
ဇှနျ 24, 2019
By 🌸



Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်တို့ တာချီလိတ်သို့ရောက်ရှိ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ် ဇွန်လ (၂၅)ရက်နှင့် (၂၆) ရက်နေ့များတွင် ကျင်းပမည့် ကလေးစာပေပွဲတော်သို့တက်ရောက်ရန်  နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်တို့ တာချီလိတ်လေဆိပ်သို့ ဇွန်လ (၂၄) ရက်နေ့ နေ့လည် (၁၁) နာရီတွင် ရောက်ရှိသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်တို့ တာချီလိတ်ဟိုတယ်တွင် ခေတ္တနားခိုပြီး ဝမ်ပုံဆိပ်ကမ်း၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) နှင့် အမှတ် (၂) တို့ကို သွားရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများက နိုင်ငံတော်သမ္မတဟောင်းနှင့် ပြန်ကြားရေးဝန်ကြီးတို့အား တာချီလိတ်လေဆိပ်တွင်ကြိုဆိုခဲ့ကြသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net