မြန္ျပည္နယ္ သဲျဖဴကုန္းရြာေတာင္ၿပိဳမႈကို (၄)ရက္ေျမာက္ ဆက္လက္ရွာေဖြေနၿပီး ေသဆံုးသူ ၅၄ ဦးအထိ တိုးလာ

မြန္ျပည္နယ္ သဲျဖဴကုန္းရြာေတာင္ၿပိဳမႈကို (၄)ရက္ေျမာက္ ဆက္လက္ရွာေဖြေနၿပီး ေသဆံုးသူ ၅၄ ဦးအထိ တိုးလာ
သြဂုတ် 12, 2019
By 🌸
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်းရြာတြင္ ေတာင္ၿပိဳက်၍ ေျမေအာက္နစ္ျမဳပ္သြားသည့္ေနရာတြင္ ရွာေဖြကယ္ဆယ္ေရး (၄)ရက္ေျမာက္ေန႔အျဖစ္ ဆက္လက္ေဆာင္ရြက္ေနရာ  နံနက္(၇)နာရီခြဲေက်ာ္က ရုပ္အေလာင္း(၁)ေလာင္းထပ္ေတြ႔၍ ေသဆံုးသူ (၅၄)ဦးအထိ တိုးလာၿပီျဖစ္ေၾကာင္း သိရသည္။

သဲျဖဴကုန္းရြာရိွ မလတ္ေတာင္မွာ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၉)ရက္ေန႔ နံနက္ (၇)နာရီဝန္းက်င္က ၿပိဳက်မႈေၾကာင့္ ေတာင္ေျခရိွေနအိမ္မ်ား ေျမေအာက္နစ္ျမဳပ္ဖံုးလႊမ္းသြားရာ အမ်ိဳးသား သဘာဝေဘး အႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈေကာ္မတီ၊ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေကာ္မတီက မီးသတ္ဦးစီးဌာနႏွင့္ ဌာနဆိုင္ရာမ်ား၊ တပ္မေတာ္ ၊ လူမႈကယ္ဆယ္အဖြဲ႕မ်ားႏွင့္ ျပည္သူမ်ား ပူးေပါင္း၍ စက္ယႏၱရား၊ ရွာေဖြေရးသံုးစက္ပစၥည္း၊ နည္းပညာအကူအညီမ်ားျဖင့္ ရွာေဖြေနၾကျခင္းျဖစ္သည္။

ေျမၿပိဳနစ္ျမဳပ္သြားသူမ်ားအနက္ အသက္ရွင္က်န္ခဲ့သူ (၂၉)ဦးကို ကယ္ထုတ္ထားႏုိင္ခဲ့ၿပီးေနာက္ ေျမေအာက္နစ္ျမဳပ္ေနသူမ်ားကို ဆက္လက္ရွာေဖြေနရာ ေျမၿပိဳၿပီး တတိယေျမာက္ေန႔ျဖစ္သည့္ ၾသဂုတ္လ (၁၁)ရက္ေန႔တြင္ ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ုပ္နွင့္ ရန္ကုန္တိုင္းေဒသႀကီးမီးသတ္ဦးစီးမွဴးရံုးမွ ရွာေဖြကယ္ဆယ္ေရး အထူးတပ္ဖြဲ့ဝင္မ်ားသည္ Thermal Imaging Camera (TIC) ႏွင့္ LEADER Hasty နည္းပညာပစၥည္းမ်ားအသံုးျပဳ၍ ေဆာင္ရြက္လာျခင္းျဖစ္သည္။

Tachileik News Agency
Photo MFSD

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မွန်ပြည်နယ် သဲဖြူကုန်းရွာတောင်ပြိုမှုကို (၄)ရက်မြောက် ဆက်လက်ရှာဖွေနေပြီး သေဆုံးသူ ၅၄ ဦးအထိ တိုးလာ
***********
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင် တောင်ပြိုကျ၍ မြေအောက်နစ်မြုပ်သွားသည့်နေရာတွင် ရှာဖွေကယ်ဆယ်ရေး (၄)ရက်မြောက်နေ့အဖြစ် ဆက်လက်ဆောင်ရွက်နေရာ  နံနက်(၇)နာရီခွဲကျော်က ရုပ်အလောင်း(၁)လောင်းထပ်တွေ့၍ သေဆုံးသူ (၅၄)ဦးအထိ တိုးလာပြီဖြစ်ကြောင်း သိရသည်။
သဲဖြူကုန်းရွာရှိ မလတ်တောင်မှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်က ပြိုကျမှုကြောင့် တောင်ခြေရှိနေအိမ်များ မြေအောက်နစ်မြုပ်ဖုံးလွှမ်းသွားရာ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီက မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ တပ်မတော် ၊ လူမှုကယ်ဆယ်အဖွဲ့များနှင့် ပြည်သူများ ပူးပေါင်း၍ စက်ယန္တရား၊ ရှာဖွေရေးသုံးစက်ပစ္စည်း၊ နည်းပညာအကူအညီများဖြင့် ရှာဖွေနေကြခြင်းဖြစ်သည်။
မြေပြိုနစ်မြုပ်သွားသူများအနက် အသက်ရှင်ကျန်ခဲ့သူ (၂၉)ဦးကို ကယ်ထုတ်ထားနိုင်ခဲ့ပြီးနောက် မြေအောက်နစ်မြုပ်နေသူများကို ဆက်လက်ရှာဖွေနေရာ မြေပြိုပြီး တတိယမြောက်နေ့ဖြစ်သည့် သြဂုတ်လ (၁၁)ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များသည် Thermal Imaging Camera (TIC) နှင့် LEADER Hasty နည်းပညာပစ္စည်းများအသုံးပြု၍ ဆောင်ရွက်လာခြင်းဖြစ်သည်။
Tachileik News Agency
Photo MFSD
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net