ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဆေးရုံများတွင် ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများအား စနစ်တကျ မီးရှို့ဖျက်ဆီးနိုင်မည့် မီးပြင်းဖိုများ အသုံးပြုရန် စီစဉ်နေ
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဆေးရုံများတွင် ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများအား စနစ်တကျ မီးရှို့ဖျက်ဆီးနိုင်မည့် မီးပြင်းဖိုများ အသုံးပြုရန် စီစဉ်နေ
ဇှနျ 10, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းလပ်၊ တာလေနှင့် ဝမ်ပုံဆေးရုံများတွင် ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများအား စနစ်တကျ မီးရှို့ဖျက်ဆီးရန် မီးပြင်းဖို(Incinerator)များကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေဖြင့် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်လူမှုရေးဝန်ကြီးက လွှတ်တော်တွင် ပြောကြားလိုက် သိရသည်။
ဆေးရုံသုံး စွန့်ပစ် ပစ္စည်းမီးရှို့ဖျက်ဆီးသည့် မီးပြင်းဖိုများကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ကျန်းမာရေးဌာန (၆၂)ခုအတွက်လည်းကောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ (၆)ခုတို့၌လည်း တပ်ဆင်အသုံးပြုနေပြီဖြစ်ပြီး ကျန်ရှိသည့်ဌာနများအတွက် လာမည့်ဘဏ္ဍာနှစ်တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းဆေးရုံများတွင် ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးနိုင်မည့် မီးပြင်းဖိုများတည်ဆောက်ပေးရန်ရှိ မရှိကို ၂၀၁၉ ခုနှစ် ဇွန်လ (၁၀)ရက်နေ့က ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော်တွင် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က မေးမြန်းခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖြေကြားခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းလပ်၊ တာလေနှင့် ဝမ်ပုံဆေးရုံများတွင် ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများအား စနစ်တကျ မီးရှို့ဖျက်ဆီးရန် မီးပြင်းဖို(Incinerator)များကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွဖြေင့် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်လူမှုရေးဝန်ကြီးက လွှတ်တော်တွင် ပြောကြားလိုက် သိရသည်။
“ ခုတင်(၁၀၀)ဆံ့ တာချီလိတ်ဆေးရုံ၊ ကျိုင်းလပ်၊ တာလေ၊ ဝမ်ပုံ တိုက်နယ်ဆေးရုံတို့မှာ မီးပြင်းဖို (Incinerator) တပ်ဆင် အသုံးပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ တင်ပြတောင်းခံထားပြီး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်ဆေးရုံအချို့တွင် မီးပြင်းဖို(Incinerator) ရှိပြီးဖြစ်သကဲ့သို့ မရှိသေးသော မြို့နယ်နှင့်တိုက်နယ်ဆေးရုံတွေမှာလည်း မီးပြင်းဖို(Incinerator) တပ်ဆင် တည်ဆောက်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာလည်း ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွဖြေင့် တင်ပြတောင်းခံထားပြီး မီးပြင်းဖို(Incinerator)တပ်ဆင် အသုံးပြုရန် စီစဉ်နေလျက်ရှိပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြည်နယ်လွှတ်တော်တွင် ဖြကြေားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံကြီးများ၊ တိုက်နယ်ဆေးရုံများတွင်လည်း ဆက်လက် တည်ဆောက်ပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့တင်ပြ၍ NGO၊ INGO အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ဖြစ်ကြောင်း သိရသည်။
ဆေးရုံသုံး စွန့်ပစ် ပစ္စည်းမီးရှို့ဖျက်ဆီးသည့် မီးပြင်းဖိုများကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ကျန်းမာရေးဌာန (၆၂)ခုအတွက်လည်းကောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ (၆)ခုတို့၌လည်း တပ်ဆင်အသုံးပြုနပြေီဖြစ်ပြီး ကျန်ရှိသည့်ဌာနများအတွက် လာမည့်ဘဏ္ဍာနှစ်တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းဆေးရုံများတွင် ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးနိုင်မည့် မီးပြင်းဖိုများတည်ဆောက်ပေးရန်ရှိ မရှိကို ၂၀၁၉ ခုနှစ် ဇွန်လ (၁၀)ရက်နေ့က ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော်တွင် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က မေးမြန်းခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖြကြေားခြင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - ရှမ်းပြည်နယ်လွှတ်တော်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net