တာခ်ီလိတ္ၿမိဳ႕ရွိ အမွတ္(၂)တံတားမွ စ၍ ၿမိဳ႕ျပင္ ရပ္ကြက္/ေက်းရြာမ်ားအထိ ဇြန္လ(၂၈)ရက္ေန႔တြင္ လွ်ပ္စစ္မီး ေန႔ပိုင္း ျဖတ္ေတာက္မည္

တာခ်ီလိတ္ၿမိဳ႕ရွိ အမွတ္(၂)တံတားမွ စ၍ ၿမိဳ႕ျပင္ ရပ္ကြက္/ေက်းရြာမ်ားအထိ ဇြန္လ(၂၈)ရက္ေန႔တြင္ လွ်ပ္စစ္မီး ေန႔ပိုင္း ျဖတ္ေတာက္မည္
ဇွန် 27, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ပါလွ်ံမီးပြိဳင့္လမ္းဆံုတြင္ ဓါတ္တိုင္မ်ား ေရႊ႕ေျပာင္းစိုက္ထူမည္ျဖစ္၍ ခ်စ္ၾကည္ေရး အမွတ္(၂)တံတားမွ စ၍ ၿမို႕ျပင္ေက်းရြာမ်ားအထိ ၂၀၁၉ခုႏွစ္ ဇြန္လ(၂၈)ရက္ေန႔ တြင္ ေန႔ပိုင္းလွ်ပ္စစ္မီး ျဖတ္ေတာက္မည္ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္မီးျဖတ္ေတာက္ခ်ိန္အား ဇြန္လ(၂၈)ရက္ေန႔ နံနက္(၉)နာရီမွ ညေန(၄)နာရီအထိ သတ္မွတ္ထားေသာ္လည္း သတ္မွတ္ခ်ိန္မေရာက္မီ လုပ္ငန္းအျမန္ဆံုးၿပီးစီးပါကလည္း လွ်ပ္စစ္မီးကို ေစာလ်င္စြာ လြတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဓါတ္တိုင္ (၇)တိုင္ေလာက္ ေရႊ႕ေျပာင္းစိုက္ထူမွာ ၿပီးရင္ စည္ပင္ရံုးနားက  ဓါတ္တိုင္လည္းပါတယ္၊ သတ္မွတ္ခ်ိန္က ညေန(၄)နာရီအထိဆိုေပမဲ့ ေစာေစာၿပီးရင္ ေစာစာျပန္လႊတ္မွာပါ"ဟု ၿမိဳ႕မီးလင္းေရး(ရံုးခြဲ)မွ ျပင္ပဆက္ဆံေရးတာ၀န္ခံ ကိုမ်ဳိးျမင့္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ရန္ေအာင္ေျမရပ္ကြက္အပိုင္း ပါလွ်ံမီးပြိဳင့္လမ္းဆံုတစ္၀ိုက္တြက္ လမ္းတိုးခ်ဲ႕မႈမ်ား ျပဳလုပ္ေနရာ လမ္းႏွင့္မလြတ္ကင္းသည့္ ေစ်းဆိုင္မ်ားႏွင့္ေစ်းဆိုင္ အဖီမ်ားဖယ္ရွားျခင္းမ်ား ျပဳလုပ္ေနလ်က္နည္းတူ လမ္းႏွင့္မလြတ္ကင္းသည့္ ဓါတ္တိုင္မ်ားကိုလည္း ၿမိဳ႕မီးလင္းေရး(ရံုးခြဲ)က ေရႊ႕ေျပာင္းစိုက္ထူေပးေနသည့္အတြက္ လုပ္ငန္းေဆာင္ရြက္ေနစဥ္အတြင္း လွ်ပ္စစ္မီးအႏၱရာယ္ မျဖစ္ေပၚေရးအတြက္ လွ်ပ္စစ္မီးေခတၱျဖတ္ေတာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕မီးလင္းေရး(ရံုးခြဲ)အပိုင္းတြင္ ပါ၀င္သည့္ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးအမွတ္(၂)တံတား အနီး ၿမိဳ႕ေရွာင္လမ္းဘက္အျခမ္းရွိ မယ္ေခါင္ရပ္ကြက္ ႏွင့္ ရန္ေအာင္ေျမရပ္ကြက္အပါအ၀င္ ၿမို႕ျပင္ရပ္ကြက္ ႏွင့္ ေက်းရြာအုပ္စုမ်ားျဖစ္သည့္ မိုင္းဖုန္း ႏွင့္ မိုင္းကိုးေက်းရြာအုပ္စုမ်ားအထိ လွ်ပ္စစ္မီးျဖတ္ေတာက္မည္ျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ ပါလျှံမီးပွိုင့်လမ်းဆုံတွင် ဓာတ်တိုင်များ ရွှေ့ပြောင်းစိုက်ထူမည်ဖြစ်၍ ချစ်ကြည်ရေး အမှတ်(၂)တံတားမှ စ၍ မြို့ပြင်ကျေးရွာများအထိ ၂၀၁၉ခုနှစ် ဇွန်လ(၂၈)ရက်နေ့ တွင် နေ့ပိုင်းလျှပ်စစ်မီး ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီးဖြတ်တောက်ချိန်အား ဇွန်လ(၂၈)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ သတ်မှတ်ထားသော်လည်း သတ်မှတ်ချိန်မရောက်မီ လုပ်ငန်းအမြန်ဆုံးပြီးစီးပါကလည်း လျှပ်စစ်မီးကို စောလျင်စွာ လွတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဓာတ်တိုင် (၇)တိုင်လောက် ရွှေ့ပြောင်းစိုက်ထူမှာ ပြီးရင် စည်ပင်ရုံးနားက ဓာတ်တိုင်လည်းပါတယ်၊ သတ်မှတ်ချိန်က ညနေ(၄)နာရီအထိဆိုပေမဲ့ စောစောပြီးရင် စောစာပြန်လွှတ်မှာပါ"ဟု မြို့မီးလင်းရေး(ရုံးခွဲ)မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုမျိုးမြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ရန်အောင်မြေရပ်ကွက်အပိုင်း ပါလျှံမီးပွိုင့်လမ်းဆုံတစ်ဝိုက်တွက် လမ်းတိုးချဲ့မှုများ ပြုလုပ်နေရာ လမ်းနှင့်မလွတ်ကင်းသည့် ဈေးဆိုင်များနှင့်ဈေးဆိုင် အဖီများဖယ်ရှားခြင်းများ ပြုလုပ်နေလျက်နည်းတူ လမ်းနှင့်မလွတ်ကင်းသည့် ဓာတ်တိုင်များကိုလည်း မြို့မီးလင်းရေး(ရုံးခွဲ)က ရွှေ့ပြောင်းစိုက်ထူပေးနေသည့်အတွက် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လျှပ်စစ်မီးအန္တရာယ် မဖြစ်ပေါ်ရေးအတွက် လျှပ်စစ်မီးခေတ္တဖြတ်တောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

မြို့မီးလင်းရေး(ရုံးခွဲ)အပိုင်းတွင် ပါဝင်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတား အနီး မြို့ရှောင်လမ်းဘက်အခြမ်းရှိ မယ်ခေါင်ရပ်ကွက် နှင့် ရန်အောင်မြေရပ်ကွက်အပါအဝင် မြို့ပြင်ရပ်ကွက် နှင့် ကျေးရွာအုပ်စုများဖြစ်သည့် မိုင်းဖုန်း နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net