ထုိင္းႏုိင္ငံတြင္ မိသားစုရိွေနသည့္ေနအိမ္၌ ေဆးလိပ္ေသာက္ခြင့္တားျမစ္သည့္ဥပေဒ ၾသဂုတ္လတြင္ စတင္သက္ဝင္မည္

ထုိင္းႏုိင္ငံတြင္ မိသားစုရိွေနသည့္ေနအိမ္၌ ေဆးလိပ္ေသာက္ခြင့္တားျမစ္သည့္ဥပေဒ ၾသဂုတ္လတြင္ စတင္သက္ဝင္မည္
ဇွန် 25, 2019
By 🌸
ထိုင္းႏိုင္ငံတြင္ တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ေၾကာင့္ က်န္းမာေရးထိခုိက္မႈအား ကာကြယ္ရန္ မိသားစုရိွသည့္ေနအိမ္တြင္ ေဆးလိပ္ေသာက္ျခင္းအား တားျမစ္လုိက္သည့္ဥပေဒမွာ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ စတင္သက္ဝင္ေတာ့မည္ျဖစ္သည္။

မိသားစုရိွသည့္ေနအိမ္တြင္ ေဆးလိပ္ေသာက္သံုးျခင္းသည္ အျခားမိသားစုဝင္မ်ားအေပၚ အေႏွာင့္အယွက္ျဖစ္ေစၿပီး တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ေၾကာင့္ က်န္းမာေရးထိခိုက္ေစသျဖင့္ တားျမစ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္  အိမ္ေထာင္စု (၅)သန္းခန္႔တြင္ ေဆးလိပ္ေသာက္သူရိွေနေၾကာင္း စစ္တမ္းအရေတြ႔ရိွထားၿပီး လူဦးေရ (၁၀)သန္းေက်ာ္မွာ တစ္ဆင့္ခံေဆးလိပ္ေငြ႕ဒဏ္ခံစားေနရသူမ်ားျဖစ္ေၾကာင္း သိရသည္။

တစ္ဆင့္ခံေဆးလိပ္ေငြ႕ေၾကာင့္ ေမြးစကေလးေသဆံုးမႈအပါအဝင္ ကေလးငယ္မ်ား၏ အသက္ရႈလမ္းေၾကာင္းဆုိင္ရာေရာဂါမ်ား ေလ်ာ့က်လာေစေရးအပါအဝင္ တစ္ဆင့္ခံေဆးလိပ္ေငြ႕ေၾကာင့္ ျဖစ္ပြားသည့္ေရာဂါမ်ားကို အဆိုပါဥပေဒေၾကာင့္ ေလွ်ာ့ခ်လာႏုိင္ရန္ ရည္ရြယ္ေၾကာင္း သိရသည္။

အဆိုပါဥပေဒ သက္ဝင္သည္ႏွင့္  ေနအိမ္တြင္ ေဆးလိပ္ေသာက္ျခင္းမွာ အိမ္တြင္းအၾကမ္းဖက္မႈအျဖစ္ သတ္မွတ္မည္ျဖစ္ၿပီး တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ဒဏ္ ခံစားေနရပါက တာဝန္ရိွသူမ်ားထံ သတင္းေပးပို႔ႏုိင္မည္ျဖစ္ေၾကာင္းသိရသည္။

ထုိင္းနုိင္ငံက ၂၀၂၅ ခုႏွစ္တြင္ ေဆးလိပ္၊ေဆးရြက္ႀကီးသံုးစြဲမႈကို (၃၀)ရာခုိင္ႏႈန္းအထိ ေလွ်ာ့ခ်ရန္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် မိသားစုရှိနေသည့်နေအိမ်၌ ဆေးလိပ်သောက်ခွင့်တားမြစ်သည့်ဥပဒေ သြဂုတ်လတွင် စတင်သက်ဝင်မည်
*********
ထိုင်းနိုင်ငံတွင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် ကျန်းမာရေးထိခိုက်မှုအား ကာကွယ်ရန် မိသားစုရှိသည့်နေအိမ်တွင် ဆေးလိပ်သောက်ခြင်းအား တားမြစ်လိုက်သည့်ဥပဒေမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့တွင် စတင်သက်ဝင်တော့မည်ဖြစ်သည်။

မိသားစုရှိသည့်နေအိမ်တွင် ဆေးလိပ်သောက်သုံးခြင်းသည် အခြားမိသားစုဝင်များအပေါ် အနှောင့်အယှက်ဖြစ်စေပြီး တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် ကျန်းမာရေးထိခိုက်စေသဖြင့် တားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်  အိမ်ထောင်စု (၅)သန်းခန့်တွင် ဆေးလိပ်သောက်သူရှိနေကြောင်း စစ်တမ်းအရတွေ့ရှိထားပြီး လူဦးရေ (၁၀)သန်းကျော်မှာ တစ်ဆင့်ခံဆေးလိပ်ငွေ့ဒဏ်ခံစားနေရသူများဖြစ်ကြောင်း သိရသည်။

တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် မွေးစကလေးသေဆုံးမှုအပါအဝင် ကလေးငယ်များ၏ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ လျော့ကျလာစေရေးအပါအဝင် တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ဖြစ်ပွားသည့်ရောဂါများကို အဆိုပါဥပဒေကြောင့် လျှော့ချလာနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါဥပဒေ သက်ဝင်သည်နှင့်  နေအိမ်တွင် ဆေးလိပ်သောက်ခြင်းမှာ အိမ်တွင်းအကြမ်းဖက်မှုအဖြစ် သတ်မှတ်မည်ဖြစ်ပြီး တစ်ဆင့်ခံ ဆေးလိပ်ငွေ့ဒဏ် ခံစားနေရပါက တာဝန်ရှိသူများထံ သတင်းပေးပို့နိုင်မည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံက ၂၀၂၅ ခုနှစ်တွင် ဆေးလိပ်၊ဆေးရွက်ကြီးသုံးစွဲမှုကို (၃၀)ရာခိုင်နှုန်းအထိ လျှော့ချရန်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net