ဓါးခုတ္မႈမ်ား မၾကာခဏျဖစ္ပြားေနတတ္သည့္ လားရႈိးၿမိဳ႕တြင္ (၃)ရက္အတြင္း (၈)ဦးဖမ္းမိ

ဓါးခုတ္မႈမ်ား မၾကာခဏျဖစ္ပြားေနတတ္သည့္ လားရႈိးၿမိဳ႕တြင္ (၃)ရက္အတြင္း (၈)ဦးဖမ္းမိ
ဇွန် 13, 2019
By Tachileik News Agency

ေမလကုန္ ႏွင့္ ဇြန္လပထမပတ္အတြင္း ဓါးခုတ္မႈမ်ား မၾကာခဏျဖစ္ပြားေနတတ္သည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕တြင္ သက္ဆိုင္ရာဌာနမ်ား ပါ၀င္သည့္ ခရိုင္/ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီက ဦးေဆာင္ကာ ညပိုင္းလွည့္ကင္းမ်ားျဖင့္ စစ္ေဆးျခင္းလုပ္ငန္းမ်ားကို ပိုမိုေဆာင္ရြက္ခဲ့ရာ လက္နက္ကိုင္ေဆာင္သြားလာေနသည့္ မသကၤာဖြယ္ လူငယ္(၈)ဦးကို (၃)ရက္အတြင္း ဖမ္းဆီးရမိ၍ အမႈဖြင့္ထားေၾကာင္း သိရသည္။

"ညပိုင္းလွည့္ကင္းလုပ္တာကေတာ့ လားရိႈးမွာ ဓါးခုတ္မႈေတြစၿပီးျဖစ္ပြားတဲ့အခ်ိန္ကေန စလုပ္ခဲ့တာ၊ အဲ့လို ညကင္းေတြလုပ္ေနတဲ့ၾကားထဲကေန ဓါးခုတ္တာေတြ လုယက္တာေတြ ဆက္တိုက္ျဖစ္ပြားေနတဲ့အတြက္ ဖိဖိစီးစီး လုပ္လိုက္တာေတာ့ (၄)ရက္ေလာက္ရွိၿပီ၊ အဲ့ဒီရက္ပိုင္းအတြင္းမွာ လူ (၈)ဦးကို ဖမ္းဆီးအေရးယူ ထားႏိုင္ခဲ့ပါတယ္" ဟု လားရိႈးၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးအာကာလင္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လွည့္ကင္းမ်ားအား တင္းၾကပ္စြာစတင္ေဆာင္ရြက္ခဲ့သည့္ ၂၀၁၉ခုႏွစ္ ဇြန္လ (၇)ရက္ေန႔ ညပိုင္းမွစတင္၍ ဇြန္လ (၁၂)ရက္ေန႔ အထိ လားရိႈးၿမိဳ႕ရွိ  ရပ္ကြက္ႀကီး (၁၂)ခုႏွင့္ ေက်းရြာမ်ားအနက္ ရပ္ကြက္ (၁)၊ ရပ္ကြက္ (၄)၊ ရပ္ကြက္ (၅)ႏွင့္ ရပ္ကြက္ (၇)တို႔တြင္ ညအခ်ိန္မေတာ္ကာလမ်ား၌  ဓါး၊ တုတ္ မ်ားကိုင္ေဆာင္သြားလာေနသူမ်ားအား ေတြ႔ရွိစစ္ေဆး၍ အေရးယူ ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ညတုန္းကလဲ ရပ္ကြက္ (၅)ထဲမွာ မီးသတ္ေတြ၊ ရဲေတြပါတဲ့ အဖြဲ႔က အေရွ႕ကေန ကင္းလွည့္စစ္ေဆးသြားၿပီး မၾကာခင္ သူတို႔ျဖတ္သြားၿပီးတဲ့ေနရာနားမွာပဲ အုပ္စုဖြဲ႔ၿပီး ဓါးေတြနဲ႔ခုတ္ၾကတာ၊ ရဲေတြျပန္ေရာက္လာေတာ့ ခုတ္ေနတဲ့အဖြဲ႔ေတြက ထြက္ေျပးသြားေရာ၊ ေဒသခံတစ္ေယာက္အေနနဲ႔ဆိုရင္ေတာ့ အဲ့လိုလွည့္ကင္းေတြ အျပင္ ကင္းပုန္းဝပ္တာမ်ိဳး၊ အသြင္ယူၿပီး ေရွာင္တခင္စစ္ေဆးတာမ်ိဳးေတြေရာ လုပ္ေစခ်င္ပါတယ္" ဟု ရပ္ကြက္ ( ၅ )တြင္ ေနထိုင္သူ ကိုေမာင္ေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ (၁၃)ရက္တြင္ေျပာသည္။

တုတ္၊ ဓါး ကိုင္ေဆာင္သြားလာသူမ်ားအား သက္ဆုိင္ရာလက္နက္မႈမ်ားျဖင့္ နယ္ေျမအလိုက္ နယ္ေျမပိုင္ ရဲစခန္းမ်ားတြင္ အမႈဖြင့္အေရးယူထားၿပီး  ညပိုင္းလွည့္ကင္းမ်ားႏွင့္ ေရွာင္တခင္စစ္ေဆးျခင္းမ်ားကိုလည္း အဖြဲ႔စံုျဖင့္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း  သိရသည္။

