တာချီလိတ် မက်သာဒုန်းစင်တာတွင် မူးယစ်ဆေးဖြတ်ကုသခြင်းအပြင် ဆက်စပ်ရောဂါများ စစ်ဆေးပေးနေပြီး ဆေးဖြတ်လိုသူများ လာရောက်ကုသမှုခံယူနိုင်

တာချီလိတ် မက်သာဒုန်းစင်တာတွင် မူးယစ်ဆေးဖြတ်ကုသခြင်းအပြင် ဆက်စပ်ရောဂါများ စစ်ဆေးပေးနေပြီး ဆေးဖြတ်လိုသူများ လာရောက်ကုသမှုခံယူနိုင်
ဇူလိုငျ 24, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မက်သာဒုန်းစင်တာတွင် ဆေးဖြတ်သူများအား HIV ပိုး၊ အသည်းရောင် ဘီပိုး၊ စီပိုးနှင့် တီဘီရောဂါများကိုပါ စစ်ဆေးကုသပေးနေပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့အထိ စင်တာတွင် မူးယစ်ဆေးဖြတ်လူနာ (၁၃၅)ဦးရှိနေကြောင်း သိရသည်။


ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေးရှိ တာချီလိတ်ပြည်သူ့ဆေးရုံဟောင်းအတွင်း ဖွင့်လှစ်ထားသည့် မက်သာဒုန်းစင်တာတွင် မူးယစ်ဆေးဖြတ်လူနာများအား မက်သာဒုန်းဆေးတိုက်ခြင်းအပြင် HIV ပိုး စစ်ဆေးပြီး လိုအပ်ပါက ART ဆေးရရှိရန် ဆောင်ရွက်ပေးခြင်း၊ အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးစစ်ဆေးပေးခြင်း၊ တီဘီရောဂါပိုးစစ်ဆေးပေးခြင်းများကိုလည်း ပြုလုပ်ပေးနေခြင်းဖြစ်ပြီး မူးယစ်ဆေးဖြတ်လိုသူများအနေဖြင့် စင်တာသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မက်သာဒုန်းစင်တာတွင် ဆေးဖြတ်သူများအား HIV ပိုး၊ အသည်းရောင် ဘီပိုး၊ စီပိုးနှင့် တီဘီရောဂါများကိုပါ စစ်ဆေးကုသပေးနပြေီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့အထိ စင်တာတွင် မူးယစ်ဆေးဖြတ်လူနာ (၁၃၅)ဦးရှိနေကြောင်း သိရသည်။

“HIV ပိုး၊ ဘီပိုး၊ စီပိုး၊ တီဘီလည်း စစ်ပေးတယ်။ တီဘီစစ်ဖို့တော့ တီဘီဌာနကို လွှတ်ပေးတာပေါ့။ လတ်တလောတော့ ဆေးဖြတ်လူနာ (၁၃၅) ရှိတယ်။ ဝင်လိုက်၊ ထွက်လိုက် အတိုးအလျော့နဲ့ ပုံမှန်အားဖြင့် (၁၃၀)ကျော် ဝန်းကျင်မှာပဲ ရှိနေတယ်။ ဒီမှာက သုံးစွဲတာများတာက အက်ဖတမင်းဆိုတဲ့ ဆေးပြားတွေဆိုတော့ အဲဒီကောင်တွေက မက်သာဒုန်းနဲ့ ကုဖို့မလိုဘူး။ မက်သာဒုန်းနဲ့ ကုသတာက ဘိန်းဖြူ၊ဘိန်းမည်း သုံးတဲ့သူတွေကို ကုရတာ”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေးရှိ တာချီလိတ်ပြည်သူ့ဆေးရုံဟောင်းအတွင်း ဖွင့်လှစ်ထားသည့် မက်သာဒုန်းစင်တာတွင် မူးယစ်ဆေးဖြတ်လူနာများအား မက်သာဒုန်းဆေးတိုက်ခြင်းအပြင် HIV ပိုး စစ်ဆေးပြီး လိုအပ်ပါက ART ဆေးရရှိရန် ဆောင်ရွက်ပေးခြင်း၊ အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးစစ်ဆေးပေးခြင်း၊ တီဘီရောဂါပိုးစစ်ဆေးပေးခြင်းများကိုလည်း ပြုလုပ်ပေးနခြေင်းဖြစ်ပြီး မူးယစ်ဆေးဖြတ်လိုသူများအနဖြေင့် စင်တာသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။

တာချီလိတ်ရှိ မက်သာဒုန်းစင်တာတွင် လာရောက်ကုသမှုခံယူနေသည့် မူးယစ်ဆေးစွဲလူနာများတွင် ၂၀၁၈ ခုနှစ်စာရင်းများအရ ဆက်စပ်ရောဂါအဖြစ် တီဘီရောဂါကို အများဆုံးတွေ့ရပြီး HIV ပိုးတွေ့ရသူ (၈)ဦးရှိကြောင်း သိရသည်။

မူးယစ်ဆေးဖြတ်ကုသမှု ခံယူနေသူများအား မက်သာဒုန်းစင်တာရှိ သက်ဆိုင်ရာ ဆရာဝန်အပြင် မိတ်ဖက်အဖွဲ့အစည်းများမှ လိုအပ်သည့် ဆွေးနွေးကုသမှုများကို လုပ်ဆောင်ပေးခြင်း ကွန်ဒုံးဖြန့်ဝေပေးခြင်းများကို လုပ်ဆောင်ပေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net