ထုိင္း - မေလးရွားနယ္စပ္ဂိတ္မွ ကုန္တင္ယာဥ္မ်ား ၂၄ နာရီျဖတ္သန္းခြင့္ကို (၃)လ စမ္းသပ္ကာလစတင္ေန

ထုိင္း - မေလးရွားနယ္စပ္ဂိတ္မွ ကုန္တင္ယာဥ္မ်ား ၂၄ နာရီျဖတ္သန္းခြင့္ကို (၃)လ စမ္းသပ္ကာလစတင္ေန
ဇွန် 20, 2019
By 🌸
ထုိင္းႏွင့္ မေလးရွားနယ္စပ္ဂိတ္မွ ကုန္စည္မ်ား၊ကြန္တိန္နာသယ္သည့္ယာဥ္မ်ားျဖတ္သန္းသြားလာျခင္းကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၈)ရက္ေန႔ နံနက္မွစ၍ (၂၄)နာရီခြင့္ျပဳလုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

ကုန္တင္ယာဥ္မ်ား (၂၄)နာရီျဖတ္သန္းသြားလာျခင္းကို (၃)လတာ စမ္းသပ္ကာလအျဖစ္ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ကုန္တင္ယာဥ္ႀကီးမ်ားကိုသာ ျဖတ္သန္းသြားလာခြင့္ျပဳျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံ ဆုန္ခလ ဆဒြိဳင္ခရိုင္ႏွင့္ မေလးရွား ဘူကစ္ကရူဟိတန္ကို ဆက္သြယ္ထားသည့္ နယ္စပ္ဂိတ္ (၂၄)နာရီဖြင့္လွစ္ျခင္းကို ႏွစ္ႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးဌာန တာဝန္ရိွသူမ်ားက ဖြင့္လွစ္ေပးျခင္းျဖစ္ၿပီး ထုိင္းႏွင့္ မေလးရွားႏွစ္ႏုိ္ငငံၾကား ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈတိုးျမႇင့္ေရးအတြက္ ေျခလွမ္းတစ္ရပ္ထပ္တိုးလုိက္ျခင္းျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

ထုိင္းႏိုင္ငံက ျမန္မာႏုိင္ငံႏွင့္ နယ္စပ္ဂိတ္မွ ကုန္တင္ယာဥ္မ်ား ျဖတ္သန္းသြားလာခြင့္ျပဳေရးေဆာင္ရြက္ေနၿပီး ထုိင္းပို႔ေဆာင္ေရးဝန္ႀကီးဌာနက ကုန္စည္ပုိ႔ေဆာင္ေရးအျပင္ ခရီးသည္တင္ယာဥ္မ်ားကိုလည္း အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ ျမန္မာ၊ ကေမၻာဒီးယား၊ လာအိုႏွင့္ ဗီယက္နမ္ႏုိင္ငံမ်ားသို႔ နယ္စပ္ျဖတ္ေက်ာ္ခရီးစဥ္မ်ား ေဖၚေဆာင္ႏုိင္ေရး တုိက္တြန္းထားေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation, Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်း - မလေးရှားနယ်စပ်ဂိတ်မှ ကုန်တင်ယာဉ်များ ၂၄ နာရီဖြတ်သန်းခွင့်ကို (၃)လ စမ်းသပ်ကာလစတင်နေ
****************

ထိုင်းနှင့် မလေးရှားနယ်စပ်ဂိတ်မှ ကုန်စည်များ၊ကွန်တိန်နာသယ်သည့်ယာဉ်များဖြတ်သန်းသွားလာခြင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့ နံနက်မှစ၍ (၂၄)နာရီခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကုန်တင်ယာဉ်များ (၂၄)နာရီဖြတ်သန်းသွားလာခြင်းကို (၃)လတာ စမ်းသပ်ကာလအဖြစ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကုန်တင်ယာဉ်ကြီးများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဆုန်ခလ ဆဒွိုင်ခရိုင်နှင့် မလေးရှား ဘူကစ်ကရူဟိတန်ကို ဆက်သွယ်ထားသည့် နယ်စပ်ဂိတ် (၂၄)နာရီဖွင့်လှစ်ခြင်းကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ထိုင်းနှင့် မလေးရှားနှစ်နို်ငငံကြား ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် ခြေလှမ်းတစ်ရပ်ထပ်တိုးလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့် နယ်စပ်ဂိတ်မှ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုရေးဆောင်ရွက်နေပြီး ထိုင်းပို့ဆောင်ရေးဝန်ကြီးဌာနက ကုန်စည်ပို့ဆောင်ရေးအပြင် ခရီးသည်တင်ယာဉ်များကိုလည်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများသို့ နယ်စပ်ဖြတ်ကျော်ခရီးစဉ်များ ဖေါ်ဆောင်နိုင်ရေး တိုက်တွန်းထားကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation, Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net