အာဖရိကဝက္တုပ္ေကြးေရာဂါေၾကာင့္ လာအိုႏုိင္ငံမွ ဝက္ႏွင့္ ဝက္သားထြက္ပစၥည္းမ်ားတင္ပို႔ခြင့္ကို ထုိင္းႏုိင္ငံက ရက္ေပါင္း (၉၀)ပိတ္ပင္

အာဖရိကဝက္တုပ္ေကြးေရာဂါေၾကာင့္ လာအိုႏုိင္ငံမွ ဝက္ႏွင့္ ဝက္သားထြက္ပစၥည္းမ်ားတင္ပို႔ခြင့္ကို ထုိင္းႏုိင္ငံက ရက္ေပါင္း (၉၀)ပိတ္ပင္
ဇွန် 23, 2019
By 🌸
အာဖရိကဝက္တုပ္ေကြးေရာဂါႏွင့္ပတ္သက္၍ စိုးရိမ္ပူပန္မႈမ်ားေၾကာင့္ လာအိုႏုိင္ငံမွ ဝက္ႏွင့္ ဝက္သားထြက္ပစၥည္းမ်ား တင္သြင္းျခင္းကို ထုိင္းႏုိင္ငံက ရက္ေပါင္း (၉၀)ပိတ္ပင္လုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

လာအိုႏုိင္ငံတြင္ အာဖရိကဝက္တုပ္ေကြးေရာဂါ စတင္ေတြ႔ရိွသည့္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၁)ရက္ေန႔တြင္ ထိုင္းႏုိင္ငံက  တင္သြင္းခြင့္ပိတ္ပင္ရန္ ဆံုးျဖတ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒသတြင္းတရုတ္ႏုိင္ငံမွ စတင္ျဖစ္ပြားသည့္ အာဖရိက ဝက္တုပ္ေကြးေရာဂါမွာ ဗီယက္နမ္ႏွင့္ လာအိုအထိပ်ံ႔ႏွံ႔လာျခင္းျဖစ္ၿပီး  ထိုင္းႏွင့္ ဗီယက္နမ္နယ္စပ္ မဲေခါင္ျမစ္ကမ္းေဘးရိွ လာအိုႏုိင္ငံ ဆာရာဗိန္းျပည္နယ္တြင္ အာဖရိကဝက္တုပ္ေကြးေရာဂါကို စတင္ေတြ႔ရိွရသျဖင့္  တိရိစၦာန္အေကာင္ေရ (၉၇၃)ေကာင္ကို ရွင္းလင္းခဲ့ရေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္း နယ္စပ္ေဒသမ်ားတစ္ေလွ်ာက္တြင္ ဝက္တုပ္ေကြးေရာဂါသံသယရိွပါက သက္ဆုိင္ရာတာဝန္ရိွသူမ်ားထံ ခ်က္ခ်င္းအေၾကာင္းၾကားရန္ အသိေပးႏိႈးေဆာ္ထားေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အာဖရိကဝက်တုပ်ကွေးရောဂါကြောင့် လာအိုနိုင်ငံမှ ဝက်နှင့် ဝက်သားထွက်ပစ္စည်းများတင်ပို့ခွင့်ကို ထိုင်းနိုင်ငံက ရက်ပေါင်း (၉၀)ပိတ်ပင်
******************
အာဖရိကဝက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကြောင့် လာအိုနိုင်ငံမှ ဝက်နှင့် ဝက်သားထွက်ပစ္စည်းများ တင်သွင်းခြင်းကို ထိုင်းနိုင်ငံက ရက်ပေါင်း (၉၀)ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံတွင် အာဖရိကဝက်တုပ်ကွေးရောဂါ စတင်တွေ့ရှိသည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့တွင် ထိုင်းနိုင်ငံက  တင်သွင်းခွင့်ပိတ်ပင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသတွင်းတရုတ်နိုင်ငံမှ စတင်ဖြစ်ပွားသည့် အာဖရိက ဝက်တုပ်ကွေးရောဂါမှာ ဗီယက်နမ်နှင့် လာအိုအထိပျံ့နှံ့လာခြင်းဖြစ်ပြီး  ထိုင်းနှင့် ဗီယက်နမ်နယ်စပ် မဲခေါင်မြစ်ကမ်းဘေးရှိ လာအိုနိုင်ငံ ဆာရာဗိန်းပြည်နယ်တွင် အာဖရိကဝက်တုပ်ကွေးရောဂါကို စတင်တွေ့ရှိရသဖြင့်  တိရိစ္ဆာန်အကောင်ရေ (၉၇၃)ကောင်ကို ရှင်းလင်းခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း နယ်စပ်ဒေသများတစ်လျှောက်တွင် ဝက်တုပ်ကွေးရောဂါသံသယရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ချက်ချင်းအကြောင်းကြားရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net