ေရွးေဟာင္းပ်ဴလူမ်ဳိးတို႔၏ အသံုးအေဆာင္ပစၥည္းမ်ားကို ခြင့္ျပဳခ်က္မရွိဘဲ ရွာေဖြတူးေဖာ္သူ ႏွစ္ဦးကို ဖမ္းဆီးအေရးယူ

ေရွးေဟာင္းပ်ဴလူမ်ဳိးတို႔၏ အသံုးအေဆာင္ပစၥည္းမ်ားကို ခြင့္ျပဳခ်က္မရွိဘဲ ရွာေဖြတူးေဖာ္သူ ႏွစ္ဦးကို ဖမ္းဆီးအေရးယူ
ဇွန် 25, 2019
By Tachileik News Agency

ႏွစ္တစ္ရာေက်ာ္သက္တမ္းရိွ ေရွးေဟာင္းပစၥည္းမ်ားကို ခြင့္ျပဳခ်က္မရိွဘဲ ရွာေဖြတူးေဖာ္မႈ ျပဳလုပ္ခဲ့ၾကသူ (၂)ဦးကို၂၀၁၉ခုႏွစ္ ဇြန္လ(၂၄)ရက္ေန႔က  ေရွးေဟာင္းဝတၳဳပစၥည္းမ်ား ကာကြယ္ထိန္းသိမ္း ေရးဥပေဒျဖင့္ မင္းဘူးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

မင္းဘူးၿမိဳ႕နယ္ အလံပါယ္ေက်းရြာအုပ္စု အေရွ႕ေတာင္ဘက္ (၄)ဖာလံုခန္႔အကြာရိွ ဦးလိႈင္ေအး၏ ကြင္းအ မွတ္(၁၂၃၅)ယာေျမေပၚ၌ ေရွးေဟာင္းပစၥည္းမ်ား တူးေဖာ္ေနေၾကာင္း သတင္းအရ  ဇြန္လ(၂၄)ရက္ နံနက္ (၉)နာရီ၀န္းက်င္က မေကြးဌာနခဲြ၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန ဦးစီးအရာရိွ ဦးရဲလြင္ ႏွင့္အဖြဲ႔၊ မင္းဘူးၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေက်ာ္ျငိမ္းႏွင့္ ရဲတပ္ ဖဲြ႔ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္ခဲ့ရာ  အသက္ (၃၀)ႏွစ္အရြယ္ရိွ ျမလြင္ႏွင့္ အသက္(၄၅)ႏွစ္အရြယ္ရိွ ခ်စ္ဟန္ တို႔အား ေရွးေဟာင္းပစၥည္းမ်ားကိုရွာေဖြတူးေဖာ္ေနသည္ကို ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ျမလြင္ႏွင့္ ခ်စ္ဟန္တို႔ထံမွ  ေရွးေဟာင္းပစၥည္း ရွာေဖြတူးေဖာ္ရာတြင္ အသံုုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို ရွာေဖြေတြ႔ရွိၿပီး ၎တို႔ တူးေဖာ္ရရိွထားသည္ဟု ယူဆရသည့္ အိုးၾကမ္းပဲ့အစိတ္အပိုင္း(၇)ခုကိုေတြ႔ရိွ သိမ္းဆည္းရမိေၾကာင္းႏွင့္ အိုးၾကမ္းပဲ့မ်ားမွာ ႏွစ္(၁)ရာေက်ာ္ သက္တမ္းရိွေၾကာင္း စစ္ေဆးေတြ႔ရိွရသည့္အျပင္ အဆိုပါ ပစၥည္းမ်ားေတြ႔ရိွသည့္ေျမေနရာႏွင့္ ဆက္စပ္ေျမဧရိယာသည္ ေရွးေဟာင္းေျမေနရာျဖစ္သည္ကို စိစစ္ေတြ႔ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ ဦးလိႈင္ေအး၏ ကြင္းအမွတ္(၁၂၃၅)ေျမေပၚတြင္ ေရွးေဟာင္းပစၥည္းတူးေဖာ္သူမ်ား က်န္ရစ္ ခဲ့သည့္ ေရွးေဟာင္းပစၥည္း ရွာေဖြတူးေဖာ္ရာတြင္ အသံုုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္ ဆိုင္ကယ္(၄)စီးကို ေတြ႔ရိွရသျဖင့္ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

ေရွးေဟာင္းပစၥည္းကို မူလပံုစံပ်က္ယြင္းေစျခင္း၊ ဖ်က္ဆီးျခင္း၊ ခြင့္ျပဳခ်က္မရိွဘဲ တူးေဖာ္ရွာေဖြျခင္းမ်ား ျပဳလုပ္သူ ျမလြင္ႏွင့္ ခ်စ္ဟန္တို႔အား မင္းဘူးၿမိဳ႕မရဲစခန္းမွ (ပ)၁၂၉၂/၂၀၁၉၊ေရွးေဟာင္းဝတၳဳပစၥည္း မ်ားကာကြယ္ထိန္းသိမ္းေရးဥပေဒပုဒ္မ ၁၆ အရ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

