မေကြးၿမိဳ႕ ျမသလြန္ေစတီေတာ္ဗုဒၶပူဇနိယပဲြဲကို ရက္ေပါင္း (၂၀)ၾကာ က်င္းပမည္

မေကြးၿမိဳ႕ ျမသလြန္ေစတီေတာ္ဗုဒၶပူဇနိယပဲြဲကို ရက္ေပါင္း (၂၀)ၾကာ က်င္းပမည္
စက်တင်ဘာ 30, 2019
By Tachileik News Agency

မေကြးၿမိဳ႕ ျမသလြန္ေစတီ၏ (၂၅၈၃) ႀကိမ္ေျမာက္ ဗုဒၶပူဇနိယဘုရားပဲြကို ရက္(၂၀)ၾကာ က်င္းပမည္ျဖစ္ၿပီး ဘုရားဖူးလာသူ စုစုေပါင္း(၁၂၀၀)ခန္႔အထိ တည္းခိုေနထိုင္ႏိုင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

“ေစတိယသႏၱကနဲ႔ တည္ေဆာက္ထားတဲ့အေဆာင္က ႏွစ္ေဆာင္ရိွပါတယ္။ အဲဒီအေဆာင္ေတြမွာ တစ္ခန္းကို လူ (၆) ေယာက္၊ (၇) ေယာက္ေလာက္ တည္းခိုေနထိုင္ႏိုင္တာကိုမွ တစ္ည က်ပ္ (၁,၀၀၀) ပဲ ေကာက္ခံမွာပါ။ ဒါကလည္း ျပန္လည္ျပဳျပင္ေရးလုပ္ေဆာင္ရတဲ့အခါမွာ ဘုရားဖူးျပည္သူေတြရဲ႕ ထည့္ဝင္လွဴဒါန္းေငြပါရိွေစခ်င္တဲ့ သေဘာပါပဲ။ အလွဴရွင္ေတြက သာလာယံဇရပ္အျဖစ္ ေဆာက္လုပ္လွဴဒါန္းထားတဲ့ အေဆာင္ေတြမွာေတာ့ အခမဲ့ တည္းခိုေနထိုင္ႏိုင္မွာ ျဖစ္ပါတယ္။ ဘုရားဖူး (၁၂၀၀) ခန္႔အထိ တစ္ၿပိဳင္နက္ထဲ တည္းခိုေနထိုင္ ႏိုင္ပါတယ္”ဟု ျမသလြန္ေစတီေတာ္ဘ႑ာေတာ္ထိန္းေဂါပကအဖဲြ႔ အတြင္းေရးမွဴး(၂) ဦးဝင္းႏိုင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဘုရားဖူးမ်ားအတြက္ တည္းခိုေနထိုင္ႏိုင္ရန္ စီစဥ္ထားရိွမႈအျပင္ အဆင့္ျမင့္ ေရေလာင္းအိမ္သာ မ်ားကိုလည္း ေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။

ျမသလြန္ေစတီ ဗုဒၶပူဇနိယပဲြေတာ္ႀကီးအား ၁၃၈၁ ခုႏွစ္ သီတင္းကၽြတ္လဆန္း (၁၀)ရက္၊၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ(၈)ရက္ေန႔မွ သီတင္းကၽြတ္လကြယ္၊ ေအာက္တိုဘာလ(၂၇)ရက္ေန႔အထိ အနယ္နယ္အရပ္ရပ္မွ ေဒသထြက္ကုန္မ်ားေရာင္းခ်ၾကမည့္ ဆိုင္ခန္းေပါင္း(၁၂၀၀)ဝန္းက်င္၊ ၾကည့္ခ်င္ပဲြ၊ ဇာတ္ပဲြမ်ားျဖင့္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးမြို့ မြသလွန်စေတီ၏ (၂၅၈၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲကို ရက်(၂၀)ကြာ ကျင်းပမည်ဖြစ်ပြီး ဘုရားဖူးလာသူ စုစုပေါင်း(၁၂၀၀)ခန့်အထိ တည်းခိုနေထိုင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

“စေတိယသန္တကနဲ့ တည်ဆောက်ထားတဲ့အဆောင်က နှစ်ဆောင်ရှိပါတယ်။ အဲဒီအဆောင်တွေမှာ တစ်ခန်းကို လူ (၆) ယောက်၊ (၇) ယောက်လောက် တည်းခိုနေထိုင်နိုင်တာကိုမှ တစ်ည ကျပ် (၁,ဝဝဝ) ပဲ ကောက်ခံမှာပါ။ ဒါကလည်း ပြန်လည်ပြုပြင်ရေးလုပ်ဆောင်ရတဲ့အခါမှာ ဘုရားဖူးပြည်သူတွေရဲ့ ထည့်ဝင်လှူဒါန်းငွေပါရှိစေချင်တဲ့ သဘောပါပဲ။ အလှူရှင်တွေက သာလာယံဇရပ်အဖြစ် ဆောက်လုပ်လှူဒါန်းထားတဲ့ အဆောင်တွေမှာတော့ အခမဲ့ တည်းခိုနေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဘုရားဖူး (၁၂၀၀) ခန့်အထိ တစ်ပြိုင်နက်ထဲ တည်းခိုနေထိုင် နိုင်ပါတယ်”ဟု မြသလွန်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အတွင်းရေးမှူး(၂) ဦးဝင်းနိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဘုရားဖူးများအတွက် တည်းခိုနေထိုင်နိုင်ရန် စီစဉ်ထားရှိမှုအပြင် အဆင့်မြင့် ရေလောင်းအိမ်သာ များကိုလည်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။

မြသလွန်စေတီ ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ၁၃၈၁ ခုနှစ် သီတင်းကျွတ်လဆန်း (၁၀)ရက်၊၂၀၁၉ ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့မှ သီတင်းကျွတ်လကွယ်၊ အောက်တိုဘာလ(၂၇)ရက်နေ့အထိ အနယ်နယ်အရပ်ရပ်မှ ဒေသထွက်ကုန်များရောင်းချကြမည့် ဆိုင်ခန်းပေါင်း(၁၂၀၀)ဝန်းကျင်၊ ကြည့်ချင်ပွဲ၊ ဇာတ်ပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net