မည္သူမဆို အခမဲ့ ယူေဆာင္စားေသာက္ႏုိင္မည့္ Food Box ကို တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊတိဂံုေစတီေတာ္ရင္ျပင္တြင္ ပထမဆံုး ထားရွိ

မည္သူမဆို အခမဲ့ ယူေဆာင္စားေသာက္ႏုိင္မည့္ Food Box ကို တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊတိဂံုေစတီေတာ္ရင္ျပင္တြင္ ပထမဆံုး ထားရွိ
ဇွန် 26, 2019
By Tachileik News Agency

မည္သူမဆို လိုအပ္ပါက အခမဲ့ယူေဆာင္စားေသာက္ႏုိင္မည့္ Food Box ကို ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမို႕ရွိ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ရင္ျပင္တြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၆) ရက္ေန႔ နံနက္ကစ၍  စတင္ထားရိွလာသည္ကို ေတြ႔ရသည္။

"အျခားၿမိဳ႕ေတြမွာ တင္ထားတာေတြ႕တယ္။ တာခ်ီလိတ္မွာ မရိွေသးဘူး။ ဘယ္သူမွလည္းလုပ္တာမေတြ႕ေသးေတာ့ ညီမကေန ဦးေဆာင္ၿပီးေတာ့ လူမႈကြန္ရက္မွာတင္ၿပီးေတာ့ အလွဴေငြေကာက္လိုက္တာ။ ဒီေန႔အထိဆိုရင္ အေယာက္ (၃၀) ေလာက္ရိွၿပီ။ ေရႊတိဂံုမွာက်ေတာ့ လာစားတဲ့သူေတြလည္း အဆင္ေျပတယ္ေလ။ အစကလမ္းမႀကီးမွာထားမလို႔၊ ဘီဒိုေတြ ဘာေတြမသြားရင္ အဆင္မေျပဘူးဆိုေတာ့ ေရႊတိဂံုဘုရားမွာ ေဂါပကလူႀကီးနဲ႔ သြားေျပာၿပီးထားလိုက္တာ"ဟု Food Box ထားရိွေရးအတြက္စီစဥ္သူ မနန္းမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရႊတိဂံုေစတီရင္ျပင္တြင္ ထားရိွသည့္ Food Box တြင္ ဘုရားရင္ျပင္ စတင္ဖြင့္လွစ္သည့္ နံနက္ (၆)နာရီမွ ရင္ျပင္ပိတ္သည့္ ည (၉)နာရီအထိ ရယူသံုးေဆာင္ႏုိင္မည္ျဖစ္ၿပီး မည္သူမဆို အစားအေသာက္မ်ား လာေရာက္ထားရိွႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

"တစ္ေန႔တစ္ခါေတာ့ သြားျဖည့္မွာေပါ့။ ဒီေန႔မနက္ကျဖည့္လာေတာ့ မနက္ျဖန္မနက္အေစာ သြားျဖည့္မယ္။ အျခားအလွဴရွင္ေတြကလည္း သူတို႔ဘာသူတို႔ သြားျဖည့္မယ္ေျပာတယ္။ အရင္က လတိုင္းလတိုင္း အလွဴရိွတယ္။ အခုက လူမႈကြန္ရက္က သူငယ္ခ်င္းေတြ အကူအညီေတာင္းၿပီးေတာ့ ထည့္ႏိုင္ေအာင္ႀကိဳးစားေနတယ္။ ညီမလက္ထဲမွာ အလွဴေငြေတြရိွေသးတယ္။ (၁) ရက္ကို ဘတ္(၅၀၀) ဖိုးေလာက္သြားျဖည့္ဖို႔ အစီအစဥ္ရိွတယ္။ ခုေတာ့ အခ်ိဳရည္ဘူးေတြ၊ ေရဘူးနဲ႔ မုန္႔ေတြထည့္ထားမွာေပါ့။ ေနာက္အဆင္ေျပရင္ေဆးဗူးေလးေတြထည့္သြားဖို႔ရိွတယ္"ဟု နန္းမိုးက ဆိုသည္။

