မိုးသည္းထန္မႈေၾကာင့္ ေက်ာက္မီးေသြးတြင္းထဲ ေတာင္က်ေရမ်ား စီး၀င္လာ၍ တြင္းထဲ၌ေပ်ာက္ဆံုးေနသည့္ လုပ္သား(၄)ဦးအနက္ (၂)ဦး၏အေလာင္းကိုသာ ရွာေဖြေတြ႔ရိွေသးမိုးသည္းထန္မႈေၾကာင့္ ေက်ာက္မီးေသြးတြင္းထဲ ေတာင္က်ေရမ်ား စီး၀င္လာ၍ တြင္းထဲ၌ေပ်ာက္ဆံုးေနသည့္ လုပ္သား(၄)ဦးအနက္ (၂)ဦး၏အေလာင္းကိုသာ ရွာေဖြေတြ႔ရိွေသး

မိုးသည္းထန္မႈေၾကာင့္ ေက်ာက္မီးေသြးတြင္းထဲ ေတာင္က်ေရမ်ား စီး၀င္လာ၍ တြင္းထဲ၌ေပ်ာက္ဆံုးေနသည့္ လုပ္သား(၄)ဦးအနက္ (၂)ဦး၏အေလာင္းကိုသာ ရွာေဖြေတြ႔ရိွေသးမိုးသည္းထန္မႈေၾကာင့္ ေက်ာက္မီးေသြးတြင္းထဲ ေတာင္က်ေရမ်ား စီး၀င္လာ၍ တြင္းထဲ၌ေပ်ာက္ဆံုးေနသည့္ လုပ္သား(၄)ဦးအနက္ (၂)ဦး၏အေလာင္းကိုသာ ရွာေဖြေတြ႔ရိွေသး
သြဂုတ် 28, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းလွျမိဳ႕နယ္အတြင္း တူးေဖာ္လွ်က္ရိွေနသည့္ အင္ၾကင္းေတာင္ ေက်ာက္မီးေသြးတူးေဖာ္ေရး ကုမၸဏီပိုင္ ေက်ာက္မီးေသြးတြင္း ျပဳိက်မႈျဖစ္ပြား၍ တြင္းထဲ၌ ပိတ္မိေနသည့္ အလုပ္သမား (၄)ဦး အနက္ ၾသဂုတ္လ(၂၈)ရက္ေန႔အထိ (၂)ဦး၏ အေလာင္းကိုသာ ရွာေဖြေတြ႔ရိွေသးေၾကာင္း အင္ၾကင္းေတာင္ကုမၸဏီတာဝန္ရိွသူထံမွ သိရသည္။

၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၂၅)ရက္ ညေနပိုင္းက သည္းထန္စြာရြာသြန္းသည့္မိုးေၾကာင့္ မင္းလွၿမိဳ႕နယ္ ဆပ္ျပာေက်းရြာအေရွ႕ ေတာင္ဘက္ (၅)မိုင္ခန္႔အကြာရိွ အင္ၾကင္းေတာင္ ေက်ာက္မီးေသြးတူးေဖာ္ေရး ကုမၸဏီပိုင္ ေက်ာက္မီးေသြးတြင္း အတြင္းသို႔ ေတာင္က်ေရမ်ား စီးဝင္ကာ တြင္းအနက္ ေပ(၂၈၀)ခန္႔တြင္ ရိွေနသည့္ လုပ္သား(၄)ဦး မွာ တြင္းထဲ၌ ပိတ္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေက်ာက္မီးေသြးက်င္းေပါက္ကလည္း ေတာင္ကမ္းပါယံေဘးနားေလးဆိုေတာ့ ေတာင္က်ေရေတြစီးျပီးေတာ့ ေရ ကိုတားထားတဲ့ ဆည္ေဘာင္လိုဟာက က်ိဳးသြားခဲ့တာေၾကာင့္ ေရေတြအလံုးအရင္းနဲ႔ ဝင္ျပီး က်င္းေအာက္မွာ လုပ္ေနတဲ့ လုပ္သား (၄)ဦး ဟာ ပိတ္မိသြားတယ္။ အေပၚကအေစာင့္က ေအာ္ဟစ္အကူညီေတာင္းေတာ့ ကုမၸဏီမွာ တာဝန္မက်ဘဲနားေနတဲ့ဝန္ထမ္းေတြနဲ႔ အလ်င္အျမန္သြားျပီးကယ္ဖို႔ႀကိဳးစားၾကပါတယ္။ ေရအရိွန္ကတအားမ်ား တဲ့အတြက္ လူေတြကေအာက္ဆင္းကယ္ဖို႔မျဖစ္ႏိုင္တာေၾကာင့္ ေရကိုပဲ လမ္းလြဲသြားေအာင္၊ သစ္တံုးသစ္စေတြ ပါၿပီး ေအာက္ကလူေတြကို အႏၱရာယ္မျဖစ္ေအာင္ အတတ္ႏိုင္ဆံုးႀကိဳးစားကာခဲ့ၾကေပမယ့္ မရခဲ့ပါဘူး” ဟု အင္ၾကင္းေတာင္ကုမၸဏီရံုပိုင္းဆိုင္ရာမန္ေနဂ်ာ ကိုသဲသဲဇံျမတ္ကို က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ မင္းလွျမိဳ႕ ေျမာက္ရပ္ကြက္ေန အသက္(၁၆)နွစ္အရြယ္ရိွ ေမာင္ေအာင္ခ်မ္းသာ၊ မင္းလွၿမိဳ႕ နယ္ ေက်ာက္ေထာင္ေက်းရြာေနသူမ်ားျဖစ္သည့္  အသက္(၁၉)ႏွစ္အရြယ္ရိွ ေမာင္စိုးေအာင္ႏွင့္ အသက္(၂၀) ႏွစ္ အရြယ္ရိွ ေမာင္ႏိုင္ထက္ဦးႏွင့္ အမ္းၿမိဳ႕နယ္ လွကာရ ေက်းရြာေန အသက္(၂၈)ႏွစ္အရြယ္ရိွ ကိုပိုင္စိုးဝင္း တို႔(၄) ဦးမွာ တြင္းထဲတြင္ ပိတ္မိကာ ေမာင္စိုးေအာင္ႏွင့္ ကိုပိုင္စိုးဝင္းတို႔ (၂)ဦးတို႔ အေလာင္းကိုသာ ရွာေဖြေတြ႔ရိွခဲ့ၿပီး ၾသဂုတ္လ(၂၇)ရက္ေန႔အထိ က်န္(၂)ဦးကို မေတြ႔ရိွေသးေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရနံမနယ္ေျမရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ ၅/၂၀၁၉ ျဖင့္ အမႈေရးဖြင့္ေဆာင္ ရြက္ထားေၾကာင္း သိရၿပီး ကုမၸဏီဘက္မွတာဝန္ရိွသူမ်ားက ေသဆံုးသူ(၂)ဦး၊ ေပ်ာက္ဆံုးေနသူ(၂) ဦး၏ မိသားစု မ်ား၊ ေဆြမ်ိဳးမ်ားႏွင့္ ေတြ႔ဆံုညိွ ႏိႈင္းကာ ၎တို႔၏နစ္နာမႈမ်ားအတြက္ ညိႇႏိွဳင္းေဆာင္ရြက္ေပးႏိုင္ရန္ ႀကိဳးစားသြားမည္ျဖစ္ေၾကာင္း မန္ေနဂ်ာ ကိုသဲသဲဇံျမတ္ကိုက ေျပာသည္။

ေရနံမနယ္ေျမရဲတပ္ဖဲြ႔ဝင္မ်ား၊ မီးသတ္ႏွင့္ကယ္ဆယ္ေရးအဖဲြ႔မ်ားက ေက်ာက္မီးေသြးတြင္းထဲရိွေရမ်ားကို စုပ္ထုတ္၍ က်န္ရိွေနေသာ လုပ္သား (၂)ဦးကို တြင္းေအာက္ေျခအထိ ဆင္းသက္ရွာေဖြႏိုင္ရန္ ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္းသိရၿပီး ယင္း အင္ၾကင္းေတာင္ကုမၸဏီေက်ာက္မီးေသြးလုပ္ကြက္မွာ ၂၀၁၅-၂၀၁၆ခုႏွစ္ မွ စ၍ လုပ္ခြင့္ က်ျပီး ၂၀၂၀ခုႏွစ္ ဒီဇင္ဘာလ အထိ လုပ္ကိုင္ခြင့္ရရိွထားေႀကာင္း သိရသည္။

Tachileik News Agency
သတင္း - ဖီးနစ္
ဓာတ္ပံု - မ်ိဳးလိႈင္ဝင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်း တူးဖော်လျှက်ရှိနေသည့် အင်ကြင်းတောင် ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီပိုင် ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်ပွား၍ တွင်းထဲ၌ ပိတ်မိနေသည့် အလုပ်သမား (၄)ဦး အနက် သြဂုတ်လ(၂၈)ရက်နေ့အထိ (၂)ဦး၏ အလောင်းကိုသာ ရှာဖွေတွေ့ရှိသေးကြောင်း အင်ကြင်းတောင်ကုမ္ပဏီတာဝန်ရှိသူထံမှ သိရသည်။

