ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔အထိမ္းမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အပင္ေပါင္း (၇,၀၀၀) ေက်ာ္စိုက္ပ်ိဳး

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔အထိမ္းမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အပင္ေပါင္း (၇,၀၀၀) ေက်ာ္စိုက္ပ်ိဳး
ဇွန် 19, 2019
By Tachileik News Agency

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ (၇၄) ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေနရာ (၃) ခုတြင္ အပင္ေပါင္း (၇,၀၀၀) ေက်ာ္ကို ၂၀၁၉ ခုႏွစ္ ဇြန္လ (၁၉) ရက္ေန႔ နံနက္က ဌာနဆုိင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ေဒသခံမ်ား ပူးေပါင္းပါဝင္ စိုက္ပ်ိဳးၾကသည္။

"ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ (၇၄) ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္မွာ တာခ်ီလိတ္ၿမို႕မွာ တစ္ၿမိဳ႕နယ္လံုး ကၽြန္ေတာ္တို႔ ေက်းရြာအုပ္စုအလိုက္ တာေလ၊ က်ိဳင္းလပ္ပါ အပါေပါ့။ ဒီေန႔အပင္စစိုက္ၾကၿပီေပါ့။ တစ္ၿမိဳ႕နယ္လံုးအတိုင္းအတာနဲ႔ဆို အပင္ေပါင္း (၇၈,၀၀၀) ျဖစ္ပါတယ္။ ကၽြန္ေတာ္က ဒီေနရာမွာ တာဝန္က်တာေပါ့။ သစ္ေတာနဲ႔ပူးေပါင္းၿပီး လြန္းက်ိဳင္းေက်းရြာေပါ့။ မိုင္းဖုန္းဆရာေတာ္ဘုရားႀကီးရဲ႕ သာသနာ့နယ္ေျမထဲမွာ ကၽြန္ေတာ္တို႔ အပင္ (၆,၀၀၀) စိုက္မွာျဖစ္ပါတယ္ဗ်"ဟု တာခ်ီလိတ္ၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္း(ခ) ေက်းရြာအုပ္စု လြန္းက်ိဳင္းေက်းရြာတြင္ ခရိုင္/ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ခရိုင္/ၿမိဳ႕နယ္သစ္ေတာဦးစီးဌာန၊  ခရိုင္ရဲတပ္ဖြဲ႔မွဴးရံုး၊ လူကုန္တားရဲတပ္ဖြဲ႕ႏွင့္ ဌာနဆိုင္ရာမ်ား၊ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားႏွင့္ ရပ္ရြာသားမ်ားစုေပါင္းၿပီး ကၽြန္း၊ မန္ဂ်န္ရွား၊ မယ္ဇလီစသည့္ အရိပ္ရပင္ေပါင္း (၆,၀၀၀)၊ မိုင္းဖုန္း(ခ)အုပ္စု လြယ္ယြန္းေစတီေတာ္တြင္ သစ္ေတာဦးစီးဌာနႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔ ပူးေပါင္းၿပီး စိန္ပန္း၊ ခေရ၊ ကြ်န္း၊ မေဟာဂနီ၊ ေရမေန၊ ငုေရႊဝါ အပအင္ (၇၅) ပင္ႏွင့္ ၿပီးခဲ့သည့္ႏွစ္က အပင္စိုက္ပ်ိဳးထားသည့္ေနရာမ်ားတြင္ ေပါင္းျမက္ရွင္းလင္းျခင္း၊ ၀မ္လံုးေက်းရြာအုပ္စု၊ ပံုလို႔(ၿမိဳ႕မ)သုသာန္သစ္သြားရာ လမ္းမႀကီး ၀ဲ၊ ယာတြင္ စုေပါင္းကာ စိန္ပန္း၊ ကံ့ေကာ္၊ ခေရ၊ ငုနွင့္ ပိေတာက္ အပင္ (၁,၁၀၀) ကို စိုက္ပ်ိဳးခဲ့ေၾကာင္း သိရသည္။

"သတၱဳကုမၸဏီေတြကေတာ့ ကၽြန္ေတာ္တို႔ဆီမွာ (၂၀) ရိွပါတယ္။ သူတို႔ေတြကို ျပည္နယ္သယံဇာတနဲ႔ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးရဲ႕ လမ္းညႊန္ခ်က္အတိုင္း (၁) ရြာကို ကုမၸဏီ (၁) ခုစီေပါ့ တာ၀န္ေပးၿပီးေတာ့ ကုမၸဏီေတြကလည္း မေန႔ကတည္းကႀကိဳတင္ျပင္ဆင္ၿပီး ဒီေန႔အၿပီးသတ္စိုက္ေနပါၿပီ။ ကုမၸဏီအေနနဲ႔စိုက္တာေတာ့ ရြာ (၂၀) ေပါ့။ ၿမိဳ႕နယ္ေတြနဲ႔ ဌာနဆိုင္ရာေတြနဲ႔ ရပ္ေက်းေတြကေတာ့ ကိုယ့္ေက်းရြာအုပ္စုအလိုက္ အားလံုး၀ိုင္းၿပီးေတာ့ စိုက္ပ်ိဳးၾကတာျဖစ္ပါတယ္။ လာမယ့္ (၇) လပိုင္း (၆) ရက္ေန႔ ပထမပတ္ရဲ႕ စေနေန႔မွာလည္း ဒီေန႔မွာက်န္ရိွတဲ့သစ္ပင္ေတြကို စိုက္ပ်ိဳးမွာ ျဖစ္ပါတယ္"ဟု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက ဆိုသည္။

