ပြင့္ျဖဴၿမိဳ႕နယ္အတြင္း မိုးရြာသြန္းခဲ့မႈေၾကာင့္ မုရိုးကုန္းေက်းရြာရိွ အိမ္ေျခ(၂၀)ခန္႔တြင္ ေျမအက္ကဲြေၾကာင္းႀကီးမ်ားျဖစ္ေပၚလာ၍ ေနအိမ္မ်ား ေျပာင္းေရႊ႕ရဖြယ္ရိွေန

ပြင့္ျဖဴၿမိဳ႕နယ္အတြင္း မိုးရြာသြန္းခဲ့မႈေၾကာင့္ မုရိုးကုန္းေက်းရြာရိွ အိမ္ေျခ(၂၀)ခန္႔တြင္ ေျမအက္ကဲြေၾကာင္းႀကီးမ်ားျဖစ္ေပၚလာ၍ ေနအိမ္မ်ား ေျပာင္းေရႊ႕ရဖြယ္ရိွေန
ဇွန် 5, 2019
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး ၊ ပြင့္ျဖဴၿမိဳ႕နယ္ရိွ မုရိုးကုန္းေက်းရြာတြင္ ၂၀၁၉ခုႏွစ္ ဇြန္လ(၂)ရက္ေန႔က မိုးရြာသြန္းခဲ့ၿပီးေနာက္ ေျမအက္ကဲြေၾကာင္းႀကီးမ်ား ျဖစ္ေပၚလာသျဖင့္ ေနအိမ္အခ်ိဳ႕ ေျပာင္းေရႊ႕ရဖြယ္ရိွေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

မုရိုးကုန္းေက်းရြာမွာ မုန္းေခ်ာင္းကမ္းပါးႏွင့္ ေပ (၇၀၀) ခန္႔အကြာတြင္ တည္ရိွရာ ဇြန္လ(၂)ရက္ေန႔က မိုးရြာသြန္းၿပီး ေနာက္ပိုင္း လူေနအိမ္အလုံး (၂၀)ခန္႔တြင္ ေျမအက္ကဲြေၾကာင္းမ်ား ျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္း သိရၿပီး အဆိုပါ အက္ကဲြေၾကာင္းမ်ားမွာ အက်ယ္(၁)ေပမွ (၁)ေပခဲြခန္႔ အထိရိွရာ အနက္မွာ ဝါးေထာက္၍မရ ရိွေၾကာင္း သိရသည္။

“ဇြန္လ(၂)ရက္ေန႔ ညပိုင္းမွာ မိုးရြာၿပီးတဲ့ေနာက္ ညပိုင္း ၉နာရီခဲြေလာက္မွာ စေတြ႔ရတာပဲ။ မေန႔က (ဇြန္ ၄ ရက္) အထိ အိမ္ဝိုင္း(၂၀)ေလာက္မွာ အက္ကဲြေၾကာင္းႀကီးေတြျဖစ္လာတာ။ ဒီေန႔အထိလည္း ဆက္ျဖစ္ေနတာေတြ႔ရ တယ္။ အိမ္ရွင္ေတြကိုေတာ့ အႏၱရာယ္ရိွလာၿပီဆိုရင္ ေရႊ႕ေျပာင္းၾကဖို႔ေတာ့ သတိေပးထားပါတယ္”ဟု ပြင့္ျဖဴၿမိဳ႕ နယ္ ေရႊေလွေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးရံုးမွာ စာေရး  ဦးရာဇာေက်ာ္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၅)ရက္ေန႔တြင္ ေျပာသည္။

