မေလးရွားသို႔ ခိုးဝင္မည့္ ျမန္မာ (၄၂)ဦးႏွင့္ လုိက္ပို႔သည့္ ထုိင္းယာဥ္ေမာင္း (၂)ဦးတုိ႔ကို ထုိင္းႏုိင္ငံအတြင္း ဖမ္းဆီးရမိ

မေလးရွားသို႔ ခိုးဝင္မည့္ ျမန္မာ (၄၂)ဦးႏွင့္ လုိက္ပို႔သည့္ ထုိင္းယာဥ္ေမာင္း (၂)ဦးတုိ႔ကို ထုိင္းႏုိင္ငံအတြင္း ဖမ္းဆီးရမိ
ဇွန် 22, 2019
By 🌸
ထုိင္းနုိင္ငံ၊ ဘန္နဆန္ခရိုင္အတြင္း ေမာ္ေတာ္ယာဥ္ႏွစ္စီးႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၀)ရက္ေန႔ ညပိုင္းက ဖမ္းဆီးရမိထားသည့္ ျမန္မာႏုိင္ငံသား (၄၂)ဦးကို စစ္ေဆးမႈမ်ားၿပီးပါက ေနရပ္ျပန္ပို႔မည္ျဖစ္ၿပီး ထိုင္းယာဥ္ေမာင္းႏွစ္ဦးကို လူေမွာင္ခိုမႈျဖင့္အေရးယူထားေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံ နမ္ဖြမ္စစ္ေဆးေရးဂိတ္အနီးသို႔ ည(၈)နာရီဝန္းက်င္ကေရာက္လာသည့္ ေမာ္ေတာ္ယာဥ္(၂)စီးကို စစ္ေဆးရန္ တားဆီးစဥ္ ျပန္လွည့္သြားသျဖင့္ လုိက္လံဖမ္းဆီးခဲ့ရၿပီး အဆိုပါေမာ္ေတာ္ယာဥ္ႏွစ္စီးတြင္ မေလးရွားသို႔ ခိုးဝင္မည့္ ျမန္မာအမ်ိဳးသား (၃၉)ဦးႏွင့္ အမ်ိဳးသမီး(၃)ဦးကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံသား ယာဥ္ေမာင္းႏွစ္ဦးက အဆိုပါလုပ္သားမ်ားအား ကန္ခ်နဘူရီမွ ယာလသို႔ပို႔ေဆာင္ေပးခ ဘတ္ (၂၅၀၀၀) ျဖင့္ လမ္းျပပစ္ကပ္ကား အကူအညီျဖင့္ လုိက္လံပို႔ေဆာင္ေပးေနျခင္းျဖစ္ၿပီး လမ္းျပပစ္ကပ္က စတိုးဆုိင္တြင္ ပစၥည္းဝင္ဝယ္ေနစဥ္ ဗင္ကားႏွစ္စီးက မရပ္ဘဲ လမ္းျပကားအား ေစာင့္ရင္းေမာင္းႏွင္လာစဥ္ ဖမ္းခံရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တရားမဝင္လုပ္သားပို႔ေဆာင္မႈမွာ လူကုန္ကူးသည့္အဖြဲ႕မ်ားႏွင့္ ဆက္စပ္မႈရိွ၊ မရိွကို စံုစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မလေးရှားသို့ ခိုးဝင်မည့် မြန်မာ (၄၂)ဦးနှင့် လိုက်ပို့သည့် ထိုင်းယာဉ်မောင်း (၂)ဦးတို့ကို ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိ
***************
ထိုင်းနိုင်ငံ၊ ဘန်နဆန်ခရိုင်အတွင်း မော်တော်ယာဉ်နှစ်စီးနှင့်အတူ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိထားသည့် မြန်မာနိုင်ငံသား (၄၂)ဦးကို စစ်ဆေးမှုများပြီးပါက နေရပ်ပြန်ပို့မည်ဖြစ်ပြီး ထိုင်းယာဉ်မောင်းနှစ်ဦးကို လူမှောင်ခိုမှုဖြင့်အရေးယူထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ နမ်ဖွမ်စစ်ဆေးရေးဂိတ်အနီးသို့ ည(၈)နာရီဝန်းကျင်ကရောက်လာသည့် မော်တော်ယာဉ်(၂)စီးကို စစ်ဆေးရန် တားဆီးစဉ် ပြန်လှည့်သွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရပြီး အဆိုပါမော်တော်ယာဉ်နှစ်စီးတွင် မလေးရှားသို့ ခိုးဝင်မည့် မြန်မာအမျိုးသား (၃၉)ဦးနှင့် အမျိုးသမီး(၃)ဦးကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသား ယာဉ်မောင်းနှစ်ဦးက အဆိုပါလုပ်သားများအား ကန်ချနဘူရီမှ ယာလသို့ပို့ဆောင်ပေးခ ဘတ် (၂၅၀၀၀) ဖြင့် လမ်းပြပစ်ကပ်ကား အကူအညီဖြင့် လိုက်လံပို့ဆောင်ပေးနေခြင်းဖြစ်ပြီး လမ်းပြပစ်ကပ်က စတိုးဆိုင်တွင် ပစ္စည်းဝင်ဝယ်နေစဉ် ဗင်ကားနှစ်စီးက မရပ်ဘဲ လမ်းပြကားအား စောင့်ရင်းမောင်းနှင်လာစဉ် ဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားမဝင်လုပ်သားပို့ဆောင်မှုမှာ လူကုန်ကူးသည့်အဖွဲ့များနှင့် ဆက်စပ်မှုရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net