၂၀၁၉ခုနှစ် သြဂုတ်လ(၂၅)ရက် ညနေပိုင်းက သည်းထန်စွာရွာသွန်းသည့်မိုးကြောင့် မင်းလှမြို့နယ် ဆပ်ပြာကျေးရွာအရှေ့ တောင်ဘက် (၅)မိုင်ခန့်အကွာရှိ အင်ကြင်းတောင် ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီပိုင် ကျောက်မီးသွေးတွင်း အတွင်းသို့ တောင်ကျရေများ စီးဝင်ကာ တွင်းအနက် ပေ(၂၈၀)ခန့်တွင် ရှိနေသည့် လုပ်သား(၄)ဦး မှာ တွင်းထဲ၌ ပိတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောက်မီးသွေးကျင်းပေါက်ကလည်း တောင်ကမ်းပါယံဘေးနားလေးဆိုတော့ တောင်ကျရေတွေစီးပြီးတော့ ရေ ကိုတားထားတဲ့ ဆည်ဘောင်လိုဟာက ကျိုးသွားခဲ့တာကြောင့် ရေတွေအလုံးအရင်းနဲ့ ဝင်ပြီး ကျင်းအောက်မှာ လုပ်နေတဲ့ လုပ်သား (၄)ဦး ဟာ ပိတ်မိသွားတယ်။ အပေါ်ကအစောင့်က အော်ဟစ်အကူညီတောင်းတော့ ကုမ္ပဏီမှာ တာဝန်မကျဘဲနားနေတဲ့ဝန်ထမ်းတွေနဲ့ အလျင်အမြန်သွားပြီးကယ်ဖို့ကြိုးစားကြပါတယ်။ ရေအရှိန်ကတအားများ တဲ့အတွက် လူတွေကအောက်ဆင်းကယ်ဖို့မဖြစ်နိုင်တာကြောင့် ရေကိုပဲ လမ်းလွဲသွားအောင်၊ သစ်တုံးသစ်စတွေ ပါပြီး အောက်ကလူတွေကို အန္တရာယ်မဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားကာခဲ့ကြပေမယ့် မရခဲ့ပါဘူး” ဟု အင်ကြင်းတောင်ကုမ္ပဏီရုံပိုင်းဆိုင်ရာမန်နေဂျာ ကိုသဲသဲဇံမြတ်ကို က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မင်းလှမြို့ မြောက်ရပ်ကွက်နေ အသက်(၁၆)နှစ်အရွယ်ရှိ မောင်အောင်ချမ်းသာ၊ မင်းလှမြို့ နယ် ကျောက်ထောင်ကျေးရွာနေသူများဖြစ်သည့် အသက်(၁၉)နှစ်အရွယ်ရှိ မောင်စိုးအောင်နှင့် အသက်(၂၀) နှစ် အရွယ်ရှိ မောင်နိုင်ထက်ဦးနှင့် အမ်းမြို့နယ် လှကာရ ကျေးရွာနေ အသက်(၂၈)နှစ်အရွယ်ရှိ ကိုပိုင်စိုးဝင်း တို့(၄) ဦးမှာ တွင်းထဲတွင် ပိတ်မိကာ မောင်စိုးအောင်နှင့် ကိုပိုင်စိုးဝင်းတို့ (၂)ဦးတို့ အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ပြီး သြဂုတ်လ(၂၇)ရက်နေ့အထိ ကျန်(၂)ဦးကို မတွေ့ရှိသေးကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရေနံမနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၉ ဖြင့် အမှုရေးဖွင့်ဆောင် ရွက်ထားကြောင်း သိရပြီး ကုမ္ပဏီဘက်မှတာဝန်ရှိသူများက သေဆုံးသူ(၂)ဦး၊ ပျောက်ဆုံးနေသူ(၂) ဦး၏ မိသားစု များ၊ ဆွေမျိုးများနှင့် တွေ့ဆုံညှိ နှိုင်းကာ၎င်းတို့၏နစ်နာမှုများအတွက် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မန်နေဂျာ ကိုသဲသဲဇံမြတ်ကိုက ပြောသည်။

ရေနံမနယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့များက ကျောက်မီးသွေးတွင်းထဲရှိရေများကို စုပ်ထုတ်၍ ကျန်ရှိနေသော လုပ်သား (၂)ဦးကို တွင်းအောက်ခြေအထိ ဆင်းသက်ရှာဖွေနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်းသိရပြီး ယင်း အင်ကြင်းတောင်ကုမ္ပဏီကျောက်မီးသွေးလုပ်ကွက်မှာ ၂၀၁၅-၂၀၁၆ခုနှစ် မှ စ၍ လုပ်ခွင့် ကျပြီး ၂၀၂၀ခုနှစ် ဒီဇင်ဘာလ အထိ လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - မျိုးလှိုင်ဝင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net