Food Box ထားရိွျခင္းကို မႏၱေလးၿမိဳ႕က်ံုးေဘးတြင္ ေဒသခံ ေစတနာရွင္မ်ားက ပထမဆံုးစတင္ေဆာင္ရြက္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕ တာေမြ၊ ေျမနီကုန္း၊ လွည္းတန္းႏွင့္ ေမာ္လၿမိဳင္ကမ္းနားတို႔တြင္ ထားရိွလာျခင္းျဖစ္ၿပီး Food Box မွ အစားအေသာက္လာေရာက္ယူေဆာင္သူအခ်ိဳ႕အား ဓါတ္ပံုရိုက္၍ လူမႈကြန္ယက္တြင္ တင္လာသူအခ်ိဳ႕ကို ေဝဖန္မႈမ်ားလည္း ထြက္ေပၚေနျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မည်သူမဆို လိုအပ်ပါက အခမဲ့ယူဆောင်စားသောက်နိုင်မည့် Food Box ကို မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ နံနက်ကစ၍ စတင်ထားရှိလာသည်ကို တွေ့ရသည်။

"အခြားမြို့တွေမှာ တင်ထားတာတွေ့တယ်။ တာချီလိတ်မှာ မရှိသေးဘူး။ ဘယ်သူမှလည်းလုပ်တာမတွေ့သေးတော့ ညီမကနေ ဦးဆောင်ပြီးတော့ လူမှုကွန်ရက်မှာတင်ပြီးတော့ အလှူငွေကောက်လိုက်တာ။ ဒီနေ့အထိဆိုရင် အယောက် (၃၀) လောက်ရှိပြီ။ ရွှေတိဂုံမှာကျတော့ လာစားတဲ့သူတွေလည်း အဆင်ပြေတယ်လေ။ အစကလမ်းမကြီးမှာထားမလို့၊ ဘီဒိုတွေ ဘာတွေမသွားရင် အဆင်မပြေဘူးဆိုတော့ ရွှေတိဂုံဘုရားမှာ ဂေါပကလူကြီးနဲ့ သွားပြောပြီးထားလိုက်တာ"ဟု Food Box ထားရှိရေးအတွက်စီစဉ်သူ မနန်းမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေတိဂုံစေတီရင်ပြင်တွင် ထားရှိသည့် Food Box တွင် ဘုရားရင်ပြင် စတင်ဖွင့်လှစ်သည့် နံနက် (၆)နာရီမှ ရင်ပြင်ပိတ်သည့် ည (၉)နာရီအထိ ရယူသုံးဆောင်နိုင်မည်ဖြစ်ပြီး မည်သူမဆို အစားအသောက်များ လာရောက်ထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

"တစ်နေ့တစ်ခါတော့ သွားဖြည့်မှာပေါ့။ ဒီနေ့မနက်ကဖြည့်လာတော့ မနက်ဖြန်မနက်အစော သွားဖြည့်မယ်။ အခြားအလှူရှင်တွေကလည်း သူတို့ဘာသူတို့ သွားဖြည့်မယ်ပြောတယ်။ အရင်က လတိုင်းလတိုင်း အလှူရှိတယ်။ အခုက လူမှုကွန်ရက်က သူငယ်ချင်းတွေ အကူအညီတောင်းပြီးတော့ ထည့်နိုင်အောင်ကြိုးစားနေတယ်။ ညီမလက်ထဲမှာ အလှူငွေတွေရှိသေးတယ်။ (၁) ရက်ကို ဘတ်(၅၀၀) ဖိုးလောက်သွားဖြည့်ဖို့ အစီအစဉ်ရှိတယ်။ ခုတော့ အချိုရည်ဘူးတွေ၊ ရေဘူးနဲ့ မုန့်တွေထည့်ထားမှာပေါ့။ နောက်အဆင်ပြေရင်ဆေးဗူးလေးတွေထည့်သွားဖို့ရှိတယ်"ဟု နန်းမိုးက ဆိုသည်။

Food Box ထားရှိခြင်းကို မန္တလေးမြို့ကျုံးဘေးတွင် ဒေသခံ စေတနာရှင်များက ပထမဆုံးစတင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့ တာမွေ၊ မြေနီကုန်း၊ လှည်းတန်းနှင့် မော်လမြိုင်ကမ်းနားတို့တွင် ထားရှိလာခြင်းဖြစ်ပြီး Food Box မှ အစားအသောက်လာရောက်ယူဆောင်သူအချို့အား ဓာတ်ပုံရိုက်၍ လူမှုကွန်ယက်တွင် တင်လာသူအချို့ကို ဝေဖန်မှုများလည်း ထွက်ပေါ်နခြေင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net