ပစ္ခတ္မႈမ်ားရိွေနသည့္ ကြတ္ခုိင္ၿမိဳ႕နယ္အတြင္းမွ ႏုိင္ငံျခားသားခရီးသြား (၂၅)ဦးကို ေရႊ႕ေျပာင္းေပးရန္ ႀကိဳးစားေန

ပစ္ခတ္မႈမ်ားရိွေနသည့္ ကြတ္ခုိင္ၿမိဳ႕နယ္အတြင္းမွ ႏုိင္ငံျခားသားခရီးသြား (၂၅)ဦးကို ေရႊ႕ေျပာင္းေပးရန္ ႀကိဳးစားေန
သြဂုတ် 21, 2019
By 🌸
ေဒသတြင္းျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တစ္ခုလံုးတြင္ ေနရပ္ျပန္ရန္ ခက္ခဲေနသည့္ ႏိုင္ငံျခားသားခရီးသြားဧည့္သည္ (၈၀ )ေက်ာ္ က်န္ရွိေနၿပီး ကြတ္ခိုင္ၿမိဳ႕နယ္တစ္ခုတည္းတြင္ ႏိုင္ငံျခားသား ခရီးသြား(၂၅) ဦး ပိတ္မိေနသည္ဟု ဟိုတယ္ႏွင့္ခရီးသြားညႊန္ၾကားမႈဦးစီးဌာန၏စာရင္းအရ သိရသည္။

"ကြတ္ခိုင္က ဧည့္သည္ေတြကိုေတာ့ အဲဒီကေန ေရႊ႕ေပးႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ စိတ္ခ်ရတဲ့ အေျခအေနေရာက္ရင္ သြားေရာက္ေခၚယူၿပီး သူတို႔ျပန္ႏိုင္ေအာင္ စီစဥ္ေပးသြားမွာပါ။ လားရိႈးၿမိဳ႕မွာကေတာ့ သြားလာလို႔ရတဲ့အတြက္ အဲဒီလိုက်န္ရွိေနတဲ့ ႏိုင္ငံျခားဧည့္သည္ မရွိပါဘူး" ဟု ျမန္မာႏိုင္ငံ ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာန (လားရိႈးရံုးခြဲ) မွ ရံုးခြဲတာဝန္ခံ ဦးသက္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ ေျပာသည္။

TNLA၊ AA ႏွင့္ MNDAA ပူးေပါင္းအဖြဲ႕တုိ႔က ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅) ရက္ေန႔မွစ၍ မႏၱေလးတုိင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ ပစ္ခတ္တုိက္ခုိက္မႈမ်ားအတြင္း တံတား(၄)စင္း မုိင္းခြဲဖ်က္ဆီးခံရၿပီးေနာက္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ေနျခင္းျဖစ္သည္။

မႏၱေလး - လားရိႈးလမ္းရိွ မုိင္းခြဲခံရသည့္ ဂုတ္တြင္းတံတားေနရာတြင္ တည္ေဆာက္ေနသည့္ ယာယီေဘလီတံတားကို ၾသဂုတ္လ (၂၀)ရက္ေန႔ ေန႔လယ္ပိုင္းမွစ၍ ျဖတ္သန္းခြင့္ျပဳႏုိင္ၿပီျဖစ္ေသာ္လည္း လားရိႈး - မူဆယ္လမ္းပိုင္းတြင္ ကြတ္ခိုင္ၿမိဳ႕အနီးဝန္းက်င္၌ ပစ္ခတ္မႈမ်ားရိွေနဆဲျဖစ္သည္။

အဆိုပါပစ္ခတ္တုိက္ခုိက္မႈမ်ားေၾကာင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ၏ ႏုိင္ငံျခားသား ခရီးသြားလုပ္ငန္းမွာလည္း ရပ္ဆုိင္းေနၿပီး  ေဒသတည္ၿငိမ္ေအးခ်မ္းမႈမရွိသည့္ ကာလအတြင္း ႏိုင္ငံျခားသားဧည့္သည္မ်ားအေနျဖင့္ အသက္အႏၱရာယ္ လံုၿခံဳမႈမရွိသည့္ ၿမိဳ႕၊ ရြာမ်ားသို႔ သြားေရာက္လည္ပတ္ျခင္း မျပဳလုပ္ရန္ကိုလည္း ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနက သတိေပးထားသည္။

