မေလးရွားသို႔ ခုိးဝင္ရန္ ထုိင္းႏုိင္ငံေတာထဲတြင္ (၅)ရက္ၾကာအစာမစားရဘဲ ပုန္းေအာင္းေနသည့္ ျမန္မာ (၂၇)ဦးကို လူကုန္ကူးသူႏွင့္အတူ ဖမ္းဆီးရမိ

မေလးရွားသို႔ ခုိးဝင္ရန္ ထုိင္းႏုိင္ငံေတာထဲတြင္ (၅)ရက္ၾကာအစာမစားရဘဲ ပုန္းေအာင္းေနသည့္ ျမန္မာ (၂၇)ဦးကို လူကုန္ကူးသူႏွင့္အတူ ဖမ္းဆီးရမိ
မေ 12, 2019
By 🌸
မေလးရွားသို႔ ခိုးဝင္ရန္အတြက္ ထုိင္းႏုိင္ငံ၊ ဟတ္ရိုင္ေဂါက္ကြင္းအနီးေတာထဲတြင္ (၅)ရက္ၾကာအစာမစားရဘဲ ပုန္းေအာင္းေနခဲ့သည့္ တရားမဝင္ ျမန္မာလုပ္သား (၂၇)ဦးနွင့္ လူကုန္ကူးသူဟုသံသယရိွသူတစ္ဦးတုိ႔ကို  ၂၀၁၉ ခုႏွစ္၊ ေမလ (၁၁)ရက္ေန႔က ဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

ထုိင္းလူကုန္ကူးမႈတားဆီးေရးရဲတပ္ဖြဲ႕၊ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ စစ္တပ္တုိ႔ပူးေပါင္းပါဝင္သည့္အဖြဲ႕က ေမလ (၁၁)ရက္ေန႔ နံနက္အေစာပိုင္းတြင္  ဖမ္းဆီးမိျခင္းျဖစ္ေၾကာင္း သိရသည္။

လူကုန္ကူးသူက ပုန္းေအာင္းေနသည့္လုပ္သားမ်ား ေတာထဲမွထြက္လာရန္ လက္ေဝွ႕ယမ္း၍ အခ်က္ျပလုိက္ရာ ပုန္းေအာင္းေနသူမ်ားက ရဲတပ္ဖြဲ႕ကို သတိမထားမိဘဲ ထြက္လာခဲ့ၾကၿပီးေနာက္ အားလံုးကိုဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသား (၂၇)ဦးကို မေလးရွားသို႔ ပို႔ေဆာင္ေပးရန္အတြက္ လူကုန္ကူးသည့္အဖြဲ႕က ရန္ကုန္မွ ထုိင္းႏိုင္ငံတြင္း ရေနာင္းနယ္စပ္မွ ခရီးသည္တင္ယာဥ္လုိင္းျဖင့္ ေခၚေဆာင္လာခဲ့ၿပီးေနာက္ ထရပ္ကားတစ္စီးျဖင့္ ယခုပုန္းေအာင္းေနသည့္ေနရာသို႔ ပို႔ေဆာင္ခဲ့ကာ ပုန္းေအာင္းေနေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာလုပ္သားမ်ားမွာ ေတာထဲတြင္ တိတ္ဆိတ္စြာ ပုန္းေအာင္းေနခဲ့ရၿပီး လာမေခၚမီ (၅)ရက္ခန္႔အလိုကတည္းက ေရမွလြဲ၍ အစားအစာမရိွဘဲ ပုန္းေအာင္းေနခဲ့ၾကရျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာ (၂၇)ဦးမွာ ႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္မႈျဖင့္အေရးယူခံရမည္ျဖစ္ၿပီး ေနရပ္ျပန္ပို႔မည္ျဖစ္ေၾကာင္း သိရသည္။

လူကုန္ကူးသူ၏အမည္ကို ရဲတပ္ဖြဲ႕က ထုတ္ေဖၚျခင္းမရိွေသးဘဲ အမႈကြင္းဆက္ ေဖၚထုတ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မလေးရှားသို့ ခိုးဝင်ရန် ထိုင်းနိုင်ငံတောထဲတွင် (၅)ရက်ကြာအစာမစားရဘဲ ပုန်းအောင်းနေသည့် မြန်မာ (၂၇)ဦးကို လူကုန်ကူးသူနှင့်အတူ ဖမ်းဆီးရမိ
***********
မလေးရှားသို့ ခိုးဝင်ရန်အတွက် ထိုင်းနိုင်ငံ၊ ဟတ်ရိုင်ဂေါက်ကွင်းအနီးတောထဲတွင် (၅)ရက်ကြာအစာမစားရဘဲ ပုန်းအောင်းနေခဲ့သည့် တရားမဝင် မြန်မာလုပ်သား (၂၇)ဦးနှင့် လူကုန်ကူးသူဟုသံသယရှိသူတစ်ဦးတို့ကို  ၂၀၁၉ ခုနှစ်၊ မေလ (၁၁)ရက်နေ့က ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ထိုင်းလူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်တပ်တို့ပူးပေါင်းပါဝင်သည့်အဖွဲ့က မေလ (၁၁)ရက်နေ့ နံနက်အစောပိုင်းတွင်  ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။

လူကုန်ကူးသူက ပုန်းအောင်းနေသည့်လုပ်သားများ တောထဲမှထွက်လာရန် လက်ဝှေ့ယမ်း၍ အချက်ပြလိုက်ရာ ပုန်းအောင်းနေသူများက ရဲတပ်ဖွဲ့ကို သတိမထားမိဘဲ ထွက်လာခဲ့ကြပြီးနောက် အားလုံးကိုဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသား (၂၇)ဦးကို မလေးရှားသို့ ပို့ဆောင်ပေးရန်အတွက် လူကုန်ကူးသည့်အဖွဲ့က ရန်ကုန်မှ ထိုင်းနိုင်ငံတွင်း ရနောင်းနယ်စပ်မှ ခရီးသည်တင်ယာဉ်လိုင်းဖြင့် ခေါ်ဆောင်လာခဲ့ပြီးနောက် ထရပ်ကားတစ်စီးဖြင့် ယခုပုန်းအောင်းနေသည့်နေရာသို့ ပို့ဆောင်ခဲ့ကာ ပုန်းအောင်းနေစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သားများမှာ တောထဲတွင် တိတ်ဆိတ်စွာ ပုန်းအောင်းနေခဲ့ရပြီး လာမခေါ်မီ (၅)ရက်ခန့်အလိုကတည်းက ရေမှလွဲ၍ အစားအစာမရှိဘဲ ပုန်းအောင်းနေခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ (၂၇)ဦးမှာ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့်အရေးယူခံရမည်ဖြစ်ပြီး နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။

လူကုန်ကူးသူ၏အမည်ကို ရဲတပ်ဖွဲ့က ထုတ်ဖေါ်ခြင်းမရှိသေးဘဲ အမှုကွင်းဆက် ဖေါ်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net