မိုင္းဆတ္ၿမိဳ႕နယ္အတြင္း အားေဆာ္ေပၚမိုး(အူးဖူေဒ့)အာခါရြာတြင္ က်ပ္သိန္းေပါင္း (၁၀၀၀)ေက်ာ္ ကုန္က်သည့္ ေက်းလက္က်န္းမာေရးဌာနခြဲ ဖြင့္လွစ္

မိုင္းဆတ္ၿမိဳ႕နယ္အတြင္း အားေဆာ္ေပၚမိုး(အူးဖူေဒ့)အာခါရြာတြင္ က်ပ္သိန္းေပါင္း (၁၀၀၀)ေက်ာ္ ကုန္က်သည့္ ေက်းလက္က်န္းမာေရးဌာနခြဲ ဖြင့္လွစ္
သြဂုတ် 23, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းတြမ္းေတာင္ေပၚအုပ္စု၊ အားေဆာ္ေပၚမိုးေက်းရြာ(အူးဖူေဒ့)တြင္ လိုအပ္ေနသည့္ က်န္းမာေရးေစာင့္ေရွာက္မႈႈက႑အတြက္ ေက်းလက္က်န္းမာေရးဌာနအား ျပည္သူ႔က်န္းမာေရးဦးစီးဌာနႏွင့္ အားေဆာ္ေပၚမိုးေက်းရြာ(အူးဖူေဒ့)အားေဆာ္ေပၚမိုးေက်းရြာ(အူးဖူေဒ့)မွ ရြာသူရြာသားမ်ား စုေပါင္းၿပီး က်ပ္သိန္းေပါင္း (၁,၀၀၀)ေက်ာ္ အကုန္အက်ခံ ေဆာက္လုပ္ၿပီးစီး၍  ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၂၂)ရက္ေန႔ နံနက္က ဖြင့္ပြဲ ျပဳလုပ္သည္။

အားေဆာ္ေပၚမိုးေက်းရြာ(အူးဖူေဒ့)၏ ေက်းလက္က်န္းမာေရးဌာနခြဲအတြက္ ႏိုင္ငံေတာ္မွ က်ပ္သိန္းေပါင္း (၆၃၀)ခ်ထားေပးလာရာ   ရြာသူရြာသားမ်ားမွ စုေပါင္းကာ လိုအပ္သည့္မ်ားကို စုိက္ထုတ္ရာက အစိုးရမွ ခ်ေပးလာသည့္ ေငြမ်ားအပါအ၀င္ စုစုေပါင္း က်ပ္သိန္း(၁,၀၀၀)ေက်ာ္ကုန္ခံခဲ့ေၾကာင္း သိရသည္။

