အာမခံကိစၥအတြက္ ေငြေတာင္းသည့္ မႏၱေလးမွ ရဲတပ္ဖြဲ႔၀င္(၂)ဦးအား ေထာင္ဒဏ္ (၁၀)ႏွစ္ထက္ မပိုေသာ ျပစ္ဒဏ္ခ်မွတ္ႏိုင္သည့္ အဂတိလိုက္စားမႈ ပုဒ္မျဖင့္ အမႈဖြင့္

အာမခံကိစၥအတြက္ ေငြေတာင္းသည့္ မႏၱေလးမွ ရဲတပ္ဖြဲ႔၀င္(၂)ဦးအား ေထာင္ဒဏ္ (၁၀)ႏွစ္ထက္ မပိုေသာ ျပစ္ဒဏ္ခ်မွတ္ႏိုင္သည့္ အဂတိလိုက္စားမႈ ပုဒ္မျဖင့္ အမႈဖြင့္
ဇွန် 14, 2019
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္(၃) နယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ေက်ာ္ႏိုင္ဦးႏွင့္ ရဲအုပ္ ေက်ာ္သူ (ယခု ကမၻာလွည့္ခရီးသြား လုံၿခဳံေရး ရဲတပ္ဖြဲ႕) တို႔အား ေထာင္ဒဏ္ (၁၀)ႏွစ္အထက္ မပိုေသာ ျပစ္ဒဏ္ခ်မွတ္ႏိုင္သည့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ ျဖင့္၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၄)ရက္ေန႔တြင္ အမႈဖြင့္လုိက္ေၾကာင္း  အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က သတင္းထုတ္ျပန္ထားရွိသည္။

အဆိုပါ ရဲစခန္းတြင္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၂၀ အရ ဖြင့္လွစ္သည့္အမႈအတြက္ ရဲစခန္းအာမခံ ရရွိရန္ ေငြက်ပ္ တစ္သိန္းခြဲ၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၆(ဂ)အရ ဖြင့္လွစ္သည့္ အမႈအတြက္ အာမခံ ရရွိရန္ ေငြက်ပ္ (၂၅)သိန္း၊ စုစုေပါင္း ေငြက်ပ္ ( ၂,၆၅၀,၀၀ဝ )ကို ေတာင္းယူခဲ့မႈကို စစ္ေဆးေပးရန္ အဂတိလုိက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္ထံ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္(၃) နယ္ေျမ ရဲစခန္းမွ ဒုရဲအုပ္ ေက်ာ္ႏိုင္ဦးသည္ (ပ)၅၁၀/၂၀၁၈ အမႈႏွင့္ပတ္သက္၍ တရားခံထံမွ ရဲစခန္း အာမခံကိစၥေဆာင္႐ြက္ရာတြင္ အမႈစစ္၊ စခန္းမွဴး၊ ၿမိဳ႕နယ္မွဴးတို႔ကို လက္ဘက္ရည္ဖိုး ေပးရန္အတြက္ ေငြက်ပ္ (၅၀,၀၀ဝ) စီပါ စာအိတ္ (၃)အိတ္ စုစုေပါင္း ေငြက်ပ္ တစ္သိန္းခြဲကို ေတာင္းခံရယူခဲ့ျခင္းႏွင့္ စခန္းမွဴး ရဲအုပ္ေက်ာ္သူသည္ (ပ)၆၅၈/ ၂၀၁၈၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဂ) အမႈႏွင့္ပတ္သက္၍ အာမခံေပးရန္အတြက္ တရားခံ၏ အကူအညီေတာင္းခံမႈအေပၚ သေဘာတူညီမႈရယူခဲ့ၿပီး ေငြက်ပ္(၂၅)သိန္းကို လက္ခံရ ယူခဲ့ျခင္း၊ အဆိုပါ အမႈပိတ္သိမ္းႏိုင္ေရးအတြက္ ေငြက်ပ္ သိန္း(၁၀၀) ေတာင္းခံ ရယူရန္ အားထုတ္ခဲ့ျခင္းတို႔သည္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု သိရသည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒကို စတုတၳအႀကိမ္ျပင္ဆင္သည့္ ဥပေဒတြင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ သည္ ႏိုင္ငံေရးရာထူး လက္ရွိျဖစ္သူမွအပ အျခားလုပ္ပိုင္ခြင့္ အာဏာရွိသူ သို႔မဟုတ္ လုပ္ပိုင္ခြင့္အာဏာရွိစဥ္က မည္သူမဆို အဂတိလိုက္စားမႈက်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္း ခံရလွ်င္ ထိုသူကို တစ္ဆယ္ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္ ဟု ျပ႒ာန္းထားရွိသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်ဦးနှင့် ရဲအုပ် ကျော်သူ (ယခု ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့) တို့အား ထောင်ဒဏ် (၁၀)နှစ်အထက် မပိုသော ပြစ်ဒဏ်ချမှတ်နိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့်၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့တွင် အမှုဖွင့်လိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားရှိသည်။

အဆိုပါ ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ အရ ဖွင့်လှစ်သည့်အမှုအတွက် ရဲစခန်းအာမခံ ရရှိရန် ငွေကျပ် တစ်သိန်းခွဲ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဂ)အရ ဖွင့်လှစ်သည့် အမှုအတွက် အာမခံ ရရှိရန် ငွေကျပ် (၂၅)သိန်း၊ စုစုပေါင်း ငွေကျပ် ( ၂,၆၅၀,ဝဝဝ )ကို တောင်းယူခဲ့မှုကို စစ်ဆေးပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်ဦးသည် (ပ)၅၁၀/၂၀၁၈ အမှုနှင့်ပတ်သက်၍ တရားခံထံမှ ရဲစခန်း အာမခံကိစ္စဆောင်ရွက်ရာတွင် အမှုစစ်၊ စခန်းမှူး၊ မြို့နယ်မှူးတို့ကို လက်ဘက်ရည်ဖိုး ပေးရန်အတွက် ငွေကျပ် (၅၀,ဝဝဝ) စီပါ စာအိတ် (၃)အိတ် စုစုပေါင်း ငွေကျပ် တစ်သိန်းခွဲကို တောင်းခံရယူခဲ့ခြင်းနှင့် စခန်းမှူး ရဲအုပ်ကျော်သူသည် (ပ)၆၅၈/ ၂၀၁၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဂ) အမှုနှင့်ပတ်သက်၍ အာမခံပေးရန်အတွက် တရားခံ၏ အကူအညီတောင်းခံမှုအပေါ် သဘောတူညီမှုရယူခဲ့ပြီး ငွေကျပ်(၂၅)သိန်းကို လက်ခံရ ယူခဲ့ခြင်း၊ အဆိုပါ အမှုပိတ်သိမ်းနိုင်ရေးအတွက် ငွေကျပ် သိန်း(၁၀၀) တောင်းခံ ရယူရန် အားထုတ်ခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို တစ်ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားရှိသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net