ညပိုင္းကင္းလွည့္လည္ရာတြင္ နယ္ေျမခံတပ္၊  ရဲတပ္ဖြဲ႔၊   ျပည္သူ႔စစ္အဖြဲ႔ႏွင့္ အရံမီးသတ္ တပ္ဖြ႔ဲဝင္မ်ား အျပင္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရွိသူမ်ား စသည့္ ပူးေပါင္းအဖြဲ႔ျဖင့္ လွည့္ၾကျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency
သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မေလကုန် နှင့် ဇွန်လပထမပတ်အတွင်း ဓားခုတ်မှုများ မကြာခဏဖြစ်ပွားနေတတ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် သက်ဆိုင်ရာဌာနများ ပါဝင်သည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ဦးဆောင်ကာ ညပိုင်းလှည့်ကင်းများဖြင့် စစ်ဆေးခြင်းလုပ်ငန်းများကို ပိုမိုဆောင်ရွက်ခဲ့ရာ လက်နက်ကိုင်ဆောင်သွားလာနေသည့် မသင်္ကာဖွယ် လူငယ်(၈)ဦးကို (၃)ရက်အတွင်း ဖမ်းဆီးရမိ၍ အမှုဖွင့်ထားကြောင်း သိရသည်။

"ညပိုင်းလှည့်ကင်းလုပ်တာကတော့ လားရှိုးမှာ ဓားခုတ်မှုတွေစပြီးဖြစ်ပွားတဲ့အချိန်ကနေ စလုပ်ခဲ့တာ၊ အဲ့လို ညကင်းတွေလုပ်နေတဲ့ကြားထဲကနေ ဓားခုတ်တာတွေ လုယက်တာတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ဖိဖိစီးစီး လုပ်လိုက်တာတော့ (၄)ရက်လောက်ရှိပြီ၊ အဲ့ဒီရက်ပိုင်းအတွင်းမှာ လူ (၈)ဦးကို ဖမ်းဆီးအရေးယူ ထားနိုင်ခဲ့ပါတယ်" ဟု လားရှိုးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လှည့်ကင်းများအား တင်းကြပ်စွာစတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၉ခုနှစ် ဇွန်လ (၇)ရက်နေ့ ညပိုင်းမှစတင်၍ ဇွန်လ (၁၂)ရက်နေ့ အထိ လားရှိုးမြို့ရှိ ရပ်ကွက်ကြီး (၁၂)ခုနှင့် ကျေးရွာများအနက် ရပ်ကွက် (၁)၊ ရပ်ကွက် (၄)၊ ရပ်ကွက် (၅)နှင့် ရပ်ကွက် (၇)တို့တွင် ညအချိန်မတော်ကာလများ၌ ဓား၊ တုတ် များကိုင်ဆောင်သွားလာနေသူများအား တွေ့ရှိစစ်ဆေး၍ အရေးယူ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ညတုန်းကလဲ ရပ်ကွက် (၅)ထဲမှာ မီးသတ်တွေ၊ ရဲတွေပါတဲ့ အဖွဲ့က အရှေ့ကနေ ကင်းလှည့်စစ်ဆေးသွားပြီး မကြာခင် သူတို့ဖြတ်သွားပြီးတဲ့နေရာနားမှာပဲ အုပ်စုဖွဲ့ပြီး ဓားတွေနဲ့ခုတ်ကြတာ၊ ရဲတွပြေန်ရောက်လာတော့ ခုတ်နေတဲ့အဖွဲ့တွေက ထွက်ပြေးသွားရော၊ ဒေသခံတစ်ယောက်အနေနဲ့ဆိုရင်တော့ အဲ့လိုလှည့်ကင်းတွေ အပြင် ကင်းပုန်းဝပ်တာမျိုး၊ အသွင်ယူပြီး ရှောင်တခင်စစ်ဆေးတာမျိုးတွေရော လုပ်စေချင်ပါတယ်" ဟု ရပ်ကွက် ( ၅ )တွင် နေထိုင်သူ ကိုမောင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၁၃)ရက်တွင်ပြောသည်။

တုတ်၊ ဓား ကိုင်ဆောင်သွားလာသူများအား သက်ဆိုင်ရာလက်နက်မှုများဖြင့် နယ်မြေအလိုက် နယ်မြေပိုင် ရဲစခန်းများတွင် အမှုဖွင့်အရေးယူထားပြီး ညပိုင်းလှည့်ကင်းများနှင့် ရှောင်တခင်စစ်ဆေးခြင်းများကိုလည်း အဖွဲ့စုံဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ညပိုင်းကင်းလှည့်လည်ရာတွင် နယ်မြေခံတပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့နှင့် အရံမီးသတ် တပ်ဖွဲ့ဝင်များ အပြင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ စသည့် ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net