အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္အား အလိုမရွိ၍ ကိုယ္စားလွယ္အျဖစ္မွ ရုတ္သိမ္းေပးရန္ ပြင့္ျဖဴၿမိဳ႕နယ္ေန ျပည္သူ(၁၀၀၀)၀န္းက်င္ ဆႏၵထုတ္ေဖာ္

အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္အား အလိုမရွိ၍ ကိုယ္စားလွယ္အျဖစ္မွ ရုတ္သိမ္းေပးရန္ ပြင့္ျဖဴၿမိဳ႕နယ္ေန ျပည္သူ(၁၀၀၀)၀န္းက်င္ ဆႏၵထုတ္ေဖာ္
ဇွန် 1, 2019
By Tachileik News Agency

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အား အလိုမရိွ၍ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္မွ ရုတ္သိမ္းေရး ေတာင္းဆိုသည့္ ဆႏၵေဖာ္ထုတ္ပဲြကို ပြင့္ျဖဴၿမိဳ႕တြင္ ၂၀၁၉ခုႏွစ္ ဇြန္လ(၁)ရက္ နံနက္ပိုင္းက ျပည္သူလူထုအင္အား (၁,၀၀၀)ဝန္းက်င္ျဖင့္ ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ လက္သန္း မွင္အစြန္းခံၿပီး တင္ေျမွာက္ခဲ့တဲ့ ဦးတင္ေအာင္ထြန္းဟာ ကြ်န္ေတာ္တို႔ မဲဆႏၵရွင္ေတြ အတြက္ ဘာမွ လုပ္ေဆာင္ေပးတာမရိွဘဲ လိုအပ္လို႔ သူ႔ဆီကိုဆက္သြယ္ရင္ မရိွဘူး၊ အိပ္လို႔ ႏိွဳးမေပးရဲဘူး ဆိုတာေတြနဲ႔ခ်ည္းနဲ႔ပဲ ၾကံဳေနရပါတယ္။ ဒါ့ေၾကာင့္ အခုလို ဆႏၵေဖာ္ထုတ္ရျခင္းျဖစ္ပါတယ္” ဟု ဆႏၵ ေဖာ္ထုတ္ပဲြတြင္ လိုက္ပါသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီး ပြင့္ျဖဴၿမိဳ႕နယ္အတြင္းရိွ ေက်းရြာ(၂၀)ခန္႔မွ ျပည္သူလူထုအင္အား(၁,၀၀၀) ဝန္းက်င္က  မေကြးတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္(၅)မွ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီကိုယ္စားျပဳ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးတင္ေအာင္ထြန္း (ပါတီမွႏွဳတ္ထြက္ထားသူ)အား မဲဆႏၵနယ္အေပၚ အေလးထားမႈ မရိွ၊ တာဝန္မေက်၍ဟု ဆိုကာ ဆႏၵေဖာ္ထုတ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆႏၵေဖာ္ထုတ္မႈႏွင့္ပတ္သက္၍ ဦးတင္ေအာင္ထြန္းအား ဆက္သြယ္ေမးျမန္းရာ “ဒီမိုကေရစီစနစ္ ကို က်င့္သံုးေနတဲ့ႏိုင္ငံျဖစ္လို႔ ဘယ္သူ႔အေပၚကိုမဆို မေက်နပ္လို႔ရိွရင္ လြတ္လပ္စြာ ဆႏၵထုတ္ေဖာ္ခြင့္ ရိွပါတယ္။ ဒီလိုပဲ ပြင့္ျဖဴၿမိဳ႕နယ္ထဲက ျပည္သူလူထုေတြက ကြ်န္ေတာ့္ကို အလိုမရိွဘူး ဆိုၿပီးဆႏၵျပတဲ့အေပၚ ကြ်န္ေတာ့္အေနနဲ႔က ဘာမွ စိတ္ထဲမွာခံစားစရာမရိွပါဘူး”ဟု ေျပာသည္။

၎၏ မဲဆႏၵနယ္မွျပည္သူမ်ားက ၎အေပၚ ဆႏၵေဖာ္ထုတ္ၾကျခင္းမွာ ၎အေနျဖင့္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၁)ရက္ ေန႔တြင္ NLD ပါတီဝင္အျဖစ္ မခံယူေတာ့ေၾကာင္း စာတင္ခဲ့သူျဖစ္ျခင္း၊ မေကြးတိုင္းဝန္ႀကီး ခ်ဳပ္ႏွင့္ ဝန္ႀကီး(၃)ဦးအား အဂတိကိစၥျဖင့္ အမ်ိဳးသားလႊတ္ေတာ္တြင္ တင္ျပခဲ့သူျဖစ္ျခင္းတို႔က ဆႏၵေဖာ္ ထုတ္ပဲြကို ေပၚေပါက္ေစခဲ့ျခင္းျဖစ္သည္ဟု ၎က ဆက္လက္ေျပာၾကားသည္။

