ျမန္မာႏုိင္ငံမွ ထုိင္းဘက္သို႔ သယ္လာသည့္ စိတ္ၾကြေဆးျပား (၅)သန္းနီးပါးကို ခ်င္းရိုင္းတြင္ ဖမ္းမိၿပီး သယ္ေဆာင္လာသူမ်ား ထြက္ေျပးလြတ္ေျမာက္

ျမန္မာႏုိင္ငံမွ ထုိင္းဘက္သို႔ သယ္လာသည့္ စိတ္ၾကြေဆးျပား (၅)သန္းနီးပါးကို ခ်င္းရိုင္းတြင္ ဖမ္းမိၿပီး သယ္ေဆာင္လာသူမ်ား ထြက္ေျပးလြတ္ေျမာက္
ဇူလိုင် 25, 2019
By Tachileik News Agency

ျမန္မာႏုိင္ငံမွ သယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပား (၅)သန္းနီးပါးကို ထုိင္းႏုိင္ငံ၊ ခ်င္းရိုင္းခရိုင္တြင္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၄)ရက္ေန႔က ဖမ္းဆီးရမိထားၿပီး သယ္ေဆာင္လာသူ(၂)ဦးမွာ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း ထုိင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။

မယ့္ဖားလံုရဲတပ္ဖြဲ႕ႏွင့္ အထူးတပ္ဖြဲ႕တို႔ ပူးေပါင္းအဖြဲ႕သည္ မယ့္ဖားလံုခရိုင္အတြင္း နံနက္ (၃)နာရီအခ်ိန္က ေမာ္ေတာ္ယာဥ္တစ္စီးအား စစ္ေဆးရန္တားဆီးစဥ္ ထြက္ေျပးေမာင္းႏွင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႕က အဆိုပါ ေမာ္ေတာ္ယာဥ္အား လုိက္လံဖမ္းဆီးရာ ခ်င္းရိုင္းခရိုင္အတြင္း သစ္ေတာအနီးတြင္ ကားကိုရပ္တန္႔ၿပီး အမ်ိဳးသား (၂)ဦးမွာ ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ေမာ္ေတာ္ယာဥ္ေပၚတြင္ အိတ္ေပါင္း (၃၀)အတြင္း ထည့္သြင္းထားသည့္ စိတ္ၾကြေဆးျပား (၅)သန္းခန္႔ကို ရွာေဖြေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref; The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံမှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား (၅)သန်းနီးပါးကို ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့က ဖမ်းဆီးရမိထားပြီး သယ်ဆောင်လာသူ(၂)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မယ့်ဖားလုံရဲတပ်ဖွဲ့နှင့် အထူးတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် မယ့်ဖားလုံခရိုင်အတွင်း နံနက် (၃)နာရီအချိန်က မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရန်တားဆီးစဉ် ထွက်ပြေးမောင်းနှင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က အဆိုပါ မော်တော်ယာဉ်အား လိုက်လံဖမ်းဆီးရာ ချင်းရိုင်းခရိုင်အတွင်း သစ်တောအနီးတွင် ကားကိုရပ်တန့်ပြီး အမျိုးသား (၂)ဦးမှာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မော်တော်ယာဉ်ပေါ်တွင် အိတ်ပေါင်း (၃၀)အတွင်း ထည့်သွင်းထားသည့် စိတ်ကြွဆေးပြား (၅)သန်းခန့်ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net