ထုိင္းႏုိင္ငံတြင္ အသက္ (၁၄)ႏွစ္အရြယ္ ရည္းစားမိန္းကေလးကို သတ္ၿပီးမီးရိႈ႕ခဲ့သူကို ႏွစ္လအၾကာတြင္ ဖမ္းမိ

ထုိင္းႏုိင္ငံတြင္ အသက္ (၁၄)ႏွစ္အရြယ္ ရည္းစားမိန္းကေလးကို သတ္ၿပီးမီးရိႈ႕ခဲ့သူကို ႏွစ္လအၾကာတြင္ ဖမ္းမိ
ဇွန် 1, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ အသက္ (၁၄)ႏွစ္အရြယ္ ရည္စားမိန္းကေလးကို အျခားတစ္ေယာက္ႏွင့္တြဲသည္ဟုဆိုကာ သတ္ၿပီး မီးရိႈ႕ခဲ့သည့္ အသက္ (၂၅)ႏွစ္အရြယ္လူငယ္ကို လူသတ္မႈျဖစ္ၿပီး (၂)လအၾကာတြင္ တိမ္းေရွာင္ေနသည့္ေနရာကို ရဲတပ္ဖြဲ႕က ေဖၚထုတ္ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

ေမာင္းခရိုင္ရိွ ေတာအုပ္အတြင္း မီးေလာင္ထားသည့္အရိုးစုကို ေဒသခံမ်ားက ၂၀၁၉ ခုႏွစ္ ေမလ (၂၆)ရက္ေန႔တြင္ ေတြ႔ရိွရသျဖင့္ ရဲတပ္ဖြဲ႕ကစံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ၿပီး အရိုးစုမွ DNA စစ္ေဆးခ်က္ျဖင့္ ေသဆံုးသူကို အတည္ျပဳႏိုင္ခဲ့ၿပီးေနာက္ ေမလ (၃၀)ရက္ေန႔က ဆူရတ္ဌာနရီမွ ဝိစႏုဘြန္ခြန္ကို ဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မိန္းကေလး၏အဖြားျဖစ္သူက မတ္လ(၅)ရက္ေန႔၌ ရဲစခန္းတြင္ လူေပ်ာက္တုိင္တန္းထားၿပီး ၎၏ေျမးျဖစ္သူေပ်ာက္ဆံုးမႈႏွင့္ပတ္သက္၍ ဝိစႏုကို သံသယရိွေၾကာင္းေျပာဆိုခဲ့သည္ဟု သိရသည္။

ဝိစႏုက မတ္လ (၄)ရက္ေန႔တြင္ ရည္းစားျဖစ္သူႏွင့္အတူ လည္ပတ္ရန္သြားေခၚခဲ့ၿပီးေနာက္ အျခားအမ်ိဳးသားတစ္ဦးႏွင့္ တြဲေနသည့္ကိစၥျဖင့္ စကားမ်ားရန္ျဖစ္ရာမွ မိန္းကေလးအား သတ္ၿပီး ေတာအုပ္အတြင္း မီးရိႈ႕ထားခဲ့ကာ ဆူရတ္ဌာနီသို႔ ထြက္ေျပးအလုပ္လုပ္ေနျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် အသက် (၁၄)နှစ်အရွယ် ရည်းစားမိန်းကလေးကို သတ်ပြီးမီးရှို့ခဲ့သူကို နှစ်လအကြာတွင် ဖမ်းမိ
**************
ထိုင်းနိုင်ငံတွင် အသက် (၁၄)နှစ်အရွယ် ရည်စားမိန်းကလေးကို အခြားတစ်ယောက်နှင့်တွဲသည်ဟုဆိုကာ သတ်ပြီး မီးရှို့ခဲ့သည့် အသက် (၂၅)နှစ်အရွယ်လူငယ်ကို လူသတ်မှုဖြစ်ပြီး (၂)လအကြာတွင် တိမ်းရှောင်နေသည့်နေရာကို ရဲတပ်ဖွဲ့က ဖေါ်ထုတ်ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

မောင်းခရိုင်ရှိ တောအုပ်အတွင်း မီးလောင်ထားသည့်အရိုးစုကို ဒေသခံများက ၂၀၁၉ ခုနှစ် မေလ (၂၆)ရက်နေ့တွင် တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး အရိုးစုမှ DNA စစ်ဆေးချက်ဖြင့် သေဆုံးသူကို အတည်ပြုနိုင်ခဲ့ပြီးနောက် မေလ (၃၀)ရက်နေ့က ဆူရတ်ဌာနရီမှ ဝိစနုဘွန်ခွန်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိန်းကလေး၏အဖွားဖြစ်သူက မတ်လ(၅)ရက်နေ့၌ ရဲစခန်းတွင် လူပျောက်တိုင်တန်းထားပြီး ၎င်း၏မြေးဖြစ်သူပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဝိစနုကို သံသယရှိကြောင်းပြောဆိုခဲ့သည်ဟု သိရသည်။

ဝိစနုက မတ်လ (၄)ရက်နေ့တွင် ရည်းစားဖြစ်သူနှင့်အတူ လည်ပတ်ရန်သွားခေါ်ခဲ့ပြီးနောက် အခြားအမျိုးသားတစ်ဦးနှင့် တွဲနေသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ မိန်းကလေးအား သတ်ပြီး တောအုပ်အတွင်း မီးရှို့ထားခဲ့ကာ ဆူရတ်ဌာနီသို့ ထွက်ပြေးအလုပ်လုပ်နေခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net