ေျမအက္ကဲြေၾကာင္းမ်ား ျဖစ္ေပၚလ်က္ရွိေနေၾကာင္း သတင္းအရ ဇြန္ (၄) ရက္ေန႔က ပြင့္ျဖဴၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းေရႊႏွင့္ တာဝန္ရွိသူမ်ားက ကြင္းဆင္း ၾကည့္ရႈစစ္ေဆးခဲ့ၾကၿပီး ေျမအက္ကဲြမႈျဖစ္စဥ္အေပၚ မ်က္ေျခမျပတ္ ေစာင့္ၾကည့္၍ အခ်ိန္ႏွင့္တစ္ေျပးညီ သတင္းေပးပို႔ရန္ ႏွင့္ မိုးဆက္လက္ရြာသြန္းလာပါက အက္ကဲြေၾကာင္းဧရိယာ အတြင္းရိွ လူေနအိမ္မ်ားကို ေျပာင္းေရႊ႕ေပးႏိုင္ေရး စီစဥ္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မုရုိးကုန္းေက်းရြာတြင္ အိမ္ေထာင္စု (၂၈၅)စု ရိွၿပီး  မုိးရာသီကာလမ်ားတြင္  မုန္းေခ်ာင္းကမ္းပါးၿပိဳက်မႈ ျဖစ္ စဥ္ႏွင့္ ႏွစ္စဥ္ ရင္ဆုိင္ ႀကဳံေတြရေလ့ရိွေၾကာင္းသိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု- Swen Yi


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ မုရိုးကုန်းကျေးရွာတွင် ၂၀၁၉ခုနှစ် ဇွန်လ(၂)ရက်နေ့က မိုးရွာသွန်းခဲ့ပြီးနောက် မြေအက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာသဖြင့် နေအိမ်အချို့ ပြောင်းရွှေ့ရဖွယ်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မုရိုးကုန်းကျေးရွာမှာ မုန်းချောင်းကမ်းပါးနှင့် ပေ (၇၀၀) ခန့်အကွာတွင် တည်ရှိရာ ဇွန်လ(၂)ရက်နေ့က မိုးရွာသွန်းပြီး နောက်ပိုင်း လူနေအိမ်အလုံး (၂၀)ခန့်တွင် မြေအက်ကွဲကြောင်းများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါ အက်ကွဲကြောင်းများမှာ အကျယ်(၁)ပေမှ (၁)ပေခွဲခန့် အထိရှိရာ အနက်မှာ ဝါးထောက်၍မရ ရှိကြောင်း သိရသည်။

“ဇွန်လ(၂)ရက်နေ့ ညပိုင်းမှာ မိုးရွာပြီးတဲ့နောက် ညပိုင်း ၉နာရီခွဲလောက်မှာ စတွေ့ရတာပဲ။ မနေ့က (ဇွန် ၄ ရက်) အထိ အိမ်ဝိုင်း(၂၀)လောက်မှာ အက်ကွဲကြောင်းကြီးတွဖြေစ်လာတာ။ ဒီနေ့အထိလည်း ဆက်ဖြစ်နေတာတွေ့ရ တယ်။ အိမ်ရှင်တွေကိုတော့ အန္တရာယ်ရှိလာပြီဆိုရင် ရွှေ့ပြောင်းကြဖို့တော့ သတိပေးထားပါတယ်”ဟု ပွင့်ဖြူမြို့ နယ် ရွှေလှေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှာ စာရေး ဦးရာဇာကျော် က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၅)ရက်နေ့တွင် ပြောသည်။

မြေအက်ကွဲကြောင်းများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သတင်းအရ ဇွန် (၄) ရက်နေ့က ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြေအက်ကွဲမှုဖြစ်စဉ်အပေါ် မျက်ခြေမပြတ် စောင့်ကြည့်၍ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် နှင့် မိုးဆက်လက်ရွာသွန်းလာပါက အက်ကွဲကြောင်းဧရိယာ အတွင်းရှိ လူနေအိမ်များကို ပြောင်းရွှေ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မုရိုးကုန်းကျေးရွာတွင် အိမ်ထောင်စု (၂၈၅)စု ရှိပြီး မိုးရာသီကာလများတွင် မုန်းချောင်းကမ်းပါးပြိုကျမှု ဖြစ် စဉ်နှင့် နှစ်စဉ် ရင်ဆိုင် ကြုံတွေရလေ့ရှိကြောင်းသိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ- Swen Yi

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net