တာခ်ီလိတ္တြင္ မြန္ျပည္နယ္မွ သဘာဝေဘးသင့္ျပည္သူမ်ားအတြက္ အထက(တာခ်ီလိတ္)ေက်ာင္းသူေက်ာင္းသားေဟာင္းမ်ားအဖြဲ႕ ပါ၀င္သည့္ အဖြဲ႕(၅)ဖြဲ႕စုေပါင္း ရန္ပံုေငြရွာေဖြသည့္ ႏွစ္ရက္တာအတြင္း ေငြက်ပ္ (၁၈၇)သိန္းေက်ာ္ ရရိွ

တာခ်ီလိတ္တြင္ မြန္ျပည္နယ္မွ သဘာဝေဘးသင့္ျပည္သူမ်ားအတြက္ အထက(တာခ်ီလိတ္)ေက်ာင္းသူေက်ာင္းသားေဟာင္းမ်ားအဖြဲ႕ ပါ၀င္သည့္ အဖြဲ႕(၅)ဖြဲ႕စုေပါင္း ရန္ပံုေငြရွာေဖြသည့္ ႏွစ္ရက္တာအတြင္း ေငြက်ပ္ (၁၈၇)သိန္းေက်ာ္ ရရိွ
သြဂုတ် 17, 2019
By Tachileik News Agency

မြန္ျပည္နယ္မွ သဘာဝေဘးသင့္ျပည္သူမ်ားအားကူညီႏိုင္ရန္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ အထက(တာခ်ီလိတ္)ေက်ာင္းသူေက်ာင္းသားေဟာင္းမ်ားအဖြဲ႕၊ Tachileik Talent Show၊ A3N Music Band ၊ Mizzima Crew ႏွင့္ Smile Music အဖြဲ႕တုိ႔၏ ရန္ပံုေငြရွာေဖြေရး ဒုတိယေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၆)ရက္ေန႔တြင္ က်ပ္ႏွင့္ဘတ္ စုစုေပါင္း က်ပ္(၁၁၂)သိန္းေက်ာ္ရရိွသျဖင့္ ႏွစ္ရက္ေပါင္းတြင္ စုစုေပါင္းရန္ပံုေငြ က်ပ္(၁၈၇)သိန္းေက်ာ္ရရိွၿပီျဖစ္သည္။

ရန္ပံုေငြရွာေဖြေရး ပထမေန႔ျဖစ္သည့္ ၾသဂုတ္လ (၁၅)ရက္ေန႔က ရန္ပံုေငြ က်ပ္(၁,၄၁၉,၃၅၀)၊ ဘတ္ (၁၃၅,၅၈၀)၊ ယြမ္(၂၀)ႏွင့္ ထုိင္းထီလက္မွတ္(၂)ေစာင္ရရွိခဲ့ၿပီး ၾသဂုတ္လ (၁၆)ရက္ေန႔တြင္ က်ပ္(၄,၁၉၈,၉၀၀)ႏွင့္ ဘတ္ (၁၅၈,၂၀၀)ရရိွခဲ့ျခင္း ျဖစ္သည္။

ရန္ပံုေငြရွာေဖြေရးကို ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ (၁၇)ရက္ေန႔တြင္လည္း ညေန(၅)နာရီမွ ည (၉)နာရီအထိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးရွိ ျပည္သူ႔ေဆးရံုေဟာင္းေရွ႕တြင္ Bboy၊ Zumba အကအဖြဲ႕မ်ား၊ ဂီတအဖြဲ႕မ်ားျဖင့္ လုပ္ေဆာင္မည့္အျပင္ နံနက္(၉)နာရီမွ ေန႔လယ္(၁၁)နာရီအထိ ေဖ်ာ္ေျဖမႈမပါဘဲ အလွဴခံၾကမည္ျဖစ္သည္။

ရန္ပံုေငြပြဲ (၃)ရက္တာအတြက္ ကုန္က်စရိတ္မ်ားကို အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ားအဖြဲ႔မွ လုပ္ငန္းရွင္တစ္ဦးျဖစ္သူ ဦးစိုင္းဂြ်န္ရီ( J My King Hotel ႏွင့္ Johnny Fitness Center )က က်ခံေပးထားၿပီး အမ်ားစုေပါင္းလွဴဒါန္းသည့္ ရန္ပံုေငြမ်ားအားလံုးကို ေရေဘးသင့္ျပည္သူမ်ားအတြက္ ေပးပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။

