ဧရာ၀တီျမစ္ေရတိုးလာမႈေၾကာင့္ စလင္းၿမိဳ႕နယ္ရွိ ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ ေစတီရင္ျပင္ေတာ္ ျမစ္အတြင္းၿပိဳက်

ဧရာ၀တီျမစ္ေရတိုးလာမႈေၾကာင့္ စလင္းၿမိဳ႕နယ္ရွိ ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ ေစတီရင္ျပင္ေတာ္ ျမစ္အတြင္းၿပိဳက်
စက်တင်ဘာ 21, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း ဧရာ၀တီျမစ္ကမ္းတေလွ်ာက္ ျမစ္ေရတိုးကာ ျမစ္ကမ္းပါးၿပိဳက်မႈျဖစ္စဥ္ေၾကာင့္  စလင္းၿမိဳ႕နယ္ ဇီးျဖဴပင္အုပ္စုအတြင္း ကြ်န္းကေလးရြာရွိ ရြာဦးဘုန္းေတာ္ႀကီးေက်ာင္း ႏွင့္ ေစတီရင္ျပင္ေတာ္တစ္စိတ္တစ္ပိုင္းတို႔မွာ စက္တင္ဘာလ(၂၀)ရက္ေန႔က ျမစ္အတြင္း ၿပိဳက်ပါရွိသြားေၾကာင္း သိရသည္။

“လူေနအိမ္ေတြ မပါေပမယ့္ ဘုန္းႀကီးေက်ာင္းနဲ႔ ဘုရားရင္ျပင္ေတာ့ ျမစ္ထဲၿပိဳက်သြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ကမ္းပါး ၿပိဳက်မယ့္အေရးေၾကာင့္ လူေနအိမ္(၅)လံုးေလာက္ ၿဖိဳဖ်က္ၿပီး စုပံုထားခဲ့ရပါတယ္။ အဲဒီေနာက္ ျမစ္ေခ်ာင္းၿဖိဳး ဌာန က ပိုက္ေတြ ပီပါေတြသံုးၿပီး ျမစ္ကမ္းထိန္းလုပ္ငန္းနဲ႔ ေရလမ္းေၾကာင္းလႊဲေပးခဲ့လို႔ သက္သာရာ ရခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ပိုက္ေတြက ေပါက္ကုန္လို႔ ျပန္လုပ္ေပးဖို႔ေတာ့ စီစဥ္ေနပါတယ္။ ရြာမွာက ကမ္းပါးေတြၿပိဳၿပိဳက်ေန တာေၾကာင့္ လုပ္စားေျမက အလြန္နည္းပါးေနပါၿပီ။ ဒါ့ေၾကာင့္ လူအင္အားသာတတ္ႏိုင္ၾကၿပီး ေငြအင္အားမတတ္ ႏိုင္ၾကဘဲျဖစ္ေနၾကလို႔ ေငြေၾကးေထာက္ပံ့မႈေတာ့ လိုအပ္ေနပါတယ္”ဟု ဇီးျဖဴပင္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ၾကည္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဘုန္းႀကီးေက်ာင္းႏွင့္ ေစတီရင္ျပင္ေတာ္ ျမစ္ေရတိုက္စား၍ ၿပိဳက်သြားခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြားရာ ကၽြန္းကေလး ေက်းရြာသို႔   စလင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ အဖဲြ႔၊ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးႏွင့္ ရဲတပ္ဖဲြ႔ဝင္မ်ား၊ မီးသတ္တပ္ဖဲြ႔ဝင္မ်ားေရာက္ရိွကာ ကူညီေဆာင္ရြက္လွ်က္ရိွေနေၾကာင္း သိရသည္။