အဆိုပါ ေနရာတြင္ ေရွးေဟာင္းပ်ဴလူမ်ိဳးတို႔၏ အသံုးအေဆာင္မ်ားကို ခြင့္ျပဳခ်က္မရိွဘဲ ရွာေဖြတူးေဖာ္မႈမ်ား ျပဳလုပ္ေနၾကသျဖင့္ သြားေရာက္၍ တူးေဖာ္ျခင္းမျပဳၾကရန္ႏွင့္ ဆက္လက္တူးေဖာ္ပါက တည္ဆဲဥပေဒမ်ားျဖင့္ အေရးယူမည္ဟု  ၂၀၁၉ခုႏွစ္ ဇြန္လ(၂၃)ရက္ေန႔က သက္ဆိုင္ရာမ်ားမွ သတိေပးခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ တားျမစ္မႈကို ေဖာက္ဖ်က္က်ဴးလြန္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - တင္ေရႊ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နှစ်တစ်ရာကျော်သက်တမ်းရှိ ရှေးဟောင်းပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ရှာဖွေတူးဖော်မှု ပြုလုပ်ခဲ့ကြသူ (၂)ဦးကို၂၀၁၉ခုနှစ် ဇွန်လ(၂၄)ရက်နေ့က ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်း ရေးဥပဒဖြေင့် မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မင်းဘူးမြို့နယ် အလံပါယ်ကျေးရွာအုပ်စု အရှေ့တောင်ဘက် (၄)ဖာလုံခန့်အကွာရှိ ဦးလှိုင်အေး၏ ကွင်းအ မှတ်(၁၂၃၅)ယာမြေပေါ်၌ ရှေးဟောင်းပစ္စည်းများ တူးဖော်နေကြောင်း သတင်းအရ ဇွန်လ(၂၄)ရက် နံနက် (၉)နာရီဝန်းကျင်က မကွေးဌာနခွဲ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲလွင် နှင့်အဖွဲ့၊ မင်းဘူးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်းနှင့် ရဲတပ် ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ခဲ့ရာ အသက် (၃၀)နှစ်အရွယ်ရှိ မြလွင်နှင့် အသက်(၄၅)နှစ်အရွယ်ရှိ ချစ်ဟန် တို့အား ရှေးဟောင်းပစ္စည်းများကိုရှာဖွေတူးဖော်နေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မြလွင်နှင့် ချစ်ဟန်တို့ထံမှ ရှေးဟောင်းပစ္စည်း ရှာဖွေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိပြီး၎င်းတို့ တူးဖော်ရရှိထားသည်ဟု ယူဆရသည့် အိုးကြမ်းပဲ့အစိတ်အပိုင်း(၇)ခုကိုတွေ့ရှိ သိမ်းဆည်းရမိကြောင်းနှင့် အိုးကြမ်းပဲ့များမှာ နှစ်(၁)ရာကျော် သက်တမ်းရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အပြင် အဆိုပါ ပစ္စည်းများတွေ့ရှိသည့်မြေနေရာနှင့် ဆက်စပ်မြေဧရိယာသည် ရှေးဟောင်းမြေနေရာဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ ဦးလှိုင်အေး၏ ကွင်းအမှတ်(၁၂၃၅)မြေပေါ်တွင် ရှေးဟောင်းပစ္စည်းတူးဖော်သူများ ကျန်ရစ် ခဲ့သည့် ရှေးဟောင်းပစ္စည်း ရှာဖွေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ဆိုင်ကယ်(၄)စီးကို တွေ့ရှိရသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ရှေးဟောင်းပစ္စည်းကို မူလပုံစံပျက်ယွင်းစခြေင်း၊ ဖျက်ဆီးခြင်း၊ ခွင့်ပြုချက်မရှိဘဲ တူးဖော်ရှာဖွခြေင်းများ ပြုလုပ်သူ မြလွင်နှင့် ချစ်ဟန်တို့အား မင်းဘူးမြို့မရဲစခန်းမှ (ပ)၁၂၉၂/၂၀၁၉၊ရှေးဟောင်းဝတ္ထုပစ္စည်း များကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နေရာတွင် ရှေးဟောင်းပျူလူမျိုးတို့၏ အသုံးအဆောင်များကို ခွင့်ပြုချက်မရှိဘဲ ရှာဖွေတူးဖော်မှုများ ပြုလုပ်နကြေသဖြင့် သွားရောက်၍ တူးဖော်ခြင်းမပြုကြရန်နှင့် ဆက်လက်တူးဖော်ပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဟု ၂၀၁၉ခုနှစ် ဇွန်လ(၂၃)ရက်နေ့က သက်ဆိုင်ရာများမှ သတိပေးခဲ့ပြီးနောက် ယင်းကဲ့သို့ တားမြစ်မှုကို ဖောက်ဖျက်ကျူးလွန်ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - တင်ရွှေ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net