ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) ၏ ရန္ကုန္ - မေကြးခရီးစဥ္ စတင္ပ်ံသန္း

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) ၏ ရန္ကုန္ - မေကြးခရီးစဥ္ စတင္ပ်ံသန္း
ဇွန် 25, 2019
By 🌸
မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕ရိွ ေလဆိပ္မွ ေလယာဥ္ခရီးစဥ္မ်ား ျပန္လည္ပ်ံသန္းျခင္းကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၅)ရက္ေန႔က ရန္ကုန္- မေကြး -ရန္ကုန္ ခရီးစဥ္ျဖင့္ စတင္ဖြင့္လွစ္လုိက္သည္။

“ေလေၾကာင္းခရီးစဥ္ပြင့္သြားေတာ့ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရးကိစၥေတြအတြက္ အဆင္ေျပၿပီျဖစ္လို႔ အမ်ားႀကီးဝမ္းသာရတာေပါ့။ ႏိုင္ငံျခားခရီးသြားေတြလာမယ္။ စီးပြားေရးလုပ္ငန္းရွင္ေတြလာမယ္။ အဲဒီလိုလာတဲ့အခါ ရန္ကုန္ကေန ကားနဲ႔လာရင္ တစ္ေနကုန္ေလာက္ေမာင္းရတယ္။ ေလေၾကာင္းနဲ႔လာတယ္ဆိုရင္လည္း ေညာင္ဦးေလဆိပ္ကတစ္ဆင့္ လာရေတာ့ ခရီးေထာက္တာေပါ့။ အခု မေကြးကို တိုက္ ရိုက္လာႏိုင္ၿပီဆိုေတာ့ ခရီးစဥ္ေခ်ာေမြ႔သြားတာေပါ့။ ႏိုင္ငံေတာ္က အရံႈးခံၿပီး ဒီလိုေျပးဆဲြေပးတာကို ျပည္ သူလူထုကလည္း တတ္ႏိုင္သမွ် အားေပးၾကမယ္ဆိုရင္ ေအာင္ျမင္မွာပါ”ဟု မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။

မေကြးေလဆိပ္တြင္ (၁၃)ႏွစ္ၾကာရပ္ဆိုင္းထားခဲ့သည့္ ေလေၾကာင္းခရီးစဥ္မ်ား ျပန္လည္ေျပးဆြဲေပးရန္ မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕က ျပည္ေထာင္စုအစိုးရအဖြဲ႔ထံ တင္ျပခဲ့သျဖင့္ ႏုိင္ငံပိုင္ေလေၾကာင္းလုိင္းျဖစ္သည့္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) က မူလခရီးစဥ္ စစ္ေတြ/အမ္း-ရန္ကုန္ လမ္းေၾကာင္းကို စစ္ေတြ/အမ္း-မေကြး-ရန္ကုန္ လမ္းေၾကာင္းအျဖစ္ အပတ္စဥ္ အဂၤါႏွင့္ စေနေန႔မ်ားတြင္ ပ်ံသန္းေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေလယာဥ္ခရီးစဥ္ ျပန္လည္စတင္သည့္အထိမ္းအမွတ္ဖြင့္ပြဲတြင္ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ၊ ေဆာက္လုပ္ေရးႏွင့္ ပို႔ေဆာင္ဆက္ သြယ္ေရးဝန္ႀကီး ဦးတင္ႏြယ္ဦး၊ တိုင္းေဒသႀကီးအုပ္ခ်ဳပ္ေရးမွဴး ဦးေဝဇင္ထြန္း၊ ျမန္မာအမ်ိဳးသားေလ ေၾကာင္း၏ အမႈေဆာင္အရာရိွခ်ဳပ္ ဦးသန္းထြန္းတို႔ တက္ေရာက္ဖြင့္လွစ္ေပးသည္။

မေကြးေလဆိပ္တြင္ ၂၀၀၃ ခုႏွစ္မွ ၂၀၀၆ ခုႏွစ္အထိ ေလေၾကာင္းခရီးမ်ား ပ်ံသန္းေျပးဆြဲၿပီးေနာက္ ေလယာဥ္ခရီးစဥ္မ်ားပ်ံသန္းမႈကို ရပ္နားထားခဲ့ျခင္းျဖစ္သည္။

သတင္း/ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ရန်ကုန် -  မကွေးခရီးစဉ် စတင်ပျံသန်း
*********
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ လေဆိပ်မှ လေယာဉ်ခရီးစဉ်များ ပြန်လည်ပျံသန်းခြင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့က ရန်ကုန်- မကွေး -ရန်ကုန် ခရီးစဉ်ဖြင့် စတင်ဖွင့်လှစ်လိုက်သည်။

“လေကြောင်းခရီးစဉ်ပွင့်သွားတော့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေအတွက် အဆင်ပြေပြီဖြစ်လို့ အများကြီးဝမ်းသာရတာပေါ့။ နိုင်ငံခြားခရီးသွားတွေလာမယ်။
စီးပွားရေးလုပ်ငန်းရှင်တွေလာမယ်။ အဲဒီလိုလာတဲ့အခါ ရန်ကုန်ကနေ ကားနဲ့လာရင် တစ်နေကုန်လောက်မောင်းရတယ်။ လေကြောင်းနဲ့လာတယ်ဆိုရင်လည်း ညောင်ဦးလေဆိပ်ကတစ်ဆင့် လာရတော့ ခရီးထောက်တာပေါ့။ အခု မကွေးကို တိုက် ရိုက်လာနိုင်ပြီဆိုတော့ ခရီးစဉ်ချောမွေ့သွားတာပေါ့။ နိုင်ငံတော်က အရှုံးခံပြီး ဒီလိုပြေးဆွဲပေးတာကို ပြည် သူလူထုကလည်း တတ်နိုင်သမျှ အားပေးကြမယ်ဆိုရင် အောင်မြင်မှာပါ”ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

မကွေးလေဆိပ်တွင် (၁၃)နှစ်ကြာရပ်ဆိုင်းထားခဲ့သည့် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခဲ့သဖြင့် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က မူလခရီးစဉ် စစ်တွေ/အမ်း-ရန်ကုန် လမ်းကြောင်းကို စစ်တွေ/အမ်း-မကွေး-ရန်ကုန် လမ်းကြောင်းအဖြစ် အပတ်စဉ် အင်္ဂါနှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်ခရီးစဉ် ပြန်လည်စတင်သည့်အထိမ်းအမှတ်ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း၊ မြန်မာအမျိုးသားလေ ကြောင်း၏ အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းတို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

မကွေးလေဆိပ်တွင် ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ လေကြောင်းခရီးများ ပျံသန်းပြေးဆွဲပြီးနောက် လေယာဉ်ခရီးစဉ်များပျံသန်းမှုကို ရပ်နားထားခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net