အဆိုဖြင့္ပြဲအခမ္းအနားသို႔   ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္ ႏွင့္ စစ္ဘက္ဆိုင္ရာ အရာရွိအရာခံမ်ား၊ ရွမ္းျပည္နယ္ ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏုိင္ ႏွင့္ သက္ဆိုင္ရာဌာနမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ရြာမွာက ပညာေရးနဲ႔ ပတ္သက္လို႔ ေက်ာင္းက ရွိၿပီးသားေပါ့ေနာ္၊ ရြာမွာက ကေလးေတြက မ်ားတယ္၊ ကေလးမ်ားတဲ့ အတြက္ေၾကာင့္  က်န္းမာေရးအတြက္ ဒီမွာဆိုရင္ သိတဲ့အတိုင္းပဲ ေတာင္ေပၚေဒသဆိုေတာ့ လမ္းပန္းဆက္သြယ္ေရး အဆင္မေျပတဲ့အတြက္ေၾကာင့္ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ေဆးခန္းျဖစ္ျဖစ္၊ ေဆးေပးခန္းျဖစ္ျဖစ္ တစ္ခုခုရွိရင္ ရြာသားေတြအတြက္ အက်ဳိးရွိမယ္လို႔ ခံယူတဲ့အတြက္ ကြ်န္ေတာ္တို႔က အတတ္ႏုိင္ဆံုးေပါ့၊ အေပါင္းအသင္းေတြ၊ ခင္မင္ရင္းႏွီးသူေတြ၊ လူႀကီးေတြနဲ႔ တိုင္ပင္ၿပီးေတာ့ေပါ့၊ ကြ်န္ေတာ္တို႔ရြာအတြက္ ေဆာက္လုပ္ရင္ ေကာင္းမယ္လို႔ ထင္တဲ့အတြက္ အစိုးရကို တင္ျပလိုက္တာေပါ့၊ အစိုးရကို တင္ျပလိုက္တဲ့အခ်ိန္ၾကေတာ့  အစိုးရကေတာ့ ခ်ေပးလာတယ္၊ အစိုးရက ခ်ေပးလာေတာ့ ဒီမွာကုန္က်တဲ့ ေစ်းႏႈန္းက ကြာျခားတာေပါ့၊  ဘာလို႔ ကြာျခားတာလဲဆိုေတာ့ ကြ်န္ေတာ္တို႔ ေတာင္ေပၚေဒသမွာ ေက်ာက္ေတြ၊ သဲေတြ၊ အကုန္လံုး အစစ အရာရာေပါ့၊ ေစ်းႀကီးတယ္၊ ၿမိဳ႕ကေန သယ္လာရတယ္ဆိုေတာ့ ကြာတယ္  အစိုးရက ခ်ေပးတာနဲ႔ အမ်ားႀကီး ကုန္က်မႈ ကြာျခားေပမဲ့ ကြ်န္ေတာ္တို႔ ညီအစ္ကိုေတြ၊ ရြာသူရြာသားေတြ စုေပါင္းၿပီးမွ ဒီလိုမ်ဳိး လုပ္ျဖစ္တာပါ၊ ဒန္းစီးပြဲနဲ႔ႀကံဳလို႔ တစ္ခါတည္း ဖြင့္ပြဲ လုပ္လိုက္တာပါ၊"ဟု အားေဆာ္ေပၚမိုး(အူးဖူေဒ့)ရြာသားတစ္ဦးျဖစ္သူ ဦးအာမဲက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အားေဆာ္ေပၚမိုးေက်းရြာ(အူးဖူေဒ့)တြင္ လူဦးေရ(၇၈၅)ဦးရွိၿပီး အိမ္ေျခ(၁၃၀)ရွိရာတြင္ အသက္(၁၈)ႏွစ္ေအာက္ ကေလး လူငယ္မ်ားမွာ အေယာက္(၄၀၀)ေက်ာ္ရွိေၾကာင္း သိရသည္။

လူဦးေရ(၇၈၅)ဦးရွိသည့္ အားေဆာ္ေပၚမိုးေက်းရြာ(အူးဖူေဒ့)တြင္ က်န္းမာေရးက႑အေနျဖင့္  ယခုဖြင့္လွစ္လိုက္သည့္ ေက်းလက္က်န္းမာေရးဌာနခြဲ တစ္ခုရွိၿပီး ပညာေရးက႑အေနျဖင့္ စာသင္ေက်ာင္းတစ္ေက်ာင္းရွိထားသည့္အျပင္ လွ်ပ္စစ္မီးအတြက္ ေရအားလွ်ပ္စစ္ျပဳလုပ္ကာ (၂၄)နာရီ သံုးစြဲေနလ်က္ရွိေသာ္လည္း ဆက္သြယ္ေရးအတြက္ ဖုန္းလိုင္းအဆင္ေျပမႈ မရွိေသးေၾကာင္း ႏွင့္ ဖုန္းလိုင္းမိရန္အတြက္ ရြာထိပ္ ေတာင္ေပၚသို႔ သြားေရာက္၍ ဖုန္းေခၚဆိုမႈမ်ား ျပဳလုပ္ရေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း ၊ ေနမ်ဳိးသူရ၊ သီဟထက္ႏိုင္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်အုပ်စု၊ အားဆော်ပေါ်မိုးကျေးရွာ(အူးဖူဒေ့)တွင် လိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် ကျေးလက်ကျန်းမာရေးဌာနအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အားဆော်ပေါ်မိုးကျေးရွာ(အူးဖူဒေ့)အားဆော်ပေါ်မိုးကျေးရွာ(အူးဖူဒေ့)မှ ရွာသူရွာသားများ စုပေါင်းပြီး ကျပ်သိန်းပေါင်း (၁,ဝဝဝ)ကျော် အကုန်အကျခံ ဆောက်လုပ်ပြီးစီး၍ ၂၀၁၉ခုနှစ် သြဂုတ်လ(၂၂)ရက်နေ့ နံနက်က ဖွင့်ပွဲ ပြုလုပ်သည်။