ဂုတ္တြင္းတံတား မုိင္းခြဲခံရၿပီး ကားလမ္းအဆက္အသြယ္ ျပတ္ေတာက္သြားခ်ိန္တြင္ လားရႈိးၿမိဳ႕ႏွင့္ သီေပါၿမိဳ႕မ်ားသို႔ ေရာက္ရိွေနသည့္ ႏုိင္ငံျခားသားမ်ား ထြက္လာႏုိင္ရန္အတြက္ ခရီးသြားလုပ္ငန္းရွင္မ်ား အသင္းႏွင့္ Air KBZ တို႔ညိႇႏိႈင္းၿပီး  ေလေၾကာင္းခရီးစဥ္ တိုးခ်ဲ႕ပ်ံသန္းေပးခဲ့ရာ ႏုိင္ငံျခားသားစုစုေပါင္း (၅၇)ဦး ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွ ျပန္ထြက္သြားႏုိင္ခဲ့ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - Tourism in Northern Shan State

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ပစ်ခတ်မှုများရှိနေသည့် ကွတ်ခိုင်မြို့နယ်အတွင်းမှ နိုင်ငံခြားသားခရီးသွား (၂၅)ဦးကို ရွှေ့ပြောင်းပေးရန် ကြိုးစားနေ
**********
ဒေသတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တစ်ခုလုံးတွင် နေရပ်ပြန်ရန် ခက်ခဲနေသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၈၀ )ကျော် ကျန်ရှိနေပြီး ကွတ်ခိုင်မြို့နယ်တစ်ခုတည်းတွင် နိုင်ငံခြားသား ခရီးသွား(၂၅) ဦး ပိတ်မိနေသည်ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏စာရင်းအရ သိရသည်။

"ကွတ်ခိုင်က ဧည့်သည်တွေကိုတော့ အဲဒီကနေ ရွှေ့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ စိတ်ချရတဲ့ အခြေအနေရောက်ရင် သွားရောက်ခေါ်ယူပြီး သူတို့ပြန်နိုင်အောင် စီစဉ်ပေးသွားမှာပါ။ လားရှိုးမြို့မှာကတော့ သွားလာလို့ရတဲ့အတွက် အဲဒီလိုကျန်ရှိနေတဲ့ နိုင်ငံခြားဧည့်သည် မရှိပါဘူး" ဟု မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (လားရှိုးရုံးခွဲ) မှ ရုံးခွဲတာဝန်ခံ ဦးသက်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့တွင် ပြောသည်။

TNLA၊ AA နှင့် MNDAA ပူးပေါင်းအဖွဲ့တို့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှစ၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတလျှောက် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း တံတား(၄)စင်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခြင်းဖြစ်သည်။

မန္တလေး - လားရှိုးလမ်းရှိ မိုင်းခွဲခံရသည့် ဂုတ်တွင်းတံတားနေရာတွင် တည်ဆောက်နေသည့် ယာယီဘေလီတံတားကို သြဂုတ်လ (၂၀)ရက်နေ့ နေ့လယ်ပိုင်းမှစ၍ ဖြတ်သန်းခွင့်ပြုနိုင်ပြီဖြစ်သော်လည်း လားရှိုး - မူဆယ်လမ်းပိုင်းတွင် ကွတ်ခိုင်မြို့အနီးဝန်းကျင်၌ ပစ်ခတ်မှုများရှိနေဆဲဖြစ်သည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၏ နိုင်ငံခြားသား ခရီးသွားလုပ်ငန်းမှာလည်း ရပ်ဆိုင်းနေပြီး  ဒေသတည်ငြိမ်အေးချမ်းမှုမရှိသည့် ကာလအတွင်း နိုင်ငံခြားသားဧည့်သည်များအနေဖြင့် အသက်အန္တရာယ် လုံခြုံမှုမရှိသည့် မြို့၊ ရွာများသို့ သွားရောက်လည်ပတ်ခြင်း မပြုလုပ်ရန်ကိုလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သတိပေးထားသည်။

ဂုတ်တွင်းတံတား မိုင်းခွဲခံရပြီး ကားလမ်းအဆက်အသွယ် ပြတ်တောက်သွားချိန်တွင် လားရှိုးမြို့နှင့် သီပေါမြို့များသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများ ထွက်လာနိုင်ရန်အတွက် ခရီးသွားလုပ်ငန်းရှင်များ အသင်းနှင့် Air KBZ တို့ညှိနှိုင်းပြီး  လေကြောင်းခရီးစဉ် တိုးချဲ့ပျံသန်းပေးခဲ့ရာ နိုင်ငံခြားသားစုစုပေါင်း (၅၇)ဦး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ ပြန်ထွက်သွားနိုင်ခဲ့ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - Tourism in Northern Shan State

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net