“မၾကာေသးခင္က၊ မၾကာေသးခင္က ဆိုေပမယ့္ အခုမွ တိုင္းသိျပည္သိျဖစ္တာပါ။ ကြ်န္ေတာ္ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးနဲ႔ပတ္သက္ၿပီး အမ်ိဳးသား လႊတ္ေတာ္ဥပေဒနဲ႔အညီပဲ ၂၀၁၈ခုႏွစ္က ေဆာင္ရြက္ခဲ့တဲ့ကိစၥေပါ့။ အဲဒီကိစၥကို နည္းနည္းေလးသိေအာင္ ေျပာရရင္ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ရယ္၊ အျခားဝန္ႀကီး(၃)ဦးရယ္ကို ႏိုင္ငံေရးရာထူး လက္ရိွ ရိွတဲ့သူ အဂတိ လိုက္စားျခင္းနဲ႔ ပတ္သက္ၿပီးေတာ့ တင္ျပေဆာင္ရြက္ခဲ့တဲ့အေပၚ တစ္ႏိုင္ငံလံု စိတ္ဝင္တစားရိွသြားခဲ့ၾက တယ္။ ဒါနဲ႔ ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ကို ဒီလို လုပ္ရမလား၊ ဝန္ႀကီးခ်ဳပ္ကိုမထိနဲ႔ ထိရင္ ဘယ္လိုျဖစ္သြားမယ္ ဆိုၿပီး ေဖ့စ္ဘုတ္လူမႈကြန္ရက္ေတြကေန တိုက္ခိုက္ၾကပါတယ္။ ကြ်န္ေတာ္သိရတာက  ပြင့္ျဖဴၿမိဳ႕နယ္ အမ်ိဳး ားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဥကၠဌက သူ႔ရဲ႕ေဖ့စ္ဘုတ္အေကာင့္ကေန ဒါနဲ႔ပတ္သက္လို႔ ဆႏၵေဖာ္ထုတ္မယ္ လို႔ အစရိွသျဖင့္ေပါ့ စၿပီး ေဆာ္ၾသပါတယ္။ ေျပာရရင္ NLD ပါတီက လုပ္တာေပါ့ဗ်ာ” ဟု ဦးတင္ေအာင္ထြန္းက ေျပာသည္။

ပြင့္ျဖဴမဲဆႏၵနယ္အတြက္ အလုပ္ မလုပ္ေသာ  လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ထြန္း - အလိုမရိွ၊ မဲဆႏၵရွင္ျပည္သူမ်ားအား မထီမဲ့ျမင္ျပဳေသာ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ထြန္း - အလိုမရိွ၊ ကတိသစၥာေဖာက္ဖ်က္ေသာ ဦးတင္ေအာင္ထြန္းအား လႊတ္ေတာ္ကိုယ္စားလွယ္မွ ရုတ္သိမ္းေရး- ဒို႔အေရး စသည့္ ေၾကြးေၾကာ္သံမ်ားျဖင့္ ေၾကြးေၾကာ္ကာ ပြင့္ျဖဴၿမိဳ႕ ျပည္လံုးခ်မ္းသာဘုရားကြင္းတြင္ စုရပ္ျပဳလုပ္၍ ၿမိဳ႕ပတ္ လမ္း - သန္႔ဇင္လမ္း - ဗိုလ္ခ်ဳပ္လမ္းတို႔အတိုင္း စီတန္းလွည့္လည္ ဆႏၵေဖာ္ထုတ္ၾကျခင္းျဖစ္ေၾကာင္း သိရ ၿပီး ပြင့္ျဖဴၿမိဳ႕နယ္သည္ မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ၏ မဲဆႏၵနယ္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ေဇာ္မင္းထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အား အလိုမရှိ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းရေး တောင်းဆိုသည့် ဆန္ဒဖော်ထုတ်ပွဲကို ပွင့်ဖြူမြို့တွင် ၂၀၁၉ခုနှစ် ဇွန်လ(၁)ရက် နံနက်ပိုင်းက ပြည်သူလူထုအင်အား (၁,ဝဝဝ)ဝန်းကျင်ဖြင့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ လက်သန်း မှင်အစွန်းခံပြီး တင်မြှောက်ခဲ့တဲ့ ဦးတင်အောင်ထွန်းဟာ ကျွန်တော်တို့ မဲဆန္ဒရှင်တွေ အတွက် ဘာမှ လုပ်ဆောင်ပေးတာမရှိဘဲ လိုအပ်လို့ သူ့ဆီကိုဆက်သွယ်ရင် မရှိဘူး၊ အိပ်လို့ နှိုးမပေးရဲဘူး ဆိုတာတွေနဲ့ချည်းနဲ့ပဲ ကြုံနေရပါတယ်။ ဒါ့ကြောင့် အခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်” ဟု ဆန္ဒ ဖော်ထုတ်ပွဲတွင် လိုက်ပါသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)ခန့်မှ ပြည်သူလူထုအင်အား(၁,ဝဝဝ) ဝန်းကျင်က မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း (ပါတီမှနှုတ်ထွက်ထားသူ)အား မဲဆန္ဒနယ်အပေါ် အလေးထားမှု မရှိ၊ တာဝန်မကျေ၍ဟု ဆိုကာ ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်၍ ဦးတင်အောင်ထွန်းအား ဆက်သွယ်မေးမြန်းရာ “ဒီမိုကရေစီစနစ် ကို ကျင့်သုံးနေတဲ့နိုင်ငံဖြစ်လို့ ဘယ်သူ့အပေါ်ကိုမဆို မကျေနပ်လို့ရှိရင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိပါတယ်။ ဒီလိုပဲ ပွင့်ဖြူမြို့နယ်ထဲက ပြည်သူလူထုတွေက ကျွန်တော့်ကို အလိုမရှိဘူး ဆိုပြီးဆန္ဒပြတဲ့အပေါ် ကျွန်တော့်အနေနဲ့က ဘာမှ စိတ်ထဲမှာခံစားစရာမရှိပါဘူး”ဟု ပြောသည်။

