ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ကုမ္ပဏီ (၁၈၄)ခုကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်

စက်တင်ဘာ 14, 2019
By 🌸
ကုမ္ပဏီ (၁၈၄)ခုက ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံ တင်ပြထားသည့် ဆန္ဒအလျောက် ကုမ္ပဏီမှတ်ပုံတင်စာရင်း ပယ်ဖျက်ခွင့်အား အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၁၉ ဖြင့် အတည်ပြုပေးလိုက်ပြီဖြစ်သည်။

ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၅)ရက်နေ့က ကျင်းပခဲ့သည့် (၁၈/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးတွင် သဘောတူဆုံးဖြတ်သည့် အမိန့်ကြော်ငြာစာကို စက်တင်ဘာလ (၁၀)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီများ ဆန္ဒအလျောက် ဖျက်သိမ်းခြင်းအတွက် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ကုမ္ပဏီ (၁၈၄)ခုကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
*************
ကုမ္ပဏီ (၁၈၄)ခုက ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံ တင်ပြထားသည့် ဆန္ဒအလျောက် ကုမ္ပဏီမှတ်ပုံတင်စာရင်း ပယ်ဖျက်ခွင့်အား အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၁၉ ဖြင့် အတည်ပြုပေးလိုက်ပြီဖြစ်သည်။

ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၅)ရက်နေ့က ကျင်းပခဲ့သည့် (၁၈/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးတွင် သဘောတူဆုံးဖြတ်သည့် အမိန့်ကြော်ငြာစာကို စက်တင်ဘာလ (၁၀)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီများ ဆန္ဒအလျောက် ဖျက်သိမ်းခြင်းအတွက် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net