မူဆယ္ႏွင့္ ကြတ္ခုိင္ၾကား ပစ္ခတ္မႈမ်ားရိွေနဆဲျဖစ္၍ အခ်ဳိ႕ေနရာမ်ားတြင္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ေနဆဲ

မူဆယ္ႏွင့္ ကြတ္ခုိင္ၾကား ပစ္ခတ္မႈမ်ားရိွေနဆဲျဖစ္၍ အခ်ဳိ႕ေနရာမ်ားတြင္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ေနဆဲ
သြဂုတ် 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္းေဒသ) ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ (၂၅)ရက္ေန႔အထိ ပစ္ခတ္တုိက္ခိုက္မႈမ်ား ျဖစ္ပြားေနဆဲျဖစ္ၿပီး မူဆယ္ႏွင့္ ကြတ္ခိုင္ၾကားတြင္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ေနဆဲျဖစ္သည္။

“မူဆယ္ဘက္က လာတာေတြက နမ့္အြန္မေရာက္ခင္မွာ ဆက္သြားလုိ႔ မရေတာ့ဘူး။ ကြတ္ခုိင္ဘက္က လာတဲ့ ကားေတြကေတာ့ နမ့္ဖက္ကာကေန ဆက္သြားလုိ႔ မရေတာ့ဘူးျဖစ္ေနတယ္။ ပစ္ခတ္တာေတြ ရိွေနေတာ့ ဆက္မသြားၾကေတာ့ဘူး”ဟု မူဆယ္ၿမိဳ႕မွ လုပ္ငန္းရွင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီးေပၚ သိန္းနီၿမိဳ႕နယ္ ေရပူစစ္ေဆးေရးစခန္းအပိုင္းတြင္မူ ၾသဂုတ္လ (၂၄)ရက္ေန႔က ပစ္ခတ္တိုက္ခုိက္မႈေၾကာင့္ ပိတ္ထားရာမွ ၾသဂုတ္လ (၂၅)ရက္ေန႔တြင္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာေနၿပီျဖစ္သည္။

ပစ္ခတ္တုိက္ခုိက္မႈမ်ားလုပ္ေဆာင္ေနသည့္ TNLA၊ AA ႏွင့္ MNDAA တို႔က ေျမာက္ပိုင္းေဒသတြင္ တုိက္ခုိက္မႈမ်ားရိွေနစဥ္ ကာလအတြင္း ျဖတ္သန္းသြားလာသူမ်ားကို စစ္ေဆးမႈမ်ား လုပ္ေဆာင္သည္ကို ပူးေပါင္းေဆာင္ရြက္ရန္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၅) ရက္ေန႔ ေန႔စြဲျဖင့္ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ထားသည္ကိုလည္း ေတြ႔ရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ တရုတ္ႏုိင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီး တေလွ်ာက္တြင္ ၾသဂုတ္လ (၁၅)ရက္ေန႔ကတည္းက စတင္ေနသည့္ ပစ္ခတ္တုိက္ခုိက္မႈမ်ားအတြင္း လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္ေနသည့္အျပင္ တုိက္ပြဲေရွာင္သူမ်ားလည္း ရိွေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေနမ်ိဳး



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်းဒေသ) ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ၂၀၁၉ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်ပြီး မူဆယ်နှင့် ကွတ်ခိုင်ကြားတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေဆဲဖြစ်သည်။

“ မူဆယ်ဘက်က လာတာတွေက နမ့်အွန်မရောက်ခင်မှာ ဆက်သွားလို့ မရတော့ဘူး။ ကွတ်ခိုင်ဘက်က လာတဲ့ ကားတွေကတော့ နမ့်ဖက်ကာကနေ ဆက်သွားလို့ မရတော့ဘူးဖြစ်နေတယ်။ ပစ်ခတ်တာတွေ ရှိနေတော့ ဆက်မသွားကြတော့ဘူး”ဟု မူဆယ်မြို့မှ လုပ်ငန်းရှင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုလမ်းမကြီးပေါ် သိန်းနီမြို့နယ် ရေပူစစ်ဆေးရေးစခန်းအပိုင်းတွင်မူ သြဂုတ်လ (၂၄)ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပိတ်ထားရာမှ သြဂုတ်လ (၂၅)ရက်နေ့တွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနပြေီဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်နေသည့် TNLA၊ AA နှင့် MNDAA တို့က မြောက်ပိုင်းဒေသတွင် တိုက်ခိုက်မှုများရှိနေစဉ် ကာလအတွင်း ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှုများ လုပ်ဆောင်သည်ကို ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီး တလျှောက်တွင် သြဂုတ်လ (၁၅)ရက်နေ့ကတည်းက စတင်နေသည့် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသည့်အပြင် တိုက်ပွဲရှောင်သူများလည်း ရှိနခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - နေမျိုး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net