မိုးညိဳၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အား အဂတိလုိက္စားမႈျဖင့္ အမႈဖြင့္

မိုးညိဳၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အား အဂတိလုိက္စားမႈျဖင့္ အမႈဖြင့္
သြဂုတ် 23, 2019
By 🌸
ပဲခူးတုိင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕နယ္အတြင္း အင္းသက္တမ္းတိုးရာတြင္ ေငြေၾကးရယူေဆာင္ရြက္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းကို မိုးညိဳၿမိဳ႕မရဲစခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၃)ရက္ေန႔တြင္ အဂတိလုိက္စားမႈျဖင့္ အမႈဖြင့္တုိင္ၾကားလုိက္ေၾကာင္း သိရသည္။

မိုးညိဳၿမိဳ႕နယ္အတြင္းရွိ အင္းသားႀကီး (၉) ဦးအား ေနာက္ထပ္ အင္းသက္တမ္း(၃)ႏွစ္ ေၾကးတိုင္ရေအာင္ တာဝန္ယူလုပ္ေပးမည္ဟု ေျပာၾကား၍ ေငြေၾကးမ်ားေတာင္းယူၿပီး ကိုယ္က်ိဳး အလြဲသုံးျခင္းအား စစ္ေဆးအေရးယူေပးပါရန္ဟုဆိုကာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ထံ တုိင္ၾကားလာသျဖင့္  စုံစမ္းစစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပဲခူးတိုင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းသည္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးအေနျဖင့္ ေဒသဖြံ႔ၿဖိဳးေရးလုပ္ငန္းကို စီမံခန႔္ခြဲေရးတာဝန္ျဖစ္ေသာ အင္းေလလံပစ္ရာတြင္ ႀကီးၾကပ္ေဆာင္ရြက္ခဲ့စဥ္ ၂၀၁၇ ခုႏွစ္၊ မတ္လအတြင္းက ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ခုႏွစ္အတြက္ ေၾကးတိုင္အင္း သက္တမ္းတိုး ေလၽွာက္ထားသည့္ အင္းမ်ားႏွင့္ပတ္သက္၍ အင္းသားႀကီးမ်ားထံမွ ေငြက်ပ္ (၃၅)သိန္းႏွင့္ ေငြက်ပ္ (၃၂)သိန္းတို႔ကို ရယူေတာင္းခံခဲ့ေၾကာင္း စစ္ေဆးေတြ႔ရိွရျခင္းျဖစ္သည္ဟု သိရသည္။

ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္၏ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ပဲခူးတိုင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းအား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ ပဲခူးတိုင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုးညိုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
*************
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အတွင်း အင်းသက်တမ်းတိုးရာတွင် ငွေကြေးရယူဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို မိုးညိုမြို့မရဲစခန်းတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့တွင် အဂတိလိုက်စားမှုဖြင့် အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သိရသည်။

မိုးညိုမြို့နယ်အတွင်းရှိ အင်းသားကြီး (၉) ဦးအား နောက်ထပ် အင်းသက်တမ်း(၃)နှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမည်ဟု ပြောကြား၍ ငွေကြေးများတောင်းယူပြီး ကိုယ်ကျိုး အလွဲသုံးခြင်းအား စစ်ဆေးအရေးယူပေးပါရန်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားလာသဖြင့်  စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို စီမံခန့်ခွဲရေးတာဝန်ဖြစ်သော အင်းလေလံပစ်ရာတွင် ကြီးကြပ်ဆောင်ရွက်ခဲ့စဉ် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ကြေးတိုင်အင်း သက်တမ်းတိုး လျှောက်ထားသည့် အင်းများနှင့်ပတ်သက်၍ အင်းသားကြီးများထံမှ ငွေကျပ် (၃၅)သိန်းနှင့် ငွေကျပ် (၃၂)သိန်းတို့ကို ရယူတောင်းခံခဲ့ကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net