ကျိုင်းတုံငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့အချင်းချင်း သီးခြာအဖြစ် ဒုတိယအကြိမ် ဆက်လက်ဆွေးနွေးနေ

ကျိုင်းတုံငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့အချင်းချင်း သီးခြာအဖြစ် ဒုတိယအကြိမ် ဆက်လက်ဆွေးနွေးနေ
စက်တင်ဘာ 17, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် အပစ်မရပ်ရသေးသည့် မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့တို့၏ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့ အစည်းအဝေးကျင်းပနေစဉ်တွင် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့က သီးခြားအစည်းအဝေး ဒုတိယမြောက်ကို နေ့လယ် (၁)နာရီ (၂၀)မိနစ်မှစ၍ ဆွေးနွေးနေကြသည်ကို တွေ့ရသည်။

မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ဖြစ်သည့်  ULA/AA၊ PSLF/TNLA၊ MNTJP/ MNDAA နှင့် KIO/KIA နှင့် NRPC တို့၏ စက်တင်ဘာလ (၁၇)ရက်နေ့ တွေ့ဆုံမှုမှာ (၆)ကြိမ်မြောက်ဖြစ်ပြီး ပဏာမအပစ်ရပ် သဘောတူညီချက် အတွက် အပြန်အလှန် မူကြမ်းများတင်ထားသည်ကို ဆွေးနွေးနေကြခြင်းဖြစ်သည်။

NRPC နှင့် မဟာမိတ် (၄)ဖွဲ့တို့၏ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလ (၂၁)ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ စတင်ခဲ့ကာ ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၊ မတ်လ (၂၁)ရက်နေ့တွင် နေပြည်တော်၊ ဧပြီလ (၃၀)ရက်နေ့တွင် မူဆယ်နှင့် သြဂုတ်လ (၃၁)ရက်နေ့တွင် ကျိုင်းတုံမြို့တို့၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် အပစ်မရပ်ရသေးသည့် မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့တို့၏ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့ အစည်းအဝေးကျင်းပနေစဉ်တွင် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့က သီးခြားအစည်းအဝေး ဒုတိယမြောက်ကို နေ့လယ် (၁)နာရီ (၂၀)မိနစ်မှစ၍ ဆွေးနွေးနကြေသည်ကို တွေ့ရသည်။

မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ဖြစ်သည့် ULA/AA၊ PSLF/TNLA၊ MNTJP/ MNDAA နှင့် KIO/KIA နှင့် NRPC တို့၏ စက်တင်ဘာလ (၁၇)ရက်နေ့ တွေ့ဆုံမှုမှာ (၆)ကြိမ်မြောက်ဖြစ်ပြီး ပဏာမအပစ်ရပ် သဘောတူညီချက် အတွက် အပြန်အလှန် မူကြမ်းများတင်ထားသည်ကို ဆွေးနွေးနကြခြေင်းဖြစ်သည်။

NRPC နှင့် မဟာမိတ် (၄)ဖွဲ့တို့၏ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလ (၂၁)ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ စတင်ခဲ့ကာ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၊ မတ်လ (၂၁)ရက်နေ့တွင် နပြေည်တော်၊ ဧပြီလ (၃၀)ရက်နေ့တွင် မူဆယ်နှင့် သြဂုတ်လ (၃၁)ရက်နေ့တွင် ကျိုင်းတုံမြို့တို့၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ကျိုင်းတုံမြို့တွင်ကျင်းပသည့် ဆွေးနွေးပွဲသို့ လာရောက်သည့် မဟာမိတ်(၄)ဖွဲ့အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့က လုံခြုံရေးရယူပေးခြင်းဖြစ်ပြီး စက်တင်ဘာလ (၁၇)ရက်နေ့အစည်းအဝေးတက်ရောက်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့်အတူ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ဝင် (၆)ဦး လိုက်ပါလာခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net