ေနာင္ခ်ိဳၿမိဳ႕အနီး ဂုတ္တြင္းလမ္းပိုင္းတြင္ ထားရိွသည့္ Food Box တစ္လမျပည့္မီ ဖ်က္ဆီးခံရသျဖင့္ ျပန္လည္ျပဳျပင္ထားရ

ေနာင္ခ်ိဳၿမိဳ႕အနီး ဂုတ္တြင္းလမ္းပိုင္းတြင္ ထားရိွသည့္ Food Box တစ္လမျပည့္မီ ဖ်က္ဆီးခံရသျဖင့္ ျပန္လည္ျပဳျပင္ထားရ
ဇူလိုင် 23, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳႏွင့္ ေက်ာက္မဲလမ္းပိုင္းရိွ  ျပည္ေထာင္စုလမ္းမႀကီး ဂုတ္တြင္းလမ္းပိုင္း နားေနေဆာင္အမွတ္ (၃)တြင္ ထားရိွေပးထားသည့္ Food Box မွာ တစ္လမျပည့္မီ ဖ်က္ဆီးခံထားရေၾကာင္း သိရသည္။

အဆိုပါ Food Box ကို ေနာင္ခ်ိဳၿမိဳ႕မွွ လူငယ္တစ္စုက ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၁)ရက္ေန႔က ထားရိွေပးထားျခင္းျဖစ္ၿပီး ဇူလုိင္လ (၂၂)ရက္ေန႔က ဖ်က္ဆီးခံထားရသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

"ညေနတိုင္း အဲဒီ Food Box ကို သြားၿပီးေတာ့ ေရနဲ႔မုန္႔ေတြ သြားျဖည့္ပါတယ္။ (၂၂) ရက္ေန႔ ညေနက သြားေတာ့ Food Box တံခါးက ပတၱာေတြကို ဓါးနဲ႔ကေလာ္ထားတာ ေတြ႔ရတယ္။ အမႈိက္ေတြကိုလည္း အဲဒီနားမွာတင္ ဖြထားတယ္။ ခ်ိတ္ဆြဲထားတဲ့ ဗြီႏိုင္းစလည္း ျဖဳတ္ခံထားရတယ္။ မေတြ႔ေတာ့ဘူး။ စိတ္မေကာင္းျဖစ္ရေပမဲ့ ဘာမွေတာ့ မတတ္ႏိုင္လိုက္ဘူး" ဟု ေနာင္ခ်ိဳလူငယ္အဖြဲ႔မွ ကိုစိုင္းလင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ဂုတ္တြင္းလမ္းပိုင္းတစ္ခုလံုးတြင္ ပထမဦးဆံုးျဖစ္သည့္ အဆိုပါ Food Box အား စတင္ထားရွိသည့္ ဇူလိုင္လ (၁) ရက္ေန႔မွ (၂၃) ရက္ေန႔အထိ တစ္ပိုင္တစ္ႏိုင္ လာေရာက္လွဴဒါန္းသည့္ အလွဴရွင္မ်ားရိွေနေၾကာင္းႏွင့္ တည္ေထာင္သူအဖြဲ႕အား ဆက္သြယ္လွဴဒါန္းသူမ်ားလည္း ရိွေနေၾကာင္း သိရသည္။

လက္ရိွတြင္ Food Box ကို ျပန္လည္ျပဳျပင္ထားၿပီျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း -  ေနၿဖိဳးျမင့္
ဓါတ္ပံု - Sai Lin Oo




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုနှင့် ကျောက်မဲလမ်းပိုင်းရှိ ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်းပိုင်း နားနေဆောင်အမှတ် (၃)တွင် ထားရှိပေးထားသည့် Food Box မှာ တစ်လမပြည့်မီ ဖျက်ဆီးခံထားရကြောင်း သိရသည်။

အဆိုပါ Food Box ကို နောင်ချိုမြို့မှ လူငယ်တစ်စုက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့က ထားရှိပေးထားခြင်းဖြစ်ပြီး ဇူလိုင်လ (၂၂)ရက်နေ့က ဖျက်ဆီးခံထားရသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

"ညနေတိုင်း အဲဒီ Food Box ကို သွားပြီးတော့ ရေနဲ့မုန့်တွေ သွားဖြည့်ပါတယ်။ (၂၂) ရက်နေ့ ညနေက သွားတော့ Food Box တံခါးက ပတ္တာတွေကို ဓားနဲ့ကလော်ထားတာ တွေ့ရတယ်။ အမှိုက်တွေကိုလည်း အဲဒီနားမှာတင် ဖွထားတယ်။ ချိတ်ဆွဲထားတဲ့ ဗွီနိုင်းစလည်း ဖြုတ်ခံထားရတယ်။ မတွေ့တော့ဘူး။ စိတ်မကောင်းဖြစ်ရပေမဲ့ ဘာမှတော့ မတတ်နိုင်လိုက်ဘူး" ဟု နောင်ချိုလူငယ်အဖွဲ့မှ ကိုစိုင်းလင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဂုတ်တွင်းလမ်းပိုင်းတစ်ခုလုံးတွင် ပထမဦးဆုံးဖြစ်သည့် အဆိုပါ Food Box အား စတင်ထားရှိသည့် ဇူလိုင်လ (၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ တစ်ပိုင်တစ်နိုင် လာရောက်လှူဒါန်းသည့် အလှူရှင်များရှိနေကြောင်းနှင့် တည်ထောင်သူအဖွဲ့အား ဆက်သွယ်လှူဒါန်းသူများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိတွင် Food Box ကို ပြန်လည်ပြုပြင်ထားပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Sai Lin Oo

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net