၎င်း၏ မဲဆန္ဒနယ်မှပြည်သူများက၎င်းအပေါ် ဆန္ဒဖော်ထုတ်ကြခြင်းမှာ၎င်းအနဖြေင့် ၂၀၁၈ ခုနှစ် ဇွန်လ (၁၁)ရက် နေ့တွင် NLD ပါတီဝင်အဖြစ် မခံယူတော့ကြောင်း စာတင်ခဲ့သူဖြစ်ခြင်း၊ မကွေးတိုင်းဝန်ကြီး ချုပ်နှင့် ဝန်ကြီး(၃)ဦးအား အဂတိကိစ္စဖြင့် အမျိုးသားလွှတ်တော်တွင် တင်ပြခဲ့သူဖြစ်ခြင်းတို့က ဆန္ဒဖော် ထုတ်ပွဲကို ပေါ်ပေါက်စေခဲ့ခြင်းဖြစ်သည်ဟု၎င်းက ဆက်လက်ပြောကြားသည်။

“မကြာသေးခင်က၊ မကြာသေးခင်က ဆိုပေမယ့် အခုမှ တိုင်းသိပြည်သိဖြစ်တာပါ။ ကျွန်တော် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး အမျိုးသား လွှတ်တော်ဥပဒေနဲ့အညီပဲ ၂၀၁၈ခုနှစ်က ဆောင်ရွက်ခဲ့တဲ့ကိစ္စပေါ့။ အဲဒီကိစ္စကို နည်းနည်းလေးသိအောင် ပြောရရင် မကွေးတိုင်းဝန်ကြီးချုပ်ရယ်၊ အခြားဝန်ကြီး(၃)ဦးရယ်ကို နိုင်ငံရေးရာထူး လက်ရှိ ရှိတဲ့သူ အဂတိ လိုက်စားခြင်းနဲ့ ပတ်သက်ပြီးတော့ တင်ပြဆောင်ရွက်ခဲ့တဲ့အပေါ် တစ်နိုင်ငံလုံ စိတ်ဝင်တစားရှိသွားခဲ့ကြ တယ်။ ဒါနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ကို ဒီလို လုပ်ရမလား၊ ဝန်ကြီးချုပ်ကိုမထိနဲ့ ထိရင် ဘယ်လိုဖြစ်သွားမယ် ဆိုပြီး ဖေ့စ်ဘုတ်လူမှုကွန်ရက်တွေကနေ တိုက်ခိုက်ကြပါတယ်။ ကျွန်တော်သိရတာက ပွင့်ဖြူမြို့နယ် အမျိုးားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌက သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်ကနေ ဒါနဲ့ပတ်သက်လို့ ဆန္ဒဖော်ထုတ်မယ် လို့ အစရှိသဖြင့်ပေါ့ စပြီး ဆော်သြပါတယ်။ ပြောရရင် NLD ပါတီက လုပ်တာပေါ့ဗျာ” ဟု ဦးတင်အောင်ထွန်းက ပြောသည်။

ပွင့်ဖြူမဲဆန္ဒနယ်အတွက် အလုပ် မလုပ်သော လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း - အလိုမရှိ၊ မဲဆန္ဒရှင်ပြည်သူများအား မထီမဲ့မြင်ပြုသော လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း - အလိုမရှိ၊ ကတိသစ္စာဖောက်ဖျက်သော ဦးတင်အောင်ထွန်းအား လွှတ်တော်ကိုယ်စားလှယ်မှ ရုတ်သိမ်းရေး- ဒို့အရေး စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ကာ ပွင့်ဖြူမြို့ ပြည်လုံးချမ်းသာဘုရားကွင်းတွင် စုရပ်ပြုလုပ်၍ မြို့ပတ် လမ်း - သန့်ဇင်လမ်း - ဗိုလ်ချုပ်လမ်းတို့အတိုင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်ကြောင်း သိရ ပြီး ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ မဲဆန္ဒနယ် ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ဇော်မင်းထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net