္အသင္းတုိ႔က အုပ္စု A၊ ပီလံု၊ တုိင္းရင္းသားလူငယ္ႏွင့္ ေနလင္းအသင္းတုိ႔က အုပ္စု B၊ အလူရာ၊ ယံုရွင္းႏွင့္ ကညနအသင္းတုိ႔က အုပ္စု C၊ ဘိုလင္း၊ အာခါေစ်း (B) ႏွင့္ အာခါေစ်း (A)တို႔က အုပ္စု D၊ ကိုမလိႈင္၊ R.G ႏွင့္ သြယ္အသင္းတုိ႔က အုပ္စု E ႏွင့္ Seven Stars (လာဂါ)၊ ဂ်ီးနီးယပ္စ္ (Genius) ႏွင့္ ရဲစခန္း (ဝမ္ေကာင္း)အသင္းတုိ႔က အုပ္စု F တို႔တြင္ အသီးသီး ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
BM မေထန်ချိတ် သွပ်အမိုးပြားနှင့် လိတ်တံခါးစက်ရုံ ဖူဆယ်ဖလားတွင် အသင်း (၁၈) သင်း ယှဉ်ပြိုင်မည်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ Futsal Tachileik ကွင်းတွင် ကျင်းပမည့် BM မေထန်ချိတ် သွပ်အမိုးပြားနှင့် လိတ်တံခါးစက်ရုံ ဖူဆယ်ဖလားတွင် ဖူဆယ်အသင်း (၁၈)သင်းက အုပ်စု (၆)ခုဖြင့်၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှစ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ အသင်း (၁၈)သင်းကို အုပ်စု (၆)ခု ခွဲလိုက်ပါတယ်။ အုပ်စုအလိုက် အသင်းတွေက မနက်ဖြန် ညနေ (၅)နာရီကနေစပြီး ကစားကြမယ်။ အုပ်စုအလိုက် တက်လာတဲ့အသင်းတွေနဲ့ နေ့တိုင်း ညနေ (၅)နာရီကနေ စပြီး ကစားကြမယ်”ဟု Futsal Tachileik ဘောလုံးကွင်းပိုင်ရှင် ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲဝင်အသင်းများကို စက်တင်ဘာလ (၈)ရက်နေ့က မဲနှိုက်၍ အုပ်စုခွဲခဲ့ခြင်းဖြစ်ပြီး ဆုရအသင်းများကို ချီးမြှင့်ရန် BM မေထန်ချိတ်သွပ်အမိုးပြားစက်ရုံက ပံ့ပိုးပေးထားကြောင်း သိရသည်။

ပြိုင်ပွဲတွင် Football Lover၊ Special One နှင့် ဂျက်အသင်းတို့က အုပ်စု A၊ ပီလုံ၊ တိုင်းရင်းသားလူငယ်နှင့် နေလင်းအသင်းတို့က အုပ်စု B၊ အလူရာ၊ ယုံရှင်းနှင့် ကညနအသင်းတို့က အုပ်စု C၊ ဘိုလင်း၊ အာခါဈေး (B) နှင့် အာခါဈေး (A)တို့က အုပ်စု D၊ ကိုမလှိုင်၊ R.G နှင့် သွယ်အသင်းတို့က အုပ်စု E နှင့် Seven Stars (လာဂါ)၊ ဂျီးနီးယပ်စ် (Genius) နှင့် ရဲစခန်း (ဝမ်ကောင်း)အသင်းတို့က အုပ်စု F တို့တွင် အသီးသီး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net