ရှမ်းပြည်နယ်အတွင်း ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများ ဖျက်ဆီးသည့် မီးပြင်းဖိုများကို ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသုံးပြုနိုင်ရန် စီစဉ်နေ
ရှမ်းပြည်နယ်အတွင်း ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများ ဖျက်ဆီးသည့် မီးပြင်းဖိုများကို ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသုံးပြုနိုင်ရန် စီစဉ်နေ
ဇှနျ 11, 2019
By Tachileik News Agency
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခုတင်(၅၀၀)ဆံ့ စဝ်စံထွန်းဆေးရုံကြီးနှင့် ခုတင်(၂၀၀)ဆံ့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှာ စွန့်ပစ်ပစ္စည်းအတွက် မီးပြင်းဖို(Incinerator)တပ်ဆင်အသုံးပြုနေပြီး
မြန်မာနိုင်ငံတွင် ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများကို နိုင်ငံတကာ စံချိန်စံညွှန်နှင့် အညီ ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ ကော်မတီများဖွဲ့၍ ဆောင်ရွက်နေပြီး လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း ဆေးရုံများတွင် သာမန်စွန့်ပစ်အမှိုက်၊သာမာန်အန္တရာယ်မရှိ ဆေးရုံစွန့်ပစ်ပစ္စည်းများကို လုံခြုံစိတ်ချရသည့် အမှိုက်ကျင်းတွင် စနစ်တကျမြေမြုပ်ခြင်း၊ ကူးစက်နိုင်သည့် ဆေးရုံစွန့်ပစ္စည်းများကို မစွန့်ပစ်မီ ပိုးသန့်စင်ခြင်း၊ ဓါတုဆေးစိမ့်ခြင်း၊ လုံခြုံစိတ်ချရတဲ့ စနစ်တကျ အမှိုက်ကျင်းမှာ မြေမြှုပ်ခြင်းနည်းကို အသုံးပြုနေသည့်အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပက်မြန်မာတို့ ပူးပေါင်းပြီး စူးရှချွန်ထက်တဲ့အရာများ စွန့်ပစ်ခြင်းဆိုင်ရာစီမံခန့်ခွဲခြင်း စံပြမြို့နယ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်များတွင် ၂၀၁၈ခုနှစ်မှစ၍ စူးရှချွန်ထက်တဲ့အရာများ မြှုပ်တဲ့ကာရံထားတဲ့ အမှိုက်ကျင်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းဆေးရုံများတွင် ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးနိုင်မည့် မီးပြင်းဖိုများတည်ဆောက်ပေးရန်ရှိ မရှိကို ၂၀၁၉ ခုနှစ် ဇွန်လ (၁၀)ရက်နေ့က ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော်တွင် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က မေးမြန်းခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖြေကြားခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အတွင်းဆေးရုံများတွင် စွန့်ပစ်ပစ္စည်းများဖျက်ဆီးသည့် မီးပြင်းဖိုများကို ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်အညီအသုံးပြုရန် စီစဉ်နေကြောင်း သိရသည်။
“မီးပြင်းဖို(Incinerator) မီးရှို့စက်သည် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းရှိရမှာ ဖြစ်ပါတယ်။ အကန့်(၂)ကန့် ပါဝင်ရပါမယ်။ အနည်းဆုံး (၈၅၀)ဒီဂရီစင်တီဂရိတ်ဖြင့် မီးရှို့ရမှာ ဖြစ်ပါတယ်။ မီးခိုးခေါင်းတိုင်သည် အနီးဆုံးရှိ ခေါင်မိုးများထက် ပိုပြီးတော့မြှင့်ရမှာဖြစ်ပါတယ်။ လူနေအိမ်ခြေများနဲ့ အနည်းဆုံး မီတာ(၅၀၀)အကွာမှာ ရှိရမှာဖြစ်ပါတယ်။ မီးရှို့စက်မှ ထွက်ရှိတဲ့ ပြာများကို စနစ်တကျ မြုပ်နှံနိုင်တဲ့ကျင်းရှိရမှာ ဖြစ်ပါတယ်။ သို့ရာတွင် မီးပြင်းဖို(Incinerator)အသုံးပြု၍ ထွက်လာတဲ့အငွေ့များထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နဲ့ အငွေ့ပြန်ပစ္စည်းများ၊ အမှုန့်များသည် လေထုအတွင်း ပျံ့နှံ့ခြင်း၊၎င်းမီးရှို့စက်မှ ပြာများ ထွက်လာခြင်းစတဲ့ ပတ်ဝန်းကျင်ထိခိုက်မှုဆိုးကျိုးများရှိပါသဖြင့် မီးပြင်းဖို(Incinerator)အသုံးပြုမှုကို ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့အညီ အသုံးပြုရန် စီစဉ်နေလျက်ရှိပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖြကြေားသည်။
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခုတင်(၅၀၀)ဆံ့ စဝ်စံထွန်းဆေးရုံကြီးနှင့် ခုတင်(၂၀၀)ဆံ့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှာ စွန့်ပစ်ပစ္စည်းအတွက် မီးပြင်းဖို(Incinerator)တပ်ဆင်အသုံးပြုနပြေီး ဟိုပုံး၊ ဆီဆိုင်၊ ကလောနှင့် မိုင်းရှူးမြို့နယ်ဆေးရုံများတွင် တပ်ဆင်ထားသော်လည်း နိုင်ငံတကာ စံချိန်စံညွှန်များနှင့် ညီညွှတ်မှုမရှိခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိခြင်းတို့ကြောင့် ပုံမှန်အသုံးပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများကို နို်င်ငံတကာ စံချိန်စံညွှန်နှင့် အညီ ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ ကော်မတီများဖွဲ့၍ ဆောင်ရွက်နပြေီး လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း ဆေးရုံများတွင် သာမန်စွန့်ပစ်အမှိုက်၊သာမာန်အန္တရာယ်မရှိ ဆေးရုံစွန့်ပစ်ပစ္စည်းများကို လုံခြုံစိတ်ချရသည့် အမှိုက်ကျင်းတွင် စနစ်တကျမြမြေုပ်ခြင်း၊ ကူးစက်နိုင်သည့် ဆေးရုံစွန့်ပစ္စည်းများကို မစွန့်ပစ်မီ ပိုးသန့်စင်ခြင်း၊ ဓာတုဆေးစိမ့်ခြင်း၊ လုံခြုံစိတ်ချရတဲ့ စနစ်တကျ အမှိုက်ကျင်းမှာ မြမြှေုပ်ခြင်းနည်းကို အသုံးပြုနေသည့်အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပက်မြန်မာတို့ ပူးပေါင်းပြီး စူးရှချွန်ထက်တဲ့အရာများ စွန့်ပစ်ခြင်းဆိုင်ရာစီမံခန့်ခွဲခြင်း စံပြမြို့နယ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်များတွင် ၂၀၁၈ခုနှစ်မှစ၍ စူးရှချွန်ထက်တဲ့အရာများ မြှုပ်တဲ့ကာရံထားတဲ့ အမှိုက်ကျင်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းဆေးရုံများတွင် ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးနိုင်မည့် မီးပြင်းဖိုများတည်ဆောက်ပေးရန်ရှိ မရှိကို ၂၀၁၉ ခုနှစ် ဇွန်လ (၁၀)ရက်နေ့က ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော်တွင် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က မေးမြန်းခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖြကြေားခြင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - ရှမ်းပြည်နယ်လွှတ်တော်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net