မြန္ျပည္နယ္တြင္ ၿမိဳ႕နယ္ေပါင္း (၈)ၿမိဳ႕နယ္၌ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၃)ရက္ေန႔အထိ ေရေဘး ကယ္ဆယ္ေရးစခန္း (၃၇)ခုတြင္ အိမ္ေထာင္စုေပါင္း (၂,၁၉၆)စုမွ လူဦးေရ စုစုေပါင္း (၅,၄၄၆) ခိုလံႈေနၾကသည္ဟု မြန္ျပည္နယ္အစုိးရအဖြဲ႕က သတင္းထုတ္ျပန္သည္။

ျပည္နယ္တြင္း မိုးသည္းထန္ၿပီး ေရႀကီးနစ္ျမဳပ္မႈ၊ ေျမၿပိဳမႈမ်ားေၾကာင့္ လူေပါင္း (၇၀)ေသဆံုးခဲ့ရသည့္အျပင္ အေဆာက္အဦႏွင့္ လမ္းတံတားမ်ား၊ စပါးစိုက္ဧကမ်ားႏွင့္ ရာဘာၿခံမ်ား ပ်က္စီးဆံုးရံႈးသြားၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္ ၊ ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မွန်ပြည်နယ်မှ သဘာဝဘေးသင့်ပြည်သူများအားကူညီနိုင်ရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့၊ Tachileik Talent Show၊ A3N Music Band၊ Mizzima Crew နှင့် Smile Music အဖွဲ့တို့၏ ရန်ပုံငွေရှာဖွေရေး ဒုတိယနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့တွင် ကျပ်နှင့်ဘတ် စုစုပေါင်း ကျပ်(၁၁၂)သိန်းကျော်ရရှိသဖြင့် နှစ်ရက်ပေါင်းတွင် စုစုပေါင်းရန်ပုံငွေ ကျပ်(၁၈၇)သိန်းကျော်ရရှိပြီဖြစ်သည်။

ရန်ပုံငွေရှာဖွေရေး ပထမနေ့ဖြစ်သည့် သြဂုတ်လ (၁၅)ရက်နေ့က ရန်ပုံငွေ ကျပ်(၁,၄၁၉,၃၅၀)၊ ဘတ် (၁၃၅,၅၈၀)၊ ယွမ်(၂၀)နှင့် ထိုင်းထီလက်မှတ်(၂)စောင်ရရှိခဲ့ပြီး သြဂုတ်လ (၁၆)ရက်နေ့တွင် ကျပ်(၄,၁၉၈,၉၀၀)နှင့် ဘတ် (၁၅၈,၂၀၀)ရရှိခဲ့ခြင်း ဖြစ်သည်။

ရန်ပုံငွေရှာဖွေရေးကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့တွင်လည်း ညနေ(၅)နာရီမှ ည (၉)နာရီအထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ပြည်သူ့ဆေးရုံဟောင်းရှေ့တွင် Bboy၊ Zumba အကအဖွဲ့များ၊ ဂီတအဖွဲ့များဖြင့် လုပ်ဆောင်မည့်အပြင် နံနက်(၉)နာရီမှ နေ့လယ်(၁၁)နာရီအထိ ဖျော်ဖြေမှုမပါဘဲ အလှူခံကြမည်ဖြစ်သည်။

ရန်ပုံငွေပွဲ (၃)ရက်တာအတွက် ကုန်ကျစရိတ်များကို အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးစိုင်းဂျွန်ရီ( J My King Hotel နှင့် Johnny Fitness Center )က ကျခံပေးထားပြီး အများစုပေါင်းလှူဒါန်းသည့် ရန်ပုံငွေများအားလုံးကို ရေဘေးသင့်ပြည်သူများအတွက် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် မြို့နယ်ပေါင်း (၈)မြို့နယ်၌ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့အထိ ရေဘေး ကယ်ဆယ်ရေးစခန်း (၃၇)ခုတွင် အိမ်ထောင်စုပေါင်း (၂,၁၉၆)စုမှ လူဦးရေ စုစုပေါင်း (၅,၄၄၆) ခိုလှုံနကြေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ပြည်နယ်တွင်း မိုးသည်းထန်ပြီး ရကြေီးနစ်မြုပ်မှု၊ မြပြေိုမှုများကြောင့် လူပေါင်း (၇၀)သေဆုံးခဲ့ရသည့်အပြင် အဆောက်အဦနှင့် လမ်းတံတားများ၊ စပါးစိုက်ဧကများနှင့် ရာဘာခြံများ ပျက်စီးဆုံးရှုံးသွားကြခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net