သတၱဳကုမၸဏီမ်ားအေနျဖင့္ ၂၀၁၉ ခုႏွစ္ ဇြန္လ (၁၈) ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕နယ္ တာေလၿမို႕ႏွင့္ က်ိဳင္းလပ္ၿမိဳ႕တို႔ရိွ ေက်းရြာမ်ားတြင္ ၾကက္ေမာက္၊ မယ္ဇလီ၊ သေဘၤာတယ္၊ မယ္ဇယ္၊ ယူကလစ္၊ Vetiver Grass၊ ကၽြန္း၊ ပိေတာက္ အပင္ (၁၂၆၀၀) စိုက္ပ်ိဳးခဲ့ၿပီး ဇြန္လ (၁၉) ရက္ေန႔တြင္ ေက်းရြာ (၅) ရြာ၌ အပင္ (၃၄၈၀) ကို စိုက္ပ်ိဳးခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ San Thein၊ Oake Hla Ngel


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ်အတွင်း နေရာ (၃) ခုတွင် အပင်ပေါင်း (၇,ဝဝဝ) ကျော်ကို ၂၀၁၉ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ နံနက်က ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံများ ပူးပေါင်းပါဝင် စိုက်ပျိုးကြသည်။

"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်မှာ တာချီလိတ်မြို့မှာ တစ်မြို့နယ်လုံး ကျွန်တော်တို့ ကျေးရွာအုပ်စုအလိုက် တာလေ၊ ကျိုင်းလပ်ပါ အပါပေါ့။ ဒီနေ့အပင်စစိုက်ကြပြီပေါ့။ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ဆို အပင်ပေါင်း (၇၈,ဝဝဝ) ဖြစ်ပါတယ်။ ကျွန်တော်က ဒီနေရာမှာ တာဝန်ကျတာပေါ့။ သစ်တောနဲ့ပူးပေါင်းပြီး လွန်းကျိုင်းကျေးရွာပေါ့။ မိုင်းဖုန်းဆရာတော်ဘုရားကြီးရဲ့ သာသနာ့နယ်မြေထဲမှာ ကျွန်တော်တို့ အပင် (၆,ဝဝဝ) စိုက်မှာဖြစ်ပါတယ်ဗျ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု လွန်းကျိုင်းကျေးရွာတွင် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ လူကုန်တားရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ရပ်ရွာသားများစုပေါင်းပြီး ကျွန်း၊ မန်ဂျန်ရှား၊ မယ်ဇလီစသည့် အရိပ်ရပင်ပေါင်း (၆,ဝဝဝ)၊ မိုင်းဖုန်း(ခ)အုပ်စု လွယ်ယွန်းစေတီတော်တွင် သစ်တောဦးစီးဌာနနှင့် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး စိန်ပန်း၊ ခရေ၊ ကျွန်း၊ မဟောဂနီ၊ ရေမနေ၊ ငုရွှေဝါ အပအင် (၇၅) ပင်နှင့် ပြီးခဲ့သည့်နှစ်က အပင်စိုက်ပျိုးထားသည့်နေရာများတွင် ပေါင်းမြက်ရှင်းလင်းခြင်း၊ ဝမ်လုံးကျေးရွာအုပ်စု၊ ပုံလို့(မြို့မ)သုသာန်သစ်သွားရာ လမ်းမကြီး ဝဲ၊ ယာတွင် စုပေါင်းကာ စိန်ပန်း၊ ကံ့ကော်၊ ခရေ၊ ငုနှင့် ပိတောက် အပင် (၁,၁၀၀) ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

"သတ္တုကုမ္ပဏီတွေကတော့ ကျွန်တော်တို့ဆီမှာ (၂၀) ရှိပါတယ်။ သူတို့တွေကို ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးရဲ့ လမ်းညွှန်ချက်အတိုင်း (၁) ရွာကို ကုမ္ပဏီ (၁) ခုစီပေါ့ တာဝန်ပေးပြီးတော့ ကုမ္ပဏီတွေကလည်း မနေ့ကတည်းကကြိုတင်ပြင်ဆင်ပြီး ဒီနေ့အပြီးသတ်စိုက်နေပါပြီ။ ကုမ္ပဏီအနေနဲ့စိုက်တာတော့ ရွာ (၂၀) ပေါ့။ မြို့နယ်တွေနဲ့ ဌာနဆိုင်ရာတွေနဲ့ ရပ်ကျေးတွေကတော့ ကိုယ့်ကျေးရွာအုပ်စုအလိုက် အားလုံးဝိုင်းပြီးတော့ စိုက်ပျိုးကြတာဖြစ်ပါတယ်။ လာမယ့် (၇) လပိုင်း (၆) ရက်နေ့ ပထမပတ်ရဲ့ စနေနေ့မှာလည်း ဒီနေ့မှာကျန်ရှိတဲ့သစ်ပင်တွေကို စိုက်ပျိုးမှာ ဖြစ်ပါတယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ဆိုသည်။

သတ္တုကုမ္ပဏီများအနဖြေင့် ၂၀၁၉ ခုနှစ် ဇွန်လ (၁၈) ရက်နေ့တွင် တာချီလိတ်မြို့နယ် တာလမြေို့နှင့် ကျိုင်းလပ်မြို့တို့ရှိ ကျေးရွာများတွင် ကြက်မောက်၊ မယ်ဇလီ၊ သင်္ဘောတယ်၊ မယ်ဇယ်၊ ယူကလစ်၊ Vetiver Grass၊ ကျွန်း၊ ပိတောက် အပင် (၁၂၆၀၀) စိုက်ပျိုးခဲ့ပြီး ဇွန်လ (၁၉) ရက်နေ့တွင် ကျေးရွာ (၅) ရွာ၌ အပင် (၃၄၈၀) ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ဟန်စိုးထိုက်၊ San Thein၊ Oake Hla Ngel

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net