အားဆော်ပေါ်မိုးကျေးရွာ(အူးဖူဒေ့)၏ ကျေးလက်ကျန်းမာရေးဌာနခွဲအတွက် နိုင်ငံတော်မှ ကျပ်သိန်းပေါင်း (၆၃၀)ချထားပေးလာရာ ရွာသူရွာသားများမှ စုပေါင်းကာ လိုအပ်သည့်များကို စိုက်ထုတ်ရာက အစိုးရမှ ချပေးလာသည့် ငွေများအပါအဝင် စုစုပေါင်း ကျပ်သိန်း(၁,ဝဝဝ)ကျော်ကုန်ခံခဲ့ကြောင်း သိရသည်။

အဆိုဖွင့်ပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအရာခံများ၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင် နှင့် သက်ဆိုင်ရာဌာနများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ ရွာမှာက ပညာရေးနဲ့ ပတ်သက်လို့ ကျောင်းက ရှိပြီးသားပေါ့နော်၊ ရွာမှာက ကလေးတွေက များတယ်၊ ကလေးများတဲ့ အတွက်ကြောင့် ကျန်းမာရေးအတွက် ဒီမှာဆိုရင် သိတဲ့အတိုင်းပဲ တောင်ပေါ်ဒေသဆိုတော့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆေးခန်းဖြစ်ဖြစ်၊ ဆေးပေးခန်းဖြစ်ဖြစ် တစ်ခုခုရှိရင် ရွာသားတွေအတွက် အကျိုးရှိမယ်လို့ ခံယူတဲ့အတွက် ကျွန်တော်တို့က အတတ်နိုင်ဆုံးပေါ့၊ အပေါင်းအသင်းတွေ၊ ခင်မင်ရင်းနှီးသူတွေ၊ လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ပေါ့၊ ကျွန်တော်တို့ရွာအတွက် ဆောက်လုပ်ရင် ကောင်းမယ်လို့ ထင်တဲ့အတွက် အစိုးရကို တင်ပြလိုက်တာပေါ့၊ အစိုးရကို တင်ပြလိုက်တဲ့အချိန်ကြတော့ အစိုးရကတော့ ချပေးလာတယ်၊ အစိုးရက ချပေးလာတော့ ဒီမှာကုန်ကျတဲ့ ဈေးနှုန်းက ကွာခြားတာပေါ့၊ ဘာလို့ ကွာခြားတာလဲဆိုတော့ ကျွန်တော်တို့ တောင်ပေါ်ဒေသမှာ ကျောက်တွေ၊ သဲတွေ၊ အကုန်လုံး အစစ အရာရာပေါ့၊ ဈေးကြီးတယ်၊ မြို့ကနေ သယ်လာရတယ်ဆိုတော့ ကွာတယ် အစိုးရက ချပေးတာနဲ့ အများကြီး ကုန်ကျမှု ကွာခြားပေမဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေ၊ ရွာသူရွာသားတွေ စုပေါင်းပြီးမှ ဒီလိုမျိုး လုပ်ဖြစ်တာပါ၊ ဒန်းစီးပွဲနဲ့ကြုံလို့ တစ်ခါတည်း ဖွင့်ပွဲ လုပ်လိုက်တာပါ၊"ဟု အားဆော်ပေါ်မိုး(အူးဖူဒေ့)ရွာသားတစ်ဦးဖြစ်သူ ဦးအာမဲက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အားဆော်ပေါ်မိုးကျေးရွာ(အူးဖူဒေ့)တွင် လူဦးရေ(၇၈၅)ဦးရှိပြီး အိမ်ခြေ(၁၃၀)ရှိရာတွင် အသက်(၁၈)နှစ်အောက် ကလေး လူငယ်များမှာ အယောက်(၄၀၀)ကျော်ရှိကြောင်း သိရသည်။

လူဦးရေ(၇၈၅)ဦးရှိသည့် အားဆော်ပေါ်မိုးကျေးရွာ(အူးဖူဒေ့)တွင် ကျန်းမာရေးကဏ္ဍအနဖြေင့် ယခုဖွင့်လှစ်လိုက်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုရှိပြီး ပညာရေးကဏ္ဍအနဖြေင့် စာသင်ကျောင်းတစ်ကျောင်းရှိထားသည့်အပြင် လျှပ်စစ်မီးအတွက် ရေအားလျှပ်စစ်ပြုလုပ်ကာ (၂၄)နာရီ သုံးစွဲနေလျက်ရှိသော်လည်း ဆက်သွယ်ရေးအတွက် ဖုန်းလိုင်းအဆင်ပြေမှု မရှိသေးကြောင်း နှင့် ဖုန်းလိုင်းမိရန်အတွက် ရွာထိပ် တောင်ပေါ်သို့ သွားရောက်၍ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ရကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း၊ နေမျိုးသူရ၊ သီဟထက်နိုင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net