ဂုတ္တြင္းတံတား ဝန္အားစစ္ေဆးစဥ္ အေပါ့စားယာဥ္အခ်ိဳ႕အား ေခတၱျဖတ္သန္းခြင့္ေပး

ဂုတ္တြင္းတံတား ဝန္အားစစ္ေဆးစဥ္ အေပါ့စားယာဥ္အခ်ိဳ႕အား ေခတၱျဖတ္သန္းခြင့္ေပး
သြဂုတ် 20, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕အနီးရိွ မုိင္းခြဲခံရသည့္ ဂုတ္တြင္းတံတားေနရာတြင္ တည္ေဆာက္ ေနသည့္ ယာယီေဘလီတံတားကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၀) ရက္ေန႔ ညေန (၂) နာရီ ဝန္းက်င္က တံတားဝန္အား စစ္ေဆးစဥ္ အေပါ့စားယာဥ္အခ်ိဳ႕ကို ေခတၱလမ္းဖြင့္ေပးထားေၾကာင္း ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္က အသိေပးထားသည္။

ဝန္အားစစ္ေဆးေနစဥ္ ေနာင္ခ်ိဳဖက္မွ အေပါ့စားယာဉ္မ်ားကို စမ္းသပ္ျဖတ္သန္းရန္ ေခတၱဖြင့္ေပးလုိက္ၿပီး ေက်ာက္မဲဖက္မွ အေပါ့စားယာဥ္အခ်ိဳ႕ကို ေခတၱျဖတ္သန္းေစမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ တံတား၏ဝန္အားကို ျပန္လည္စစ္ေဆးၿပီး လိုအပ္သည့္ျပင္ဆင္မႈမ်ားျပဳလုပ္ရန္ အခ်ိန္ (၁)နာရီခန္႔ ျပန္လည္ပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေဒါက္တာ ညီညီေအာင္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဂုတ်တွင်းတံတား ဝန်အားစစ်ဆေးစဉ် အပေါ့စားယာဉ်အချို့အား ခေတ္တဖြတ်သန်းခွင့်ပေး
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့အနီးရှိ မိုင်းခွဲခံရသည့် ဂုတ်တွင်းတံတားနေရာတွင် တည်ဆောက် နေသည့် ယာယီဘေလီတံတားကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့ ညနေ (၂) နာရီ ဝန်းကျင်က တံတားဝန်အား စစ်ဆေးစဉ် အပေါ့စားယာဉ်အချို့ကို ခေတ္တလမ်းဖွင့်ပေးထားကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က အသိပေးထားသည်။

ဝန်အားစစ်ဆေးနေစဉ် နောင်ချိုဖက်မှ အပေါ့စားယာဉ်များကို စမ်းသပ်ဖြတ်သန်းရန် ခေတ္တဖွင့်ပေးလိုက်ပြီး ကျောက်မဲဖက်မှ အပေါ့စားယာဉ်အချို့ကို ခေတ္တဖြတ်သန်းစေမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် တံတား၏ဝန်အားကို ပြန်လည်စစ်ဆေးပြီး လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်ရန် အချိန် (၁)နာရီခန့် ပြန်လည်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဒေါက်တာ ညီညီအောင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net