ကၽြန္းကေလးေက်းရြာမွာ ဧရာဝတီျမစ္ကမ္းပါးအနီးတြင္ရိွၿပီး  အိမ္ေျခ ( ၁၅၀ )ေက်ာ္ရွိေၾကာင္းႏွင့္ ဧရာဝတီျမစ္ေရ တိုးၿပီး ကမ္းပါးၿပိဳက်မႈမ်ားျဖစ္ေန၍ စာသင္ေက်ာင္းေဆာင္မ်ားအား လြန္ခဲ့သည့္ ( ၅ )လခန္႔ကတည္းက ရြာ၏ အေနာက္ဘက္သို႔ ႀကိဳတင္ေျပာင္းေရႊ႕ထားခဲ႔ရေၾကာင္း သိရသည္။

သတင္း- ဖီးနစ္
ဓာတ္ပံု-သူရ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကမ်းတလျှောက် မြစ်ရေတိုးကာ မြစ်ကမ်းပါးပြိုကျမှုဖြစ်စဉ်ကြောင့် စလင်းမြို့နယ် ဇီးဖြူပင်အုပ်စုအတွင်း ကျွန်းကလေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း နှင့် စေတီရင်ပြင်တော်တစ်စိတ်တစ်ပိုင်းတို့မှာ စက်တင်ဘာလ(၂၀)ရက်နေ့က မြစ်အတွင်း ပြိုကျပါရှိသွားကြောင်း သိရသည်။

“လူနေအိမ်တွေ မပါပေမယ့် ဘုန်းကြီးကျောင်းနဲ့ ဘုရားရင်ပြင်တော့ မြစ်ထဲပြိုကျသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကမ်းပါး ပြိုကျမယ့်အရေးကြောင့် လူနေအိမ်(၅)လုံးလောက် ဖြိုဖျက်ပြီး စုပုံထားခဲ့ရပါတယ်။ အဲဒီနောက် မြစ်ချောင်းဖြိုး ဌာန က ပိုက်တွေ ပီပါတွေသုံးပြီး မြစ်ကမ်းထိန်းလုပ်ငန်းနဲ့ ရေလမ်းကြောင်းလွှဲပေးခဲ့လို့ သက်သာရာ ရခဲ့ပေမယ့် ဒီနှစ်မှာတော့ ပိုက်တွေက ပေါက်ကုန်လို့ ပြန်လုပ်ပေးဖို့တော့ စီစဉ်နေပါတယ်။ ရွာမှာက ကမ်းပါးတွပြေိုပြိုကျနေ တာကြောင့် လုပ်စားမြေက အလွန်နည်းပါးနေပါပြီ။ ဒါ့ကြောင့် လူအင်အားသာတတ်နိုင်ကြပြီး ငွေအင်အားမတတ် နိုင်ကြဘဲဖြစ်နကြေလို့ ငွေကြေးထောက်ပံ့မှုတော့ လိုအပ်နေပါတယ်”ဟု ဇီးဖြူပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ဘုန်းကြီးကျောင်းနှင့် စေတီရင်ပြင်တော် မြစ်ရေတိုက်စား၍ ပြိုကျသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားရာ ကျွန်းကလေး ကျေးရွာသို့ စလင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိကာ ကူညီဆောင်ရွက်လျှက်ရှိနေကြောင်း သိရသည်။

ကျွန်းကလေးကျေးရွာမှာ ဧရာဝတီမြစ်ကမ်းပါးအနီးတွင်ရှိပြီး အိမ်ခြေ ( ၁၅၀ )ကျော်ရှိကြောင်းနှင့် ဧရာဝတီမြစ်ရေ တိုးပြီး ကမ်းပါးပြိုကျမှုများဖြစ်နေ၍ စာသင်ကျောင်းဆောင်များအား လွန်ခဲ့သည့် ( ၅ )လခန့်ကတည်းက ရွာ၏ အနောက်ဘက်သို့ ကြိုတင်ပြောင်းရွှေ့ထားခဲ့ရကြောင်း သိရသည်။

သတင်း- ဖီးနစ်
ဓာတ်ပုံ-သူရ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net