ပဲခူးျမစ္ေရတက္လာမႈေၾကာင့္ ပဲခူးၿမိဳ႕နယ္တြင္းရွိ အေျခခံပညာစာသင္ေက်ာင္း (၂၄)ေက်ာင္း ပိတ္ထားရ

ပဲခူးျမစ္ေရတက္လာမႈေၾကာင့္ ပဲခူးၿမိဳ႕နယ္တြင္းရွိ အေျခခံပညာစာသင္ေက်ာင္း (၂၄)ေက်ာင္း ပိတ္ထားရ
စက်တင်ဘာ 14, 2019
By Tachileik News Agency

ပဲခူူးၿမိဳ႕ေပၚ ရပ္ကြက္ႏွင့္ေက်းရြာအတြင္း ပဲခူးျမစ္ေရ၀င္ေရာက္မႈေၾကာင့္ အေျခခံပညာစာသင္ေက်ာင္း စုစုေပါင္း (၂၄)ေၾကာင္း ပိတ္ထားရေၾကာင္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႔၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ပဲခူးၿမိဳ႕နယ္အတြင္း ပဲခူးျမစ္ေရမွတဆင့္ ေရႀကီးေရလွ်ံမႈေၾကာင့္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၄)ရက္ေန႔တြင္ ပဲခူးၿမိဳ႕ေပၚႏွင့္ ၿမိဳ႕နယ္အတြင္းရွိ စာသင္ေက်ာင္း (၂၄)ေက်ာင္းအား ပိတ္ထားရျခင္းျဖစ္သည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ပိတ္ထားရသည့္  ေက်ာင္းမ်ားမွာ မူလြန္-မဇင္း(ခ)၊ မူလြန္-ဥႆာ(၆)၊ အလက(ခြဲ)မဲခုံ၊ မူလြန္-အုတ္ဖိုက်ဳံး႐ိုး၊ မူလြန္-လက္ပံခုန္၊ မူလြန္-က်ဳံပကန္၊ မူလြန္-ေက်ာက္ႀကီးစု၊ အလက(ခြဲ)ေကြ႕တန္းရွည္၊ အထက(၄)၊ အလက(ခြဲ)က်ိဳက္ေဒးယုံ၊ အထက(ခြဲ)၅၊ အထက(ခြဲ၈၊ အလက(ခြဲ)ေအာက္စီတီး(အေရွ႕)၊ မူလြန္-က်ိဳက္ေက၊ မူလြန္-ၿမိဳ႕ေလး၊ မူလြန္-မုန္တိုင္းရပ္၊ အလက(ခြဲ)ေအာက္စီတီး(အေနာက္)၊ မူလြန္-အထက္စီတီး(အေရွ႕)၊ မူလြန္-အထက္စီတီး(အေနာက္)၊ မူလြန္-သရက္သုံးပင္၊ မူလြန္-ၿမိဳ႕သစ္(ဂ)၊ အလက(ခြဲ)အဝိုင္း၊ မုလြန္-ဇိုင္းဂႏိုင္းႀကီးႏွင့္ အလက(ခြဲ)႐ြာသစ္တို႔ျဖစ္ၿပီး အဆိုပါ (၂၄)ေက်ာင္းတြင္ ပညာသင္ၾကားေနသည့္ ေက်ာင္းသား ေက်ာင္းသူ အေရအတြက္မွာ စုစုေပါင္း (၇၂၁၃)ဦးရွိေၾကာင္း သိရသည္။

ပဲခူးျမစ္ေရ၏ စိုးရိမ္ေရအမွတ္မွာ (၈၈၀) စင္တီမီတာရွိခဲ့ရာက စက္တင္ဘာလ(၁၃)ရက္ေန႔ ညေန(၄)နာရီခြဲ၀န္းက်င္အခ်ိန္က (၉၁၇)စင္တီမီတာအထိရွိခဲ့ၿပီး ဆက္လက္တက္လာမႈေၾကာင့္ စက္တင္ဘာလ(၁၄)ရက္ေန႔တြင္ ၿမိဳ႕တြင္းႏွင့္ေက်းရြာမ်ားတြင္ ေရမ်ား၀င္ေရာက္မႈေၾကာင့္ စာသင္ေက်ာင္းမ်ား ပိတ္ထားရျခင္း ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပဲခူးမြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအတွင်း ပဲခူးမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာစာသင်ကျောင်း စုစုပေါင်း (၂၄)ကြောင်း ပိတ်ထားရကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးမြို့နယ်အတွင်း ပဲခူးမြစ်ရေမှတဆင့် ရကြေီးရေလျှံမှုကြောင့် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့တွင် ပဲခူးမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်း (၂၄)ကျောင်းအား ပိတ်ထားရခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ပိတ်ထားရသည့် ကျောင်းများမှာ မူလွန်-မဇင်း(ခ)၊ မူလွန်-ဥဿာ(၆)၊ အလက(ခွဲ)မဲခုံ၊ မူလွန်-အုတ်ဖိုကျုံးရိုး၊ မူလွန်-လက်ပံခုန်၊ မူလွန်-ကျုံပကန်၊ မူလွန်-ကျောက်ကြီးစု၊ အလက(ခွဲ)ကွေ့တန်းရှည်၊ အထက(၄)၊ အလက(ခွဲ)ကျိုက်ဒေးယုံ၊ အထက(ခွဲ)၅၊ အထက(ခွဲ၈၊ အလက(ခွဲ)အောက်စီတီး(အရှေ့)၊ မူလွန်-ကျိုက်ကေ၊ မူလွန်-မြို့လေး၊ မူလွန်-မုန်တိုင်းရပ်၊ အလက(ခွဲ)အောက်စီတီး(အနောက်)၊ မူလွန်-အထက်စီတီး(အရှေ့)၊ မူလွန်-အထက်စီတီး(အနောက်)၊ မူလွန်-သရက်သုံးပင်၊ မူလွန်-မြို့သစ်(ဂ)၊ အလက(ခွဲ)အဝိုင်း၊ မုလွန်-ဇိုင်းဂနိုင်းကြီးနှင့် အလက(ခွဲ)ရွာသစ်တို့ဖြစ်ပြီး အဆိုပါ (၂၄)ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူ အရေအတွက်မှာ စုစုပေါင်း (၇၂၁၃)ဦးရှိကြောင်း သိရသည်။

ပဲခူးမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၈၈၀) စင်တီမီတာရှိခဲ့ရာက စက်တင်ဘာလ(၁၃)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က (၉၁၇)စင်တီမီတာအထိရှိခဲ့ပြီး ဆက်လက်တက်လာမှုကြောင့် စက်တင်ဘာလ(၁၄)ရက်နေ့တွင် မြို့တွင်းနှင့်ကျေးရွာများတွင် ရေများဝင်ရောက်မှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရခြင်း ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net